ေတာင္ႀကီးၿမိဳ႕တြင္ ကေလးစာေပပြဲေတာ္ (၃)ရက္ၾကာ က်င္းပမည္

ေတာင္ႀကီးၿမိဳ႕တြင္ ကေလးစာေပပြဲေတာ္ (၃)ရက္ၾကာ က်င္းပမည္
မေ 8, 2017
By Tachileik News Agency

ျပန္ၾကားေရး၀န္ႀကီးဌာန၊ ပညာေရး၀န္ႀကီးဌာနႏွင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕တို႔ပူးေပါင္း၍ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕တြင္ ကေလးစာေပပြဲေတာ္အား ဇြန္လ (၂)ရက္ေန႔မွ (၄)ရက္ေန႔အထိ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

“ကေလးေတြဟာ ေနာင္အနာဂတ္မွာ ႏိုင္ငံေတာ္ရဲ႕တာ၀န္ကို အကုန္လံုးယူၿပီးေတာ့ တာ၀န္ ထမ္းေဆာင္ၾကမယ့္ ကေလးငယ္ေတြ အားလံုးအနာဂတ္ ေခါင္းေဆာင္ေကာင္းေတြ ျဖစ္လာဖို႔ပါ။ ကေလးငယ္ေတြဟာ စာေပနဲ႔ အနီးစပ္ဆံုး ထိေတြ႔နိုင္ေအာင္ ရင္းႏွီးေအာင္ ေနာင္တစ္ခ်ိန္မွာ အနာဂတ္ အတြက္ ဦးစားေပးရည္ရြယ္ထားပါတယ္။ ရွမ္းျပည္မွာရွိတဲ့ ကေလးေက်ာင္းသားမိဘေတြ အားလံုးလာေရာက္ျပီး မည္သူမဆို ေပ်ာ္ရႊင္ဆင္ႏြႊဲဖို႕ ကၽြန္ေတာ္တို႕ဖိတ္ေခၚပါတယ္” ဟု ရွမ္းျပည္နယ္ျပန္ၾကားေရးႏွင့္ ျပည္သူ႕ဆက္ဆံေရးဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးစုိးညြန္႔ေရႊက ေျပာသည္။

အဆိုပါ ကေလးစာေပပြဲေတာ္တြင္ ကဗ်ာရြတ္ ၿပိဳင္ပြဲ က်ပန္းစကားေျပာၿပိဳင္ပြဲ ၊ ပံုေျပာၿပိဳင္ပြဲ၊ အရုပ္ဆက္ၿပိဳင္ပြဲ၊ စကၠဴေခါက္ၿပိဳင္ပြဲ၊ ေဆးေရာင္ျခယ္ၿပိဳင္ပြဲျဖစ္ၿပီး ကေလးမ်ားအတြက္ ဂိမ္းကစားနည္း( ၁၀ )မ်ဳိးလည္း ပါဝင္ေၾကာင္း သိရသည္။

“ကေလးေတြအတြက္ ေဆြးေႏြးမႈအပိုင္းမွာက စာေရးဆရာႀကီးေတြနဲ႔ တက္ေရာက္လာတဲ့သူေတြအကုန္လံုး ေဆြးေႏြးၾကမယ္။ ညေနပိုင္းအခ်ိန္ကို စာၾကည့္တိုက္ ေဆြးေႏြးပြဲျပဳလုပ္ေပးမွာပါ။ ရွမ္းျပည္မွာ က်င္းပတယ္ဆိုေတာ့ ရွမ္းျပည္အတြင္းမွာရွိတဲ့ ေနရာေတြအကုန္လံုး လာေရာက္ၾကဖို႕ ေၾကညာေပးသြားမွာပါ။ ကေလးေတြကို အသက္အရြယ္နဲ႔ ကန္႔သတ္ထားတာ မရွိပါဘူး။ မည္သူမဆို ကေလးအရြယ္မွန္သမွ် လာေရာက္နိုင္ပါတယ္” ဟု ၎က ေျပာသည္။

