မျက်နှာချင်းဆိုင် ယာဉ်ရှောင်တိမ်းရင်း ခရီးသည်တင်အ မြန်ယာဉ်တိမ်းမှောက်၍ ၁၂ ဦးဒဏ်ရာရ

မျက်နှာချင်းဆိုင် ယာဉ်ရှောင်တိမ်းရင်း ခရီးသည်တင်အ မြန်ယာဉ်တိမ်းမှောက်၍ ၁၂ ဦးဒဏ်ရာရ
မေ 10, 2017
By Tachileik News Agency


“ယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည် (၄၃)ဦး အနက်က (၁၂) ဦး ဒဏ်ရာရရှိသွားကြလို့ မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်လိုက်တယ်လို့ သိရတာကြောင့် ဒဏ်ရာရရှိသူတွေကို ဆေးစာပေးပို့ဖို့ အမှုစစ် ဒုရဲအုပ်ဝင်းကျော်နဲ့အဖွဲ့ မကွေးတိုင်းဆေးရုံကြီးကို သွားနေကြပါပြီ”ဟု မြို့သစ်မြို့မရဲစခန်းမှ ဒုတိယစခန်း မှူး ရဲအုပ် မင်းမင်းစိုးက ပြောသည်။

ရန်ကုန်မှ ထွက်ခွာလာသည့် အဆိုပါ ခရီးသည်တင်အမြန်ယာဉ်သည် နံနက် (၅)နာရီအချိန်ခန့်တွင် နေပြည်တော် - မြို့သစ် - ကန်ပြားလမ်း မိုင်တိုင်အမှတ် ၄၆/၀နှင့် ၄၆/၁ အကြား၊ မြေပြင်သာ ကျေးရွာအုပ်စု၊ သန်းကုန်းကျေးရွာ အနီးသို့ အရောက်၌ မျက်နှာချင်းဆိုင် ယာဉ်တစ်စီးအား တိမ်းရှောင် လိုက်ရာမှ အရှိန်မထိန်းနိုင်ဖြစ်ပြီး ကားလမ်း၏ ယာဘက်ခြမ်း အနက်သုံးပေခန့်ရှိ ချောက်ထဲသို့ထိုးကျ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ဖီးနစ်


~~~~~~~~⊰❂ unicode ~~~~~~~~

ရန်ကုန်မှ မင်းဘူးသို့ ထွက်ခွာလာသည့် နန်းထိုက်တော်ဝင်ခရီးသည်တင် အမြန်ယာဉ်တစ်စီး သန်းကုန်းကျေးရွာ အနီးတွင် မေလ (၁၀)ရက် နံနက် ၅နာရီအချိန်ခန့်က မျက်နှာချင်းဆိုင်ယာဉ်အား ရှောင်တိမ်းရင်း တိမ်းမှောက်သဖြင့် ယာဉ်ပေါ်လိုက်ပါသူ ၁၂ ဦး ဒဏ်ရာ ရသွားကြောင်း မြို့သစ်မြို့မ ရဲစခန်းမှ သိရသည်။

“ယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည် (၄၃)ဦး အနက်က (၁၂) ဦး ဒဏ်ရာရရှိသွားကြလို့ မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်လိုက်တယ်လို့ သိရတာကြောင့် ဒဏ်ရာရရှိသူတွေကို ဆေးစာပေးပို့ဖို့ အမှုစစ် ဒုရဲအုပ်ဝင်းကျော်နဲ့အဖွဲ့ မကွေးတိုင်းဆေးရုံကြီးကို သွားနကြေပါပြီ”ဟု မြို့သစ်မြို့မရဲစခန်းမှ ဒုတိယစခန်း မှူး ရဲအုပ် မင်းမင်းစိုးက ပြောသည်။

ရန်ကုန်မှ ထွက်ခွာလာသည့် အဆိုပါ ခရီးသည်တင်အမြန်ယာဉ်သည် နံနက် (၅)နာရီအချိန်ခန့်တွင် နပြေည်တော် - မြို့သစ် - ကန်ပြားလမ်း မိုင်တိုင်အမှတ် ၄၆/ဝနှင့် ၄၆/၁ အကြား၊ မြပြေင်သာ ကျေးရွာအုပ်စု၊ သန်းကုန်းကျေးရွာ အနီးသို့ အရောက်၌ မျက်နှာချင်းဆိုင် ယာဉ်တစ်စီးအား တိမ်းရှောင် လိုက်ရာမှ အရှိန်မထိန်းနိုင်ဖြစ်ပြီး ကားလမ်း၏ ယာဘက်ခြမ်း အနက်သုံးပေခန့်ရှိ ချောက်ထဲသို့ထိုးကျ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောငး် သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မော်တော်ယာဉ်မောင်း ဇော်မင်းထိုက်အား မြို့သစ်မြို့ နယ် မြို့မရဲစခန်းတွင် ယာဉ် (ပ)၂၀/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~