တာချီလိတ်သို့ နယ်စပ်ချောင်းမှ တဆင့် တရားမ၀င် ဖြတ်သန်းလာသူ ထိုင်းအမျိုးသမီးတစ်ဦးအား မြန်မာဘက်က ထိုင်းဘက်သို့ လွှဲပြောင်းကာ ပြည်နှင်ဒဏ်ချမှတ်

တာချီလိတ်သို့ နယ်စပ်ချောင်းမှ တဆင့် တရားမ၀င် ဖြတ်သန်းလာသူ ထိုင်းအမျိုးသမီးတစ်ဦးအား မြန်မာဘက်က ထိုင်းဘက်သို့ လွှဲပြောင်းကာ ပြည်နှင်ဒဏ်ချမှတ်
မေ 26, 2017
By Tachileik News Agency


၂၀၁၇ခုနှစ် မတ်လ(၂၇)ရက်နေ့က တာချီလိတ်မြို့ ဟောင်လိပ်မီးပွိုင့်လမ်းဆုံတွင်  ထိုင်းနိုင်ငံသူ Mrs. Chanampornrat Akkara Chotarcha အား ပူးပေါင်းအဖွဲ့မှ စစ်ဆေးရာတွင် ၎င်းသည် မယ်ဆိုင်မှ တဆင့် တာချီလိတ်သို့ မယ်ဆိုင်ချောင်းမှ တရားမ၀င် ရောက်ရှိလာကြောင်း နှင့် တရားဝင်လက်မှတ်ဖြင့် နိုင်ငံဖြတ်ကျော် လာသည့် အထောက်အထား မပြနိုင်၍ ၎င်းအား ဖမ်းဆီးပြီးနောက် မြန်မာ - ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေ့ရှု့ကာ မေလ(၁၉)ရက်နေ့က ထောင်ဒဏ်အစား ငွေဒဏ်နှင့် ပြည်နှင်ဒဏ်အား သတ်မှတ်လိုက်ကာ မေလ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်၌ မြန်မာဘက် တာဝန်ရှိသူများက ထိုင်းဘက်တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဟောင်လိပ်မီးပွိုင့်လမ်းဆုံတွင် အသက်(၃၀)နှစ်ရှိ ထိုင်းနိုင်ငံသူ တစ်ဦးအား စစ်ဆေးရာမှ မယ်ဆိုင်မှ တာချီလိတ်သို့ တရားမဝင်ကူးလာကြောင်း စစ်ဆေးပေါ်ပေါက်၍ စစ်ဆေးပြီး၎င်းအား ဖမ်းဆီးပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးအား ရှေ့ရှုကာ မေလ(၂၆)ရက်နေ့ နံနက်ပိုင်းက ထိုင်းဘက်သို့ ပြည်နှင် ဒဏ်ချမှတ် လိုက်ကြောင်း သိရသည်။

၂၀၁၇ခုနှစ် မတ်လ(၂၇)ရက်နေ့က တာချီလိတ်မြို့ ဟောင်လိပ်မီးပွိုင့်လမ်းဆုံတွင် ထိုင်းနိုင်ငံသူ Mrs. Chanampornrat Akkara Chotarcha အား ပူးပေါင်းအဖွဲ့မှ စစ်ဆေးရာတွင်၎င်းသည် မယ်ဆိုင်မှ တဆင့် တာချီလိတ်သို့ မယ်ဆိုင်ချောင်းမှ တရားမဝင် ရောက်ရှိလာကြောင်း နှင့် တရားဝင်လက်မှတ်ဖြင့် နိုင်ငံဖြတ်ကျော် လာသည့် အထောက်အထား မပြနိုင်၍၎င်းအား ဖမ်းဆီးပြီးနောက် မြန်မာ - ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေ့ရှု့ကာ မေလ(၁၉)ရက်နေ့က ထောင်ဒဏ်အစား ငွေဒဏ်နှင့် ပြည်ႏွ်ဒဏ်အား သတ်မှတ်လိုက်ကာ မေလ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်၌ မြန်မာဘက် တာဝန်ရှိသူများက ထိုင်းဘက်တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - မောင်ယဉ်ကျေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~