အဆိုပါပြဲတြင္ အေျခခံပညာေက်ာင္းမွ ျပခန္း (၆) ခန္းႏွင့္ ေနျပည္ေတာ္အဖြဲ႕မွ (၃) ခန္း ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

ကေလးစာေပပြဲေတာ္ကို ေနျပည္ေတာ္၊ မႏၱေလး၊ ေမာ္လၿမိဳင္တို႔တြင္ ျပဳလုပ္ခဲ့ကာ ေတာင္ႀကီးတြင္ က်င္းပၿပီးေနာက္ မံုရြာ၊ ပုသိမ္တို႔တြင္ ဆက္လက္က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ကလေးစာပေပွဲတော်အား ဇွန်လ (၂)ရက်နေ့မှ (၄)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“ကလေးတွေဟာ နောင်အနာဂတ်မှာ နိုင်ငံတော်ရဲ့တာဝန်ကို အကုန်လုံးယူပြီးတော့ တာဝန် ထမ်းဆောင်ကြမယ့် ကလေးငယ်တွေ အားလုံးအနာဂတ် ခေါင်းဆောင်ကောင်းတွေ ဖြစ်လာဖို့ပါ။ ကလေးငယ်တွေဟာ စာပေနဲ့ အနီးစပ်ဆုံး ထိတွေ့နိုင်အောင် ရင်းနှီးအောင် နောင်တစ်ချိန်မှာ အနာဂတ် အတွက် ဦးစားပေးရည်ရွယ်ထားပါတယ်။ ရှမ်းပြည်မှာရှိတဲ့ ကလေးကျောင်းသားမိဘတွေ အားလုံးလာရောက်ပြီး မည်သူမဆို ပျော်ရွှင်ဆင်နွှဲဖို့ ကျွန်တော်တို့ဖိတ်ခေါ်ပါတယ်” ဟု ရှမ်းပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေက ပြောသည်။

အဆိုပါ ကလေးစာပေပွဲတော်တွင် ကဗျာရွတ် ပြိုင်ပွဲ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲဖြစ်ပြီး ကလေးများအတွက် ဂိမ်းကစားနည်း( ၁၀ )မျိုးလည်း ပါဝင်ကြောင်း သိရသည်။

“ကလေးတွေအတွက် ဆွေးနွေးမှုအပိုင်းမှာက စာရေးဆရာကြီးတွေနဲ့ တက်ရောက်လာတဲ့သူတွေအကုန်လုံး ဆွေးနွေးကြမယ်။ ညနေပိုင်းအချိန်ကို စာကြည့်တိုက် ဆွေးနွေးပွဲပြုလုပ်ပေးမှာပါ။ ရှမ်းပြည်မှာ ကျင်းပတယ်ဆိုတော့ ရှမ်းပြည်အတွင်းမှာရှိတဲ့ နေရာတွေအကုန်လုံး လာရောက်ကြဖို့ ကြေညာပေးသွားမှာပါ။ ကလေးတွေကို အသက်အရွယ်နဲ့ ကန့်သတ်ထားတာ မရှိပါဘူး။ မည်သူမဆို ကလေးအရွယ်မှန်သမျှ လာရောက်နိုင်ပါတယ်” ဟု၎င်းက ပြောသည်။

အဆိုပါပွဲတွင် အခြေခံပညာကျောင်းမှ ပြခန်း (၆) ခန်းနှင့် နပြေည်တော်အဖွဲ့မှ (၃) ခန်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ကလေးစာပေပွဲတော်ကို နပြေည်တော်၊ မန္တလေး၊ မော်လမြိုင်တို့တွင် ပြုလုပ်ခဲ့ကာ တောင်ကြီးတွင် ကျင်းပပြီးနောက် မုံရွာ၊ ပုသိမ်တို့တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~