ေနာင္ခ်ိဳတြင္ မီးရိႈ႕ခံထားရသည့္ ႀကံခင္းလုပ္သားအေလာင္း ေတြ႔ရိွ

ေနာင္ခ်ိဳတြင္ မီးရိႈ႕ခံထားရသည့္ ႀကံခင္းလုပ္သားအေလာင္း ေတြ႔ရိွ
မေ 28, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲခရိုင္ ၊ေနာင္ခ်ိဳၿမိဳ႕နယ္၊ ေရႊေညာင္ပင္ေက်းရြာမွ ေပ်ာက္ဆံုးေနသည့္ ႀကံခင္းလုပ္သား တစ္ဦးအား သံုးရက္အၾကာတြင္ မီးရိႈ႕ခံထားရသည့္ အေနအထားျဖင့္ အေလာင္းအား ရွာေဖြေတြ႔ရွိရေၾကာင္းႏွင့္ ေနာင္ခ်ိဳၿမိဳ႕မ ရဲစခန္းက စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“ႀကံစိုက္ခင္းလုပ္သားတစ္ဦးလို႔ သိရပါတယ္၊ သူ႔အလုပ္ရွင္ကလည္း အတည္ျပဳတယ္။ ေပ်ာက္သြားတာက (၂၄) ရက္ေန႔ ညေနပိုင္းမွာ ေပ်ာက္သြားတာပါ။ (၂၇) ရက္ေန႔ ညေနမွာ ေသဆံုးလ်က္အေနအထားနဲ႔ ျပန္ရွာေတြ႔တာ ျဖစ္ပါတယ္။ ခႏၶာကိုယ္ကေတာ့ ပံုပ်က္ေနပါၿပီ။ လူတစ္ကိုယ္လံုးကို မီးမေလာင္ႏိုင္တဲ့ အေနအထားနဲ႔ မီးရႈိ႕ထားတာကို ေတြ႔ရွိရပါတယ္။ အခုအဲဒီအမႈကို စံုစမ္းေနဆဲျဖစ္ပါတယ္”ဟု ေနာင္ခ်ိဳၿမိဳ႕မရဲစခန္းမွ ရဲအုပ္သန္းထိုက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေနာင္ခ်ိဳၿမိဳ႕နယ္ ေရႊေညာင္ပင္ေက်းရြာအနီးရွိ စိုက္ခင္းလုပ္ငန္းတစ္ခုမွ ၿခံေစာင့္လုပ္သားတစ္ဦးျဖစ္သည့္ အသက္(၄၉)ႏွစ္ အရြယ္ အမ်ိဳးသားအား မတ္လ(၂၄)ရက္ေန႔တြင္ လူတစ္ခ်ိဳ႕မွ လာေရာက္ ေခၚေဆာင္သြားခဲ့ရာမွ ေပ်ာက္ဆံုးသြားခဲ့ၿပီး မတ္လ(၂၇) ရက္ေန႔ ညေနပိုင္းတြင္ ေနာင္ခ်ိဳၿမိဳ႕နယ္ ကုန္းသာေက်းရြာႏွင့္ ပဲခူးကုန္းေက်းရြာ အၾကား ေတာလမ္းတစ္ေနရာတြင္ အေလာင္းအား ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

“ေပ်ာက္သြားတာကလည္း (၃)ရက္ေလာက္ရွိေနၿပီဆိုေတာ့ အေလာင္းကေတာ့ ပံုနည္းနည္း ပ်က္ေနတာေပါ့။ သူ႔ကိုရွာေတြ႔တဲ့ေနရာမွာ မီးေလာင္ထားတာေတြေတြ႔တယ္။ လူတစ္ကိုယ္လံုးကို ေလာင္ကြ်မ္းႏိုင္တဲ့မီးအားေတာ့ မဟုတ္ဘူး။ အေလာင္းပတ္ဝန္းက်င္မွာေတာ့ မီးေလာင္ထား တာ ေတြ႔တယ္”ဟု သြားေရာက္စစ္ေဆးခဲ့သည့္ ရဲအုပ္က ေျပာသည္။

အမႈႏွင့္ပတ္သက္၍ အေသးစိတ္စံုစမ္းစစ္ေဆးမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္သည့္အတြက္ လတ္တေလာတြင္ (ပ )၈၂ / ၂၀၁၇၊ ပုဒ္မ(၃၀၂)ျဖင့္ ေနာင္ခ်ိဳၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာမှ ပျောက်ဆုံးနေသည့် ကြံခင်းလုပ်သား တစ်ဦးအား သုံးရက်အကြာတွင် မီးရှို့ခံထားရသည့် အနေအထားဖြင့် အလောင်းအား ရှာဖွေတွေ့ရှိရကြောင်းနှင့် နောင်ချိုမြို့မ ရဲစခန်းက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“ကြံစိုက်ခင်းလုပ်သားတစ်ဦးလို့ သိရပါတယ်၊ သူ့အလုပ်ရှင်ကလည်း အတည်ပြုတယ်။ ပျောက်သွားတာက (၂၄) ရက်နေ့ ညနေပိုင်းမှာ ပျောက်သွားတာပါ။ (၂၇) ရက်နေ့ ညနေမှာ သေဆုံးလျက်အနေအထားနဲ့ ပြန်ရှာတွေ့တာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကတော့ ပုံပျက်နေပါပြီ။ လူတစ်ကိုယ်လုံးကို မီးမလောင်နိုင်တဲ့ အနေအထားနဲ့ မီးရှို့ထားတာကို တွေ့ရှိရပါတယ်။ အခုအဲဒီအမှုကို စုံစမ်းနေဆဲဖြစ်ပါတယ်”ဟု နောင်ချိုမြို့မရဲစခန်းမှ ရဲအုပ်သန်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နောင်ချိုမြို့နယ် ရွှေညောင်ပင်ကျေးရွာအနီးရှိ စိုက်ခင်းလုပ်ငန်းတစ်ခုမှ ခြံစောင့်လုပ်သားတစ်ဦးဖြစ်သည့် အသက်(၄၉)နှစ် အရွယ် အမျိုးသားအား မတ်လ(၂၄)ရက်နေ့တွင် လူတစ်ချို့မှ လာရောက် ခေါ်ဆောင်သွားခဲ့ရာမှ ပျောက်ဆုံးသွားခဲ့ပြီး မတ်လ(၂၇) ရက်နေ့ ညနေပိုင်းတွင် နောင်ချိုမြို့နယ် ကုန်းသာကျေးရွာနှင့် ပဲခူးကုန်းကျေးရွာ အကြား တောလမ်းတစ်နေရာတွင် အလောင်းအား တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ပျောက်သွားတာကလည်း (၃)ရက်လောက်ရှိနပြေီဆိုတော့ အလောင်းကတော့ ပုံနည်းနည်း ပျက်နေတာပေါ့။ သူ့ကိုရှာတွေ့တဲ့နေရာမှာ မီးလောင်ထားတာတွေတွေ့တယ်။ လူတစ်ကိုယ်လုံးကို လောင်ကျွမ်းနိုင်တဲ့မီးအားတော့ မဟုတ်ဘူး။ အလောင်းပတ်ဝန်းကျင်မှာတော့ မီးလောင်ထား တာ တွေ့တယ်”ဟု သွားရောက်စစ်ဆေးခဲ့သည့် ရဲအုပ်က ပြောသည်။

အမှုနှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည့်အတွက် လတ်တလောတွင် (ပ )၈၂ / ၂၀၁၇၊ ပုဒ်မ(၃၀၂)ဖြင့် နောင်ချိုမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~