ေက်ာက္မဲၿမိဳ႕အဝင္လမ္း တိုးခ်ဲ႕ေရး တုိင္းတာတြက္ခ်က္မႈ စတင္

ေက်ာက္မဲၿမိဳ႕အဝင္လမ္း တိုးခ်ဲ႕ေရး တုိင္းတာတြက္ခ်က္မႈ စတင္
မေ 23, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ ျပည္ေထာင္စုလမ္းမႀကီးမွ ၿမိဳ႕တြင္းအဝင္လမ္း တိုးခ်ဲ႕ေရးအတြက္ တိုင္းတာတြက္ခ်က္ျခင္းကို Oriental Highway Co.ltd မွ ေမလ (၂၃) ရက္ နံနက္ပိုင္းက စတင္ျပဳလုပ္ေနေၾကာင္း သိရသည္။

“အဓိကကေတာ့ ယာဥ္အႏၱရာယ္ လမ္းအႏၱရာယ္ေလ်ာ့နည္းေစဖို႔အတြက္ ရည္ရြယ္ၿပီးေတာ့ လုပ္ေပးမွာ ျဖစ္ပါတယ္။ ျပည္ေထာင္စုလမ္းမႀကီးနဲ႔ ေက်ာက္မဲၿမိဳ႕အဝင္ ပင္လံုလမ္း ဆံုတဲ့ေနရာမွာ ဟိုဘက္ဒီဘက္ လမ္းျမင္ကြင္းကြယ္ေနတဲ့အတြက္ အဲဒါေတြကို ရွင္းရွင္းလင္းလင္းျဖစ္သြားေအာင္ ၿမိဳ႕နယ္ စည္ပင္သာယာေရး ဌာန၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးဌာနေတြနဲ႔ ညႇိႏႈိင္းတိုင္ပင္ၿပီးေတာ့ ကြ်န္ေတာ္တို႔က လုပ္ေပးမွာ ျဖစ္ပါတယ္”ဟု လမ္းခ်ဲ႕ထြင္ျခင္းအား အခမဲ့လုပ္ေဆာင္ေပးမည့္ Oriental Highway Co.ltd မွ စီမံကိန္းမန္ေနဂ်ာ ဦးသက္ေဆြ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လမ္းခ်ဲ႕ထြင္မည့္ ေနရာအား ေက်ာက္မဲၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၊ ၿမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီ၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ဦးစီးဌာန၊ ၿမိဳ႕နယ္လမ္းဦးစီးဌာနတို႔ႏွင့္ Oriental Highway Co.ltd မွ တိုင္းတာေရးအဖြဲ႔မ်ားမွ ေျမျပင္တိုင္းတာမႈမ်ားအား ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သူတို႔တိုင္းတာၿပီးရထားတဲ့ ခ်ဲ႕ထြင္မယ့္ ပံုစံရလာၿပီးမွ အဲ့ဒီပံုစံကို ၿမိဳ႕မိၿမိဳ႕ဖေတြ သက္ဆိုင္ရာဌာနေတြနဲ႔ ေဆြးေႏြး ညိွႏိႈ္င္းမယ္။ အဆင္ေျပတယ္ သေဘာတူတယ္ဆိုရင္ လမ္းခ်ဲ႕ဖို႔အတြက္ စတင္လုပ္ေဆာင္မွာ ျဖစ္ပါတယ္။ ဘယ္ကေန ဘယ္အထိ ခ်ဲ႕မယ္ ဘာေတြဖယ္ရမယ္ဆိုတာ အဲဒီပံုစံရမွေသခ်ာေျပာႏိုင္မွာပါ”ဟု ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးျမတ္ခန္႔ေအးက ေျပာသည္။

