ဘောလုံးအကယ်ဒမီအတွက် ရွေးချယ်ခံရသည့် တာချီလိတ်မှ လူငယ်(၄)ဦးအား Tachileik Old Star အဖွဲ့မှ ဂုဏ်ပြုဆုငွေ ချီးမြှင့်

ဘောလုံးအကယ်ဒမီအတွက် ရွေးချယ်ခံရသည့် တာချီလိတ်မှ လူငယ်(၄)ဦးအား Tachileik Old Star အဖွဲ့မှ ဂုဏ်ပြုဆုငွေ ချီးမြှင့်
မေ 22, 2017
By Tachileik News Agency


ရွေးချယ်ခံရသည့် လူငယ်များမှာ မောင်ချီးမူ၊ မောင်ကျော်လင်းဝေ၊ မောင်နေကိုဟိန်း နှင့် မောင်ရှိုင်းဝဏ္ဏအောင်တို့ ဖြစ်ပြီး ၎င်းတို့အား တာချီလိတ်မြို့နယ် လူငယ်အားကစားဖွံ့ဖြိုး တိုးတက်ရေးကူညီမှုအသင်း ( Tachileik Old Star ) ဥက္ကဌ ဦးစိန်လွင် အပါအ၀င် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေ စုစုပေါင်း ကျပ်(၇)သိန်းအား ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်မှ ဖွင့်လှစ်မည့် ဘောလုံးအကယ်ဒမီများတွင် နောက်ဆုံးအဆင့်အနေဖြင့် ကျန်းမာရေး စစ်ဆေးမှု အောင်မြင်ပါက တက်ခွင့်ရှိသွားမှာ ဖြစ်ပြီး ၎င်းတို့သည် အုပ်ထိန်းသူများ နည်းပြများဖြင့် မေလ(၂၅)ရက်နေ့ သင်တန်းကျောင်းအရောက် သွားရောက်ရမည်ဖြစ်ကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဘောလုံးအကယ်ဒမီများတွင် ယခုနှစ်အတွက် ရှမ်းပြည်နယ် အရှေ့ပိုင်းတစ်ခုလုံးမှ ရွေးချယ်ခံရသည့် တာချီလိတ်မှ လူငယ်(၄)ဦးအား တာချီလိတ်မြို့နယ် လူငယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကူညီမှုအသင်း( ( Tachileik Old Star )မှ ဂုဏ်ပြုငွေ ပေးအပ်ပွဲ အခမ်းအနားကို မေလ(၂၂)ရက်နေ့ နေ့လယ်ပိုင်းက တာချီလိတ်မြို့နယ် အား/ကာရုံးတွင် ကျင်းပ ပြုလုပ်ကြောင်း သိရသည်။

ရွေးချယ်ခံရသည့် လူငယ်များမှာ မောင်ချီးမူ၊ မောင်ကျော်လင်းေဝ၊ မောင်နေကိုဟိန်း နှင့် မောင်ရှိုင်းဝဏ္ဏအောင်တို့ ဖြစ်ပြီး၎င်းတို့အား တာချီလိတ်မြို့နယ် လူငယ်အားကစားဖွံ့ဖြိုး တိုးတက်ရေးကူညီမှုအသင်း ( Tachileik Old Star ) ဥက္ကဌ ဦးစိန်လွင် အပါအဝင် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေ စုစုပေါင်း ကျပ်(၇)သိန်းအား ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဖွင့်လှစ်မည့် ဘောလုံးအကယ်ဒမီများတွင် နောက်ဆုံးအဆင့်အနဖြေင့် ကျန်းမာရေး စစ်ဆေးမှု အောင်မြင်ပါက တက်ခွင့်ရှိသွားမှာ ဖြစ်ပြီး၎င်းတို့သည် အုပ်ထိန်းသူများ နည်းပြများဖြင့် မေလ(၂၅)ရက်နေ့ သင်တန်းကျောင်းအရောက် သွားရောက်ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဖွင့်လှစ်မည့် ဘောလုံးအကယ်ဒမီများတွင် ပညာသင်ကြားခွင့် ရရှိရန် ရွေးချယ်ခံရသူများအနက် ရှမ်းပြည်နယ် တာချီလိတ်မြို့မှ (၄)ဦး၊ တောင်ကြီးမြို့မှ (၂)ဦးနှင့် လားရှိုးမြို့မှ (၁)ဦးတို့ ပါဝင်ခြင်းဖြစ်ကြောင်း နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တာချီလိတ်မြို့က ရှမ်းအရှေ့ဂုဏ်ဆောင်အဖြစ် ရွေးချယ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~