လတ္တေလာ တိုင္းတာထားသည့္ အေနအထားအား Oriental Highway Co.ltd မွ ေမလ (၂၄) ရက္ေန႔တြင္ ပံုစံထုတ္ေပးမည္ျဖစ္ၿပီး လမ္းခ်ဲ႕ထြင္မည့္နယ္နိမိတ္ႏွင့္မလြတ္ကင္းသည့္ လ်ွပ္စစ္ ဓာတ္အားလိုင္းမ်ားႏွင့္ ဆက္သြယ္ေရးလိုင္းမ်ားအား သက္ဆိုင္ရာဌာနအသီးသီးမွ တာဝန္ယူ ေရႊ႕ေျပာင္းေပးသြားမည္ျဖစ္ၿပီး ေမလကုန္ပိုင္းတြင္ လမ္းခ်ဲ႕ထြင္မႈအား စတင္လုပ္ေဆာင္ႏိုင္မည္ဟု ခန္႔မွန္းရေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ပြည်ထောင်စုလမ်းမကြီးမှ မြို့တွင်းအဝင်လမ်း တိုးချဲ့ရေးအတွက် တိုင်းတာတွက်ချက်ခြင်းကို Oriental Highway Co.ltd မှ မေလ (၂၃) ရက် နံနက်ပိုင်းက စတင်ပြုလုပ်နေကြောင်း သိရသည်။

“အဓိကကတော့ ယာဉ်အန္တရာယ် လမ်းအန္တရာယ်လျော့နည်းစေဖို့အတွက် ရည်ရွယ်ပြီးတော့ လုပ်ပေးမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုလမ်းမကြီးနဲ့ ကျောက်မဲမြို့အဝင် ပင်လုံလမ်း ဆုံတဲ့နေရာမှာ ဟိုဘက်ဒီဘက် လမ်းမြင်ကွင်းကွယ်နေတဲ့အတွက် အဲဒါတွေကို ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် မြို့နယ် စည်ပင်သာယာရေး ဌာန၊ မြို့နယ်အုပ်ချုပ်ရေးဌာနတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ကျွန်တော်တို့က လုပ်ပေးမှာ ဖြစ်ပါတယ်”ဟု လမ်းချဲ့ထွင်ခြင်းအား အခမဲ့လုပ်ဆောင်ပေးမည့် Oriental Highway Co.ltd မှ စီမံကိန်းမန်နေဂျာ ဦးသက်ဆွေ က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လမ်းချဲ့ထွင်မည့် နေရာအား ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာနတို့နှင့် Oriental Highway Co.ltd မှ တိုင်းတာရေးအဖွဲ့များမှ မြပြေင်တိုင်းတာမှုများအား ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့တိုင်းတာပြီးရထားတဲ့ ချဲ့ထွင်မယ့် ပုံစံရလာပြီးမှ အဲ့ဒီပုံစံကို မြို့မိမြို့ဖတွေ သက်ဆိုင်ရာဌာနတွေနဲ့ ဆွေးနွေး ညှိနှို်င်းမယ်။ အဆင်ပြေတယ် သဘောတူတယ်ဆိုရင် လမ်းချဲ့ဖို့အတွက် စတင်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဘယ်ကနေ ဘယ်အထိ ချဲ့မယ် ဘာတွေဖယ်ရမယ်ဆိုတာ အဲဒီပုံစံရမှသေချာပြောနိုင်မှာပါ”ဟု မြို့နယ် စည်ပင်သာယာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်ခန့်အေးက ပြောသည်။

လတ်တလော တိုင်းတာထားသည့် အနေအထားအား Oriental Highway Co.ltd မှ မေလ (၂၄) ရက်နေ့တွင် ပုံစံထုတ်ပေးမည်ဖြစ်ပြီး လမ်းချဲ့ထွင်မည့်နယ်နိမိတ်နှင့်မလွတ်ကင်းသည့် လျှပ်စစ် ဓာတ်အားလိုင်းများနှင့် ဆက်သွယ်ရေးလိုင်းများအား သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ယူ ရွှေ့ပြောင်းပေးသွားမည်ဖြစ်ပြီး မေလကုန်ပိုင်းတွင် လမ်းချဲ့ထွင်မှုအား စတင်လုပ်ဆောင်နိုင်မည်ဟု ခန့်မှန်းရကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~