မိုင္းျဖတ္ၿမိဳ႕ ဆိုင္းေလတြင္ MPT တာ၀ါတိုင္တည္ေဆာက္ေရး လုပ္ငန္းသံုး ယာဥ္တစ္စီး ေခ်ာက္ထဲ ထိုးက်

မိုင္းျဖတ္ၿမိဳ႕ ဆိုင္းေလတြင္ MPT တာ၀ါတိုင္တည္ေဆာက္ေရး လုပ္ငန္းသံုး ယာဥ္တစ္စီး ေခ်ာက္ထဲ ထိုးက်
မေ 27, 2017
By Tachileik News Agency

တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္ ဆိုင္းေလရြာအနီးတြင္ MPT တာ၀ါတိုင္တည္ေဆာက္ေရး လုပ္ငန္းသံုး ယာဥ္တစ္စီး အရွိန္မထိန္းႏိုင္၍ လမ္းေဘးေခ်ာက္ထဲသို႔ ထိုးက်သြားမႈ ေမလ(၂၇)ရက္ေန႔ ညေန(၃း၄၅)နာရီ၀န္းက်င္အခ်ိန္က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္၊ ဆိုင္းေလေက်းရြာအနီး တာခ်ီလိတ္ - က်ဳိင္းတံု သြားလမ္း ျပည္ေထာင္စုလမ္းမႀကီးေဘးတြင္ မိုင္းျဖတ္ဘက္မွ က်ဳိင္းတံုဘက္သို႔ ခြန္ေႏြဦး ေမာင္းလာၿပီး အလုပ္သမား(၃)ဦး လိုက္ပါလာသည့္ MPT တာဝါတိုင္တည္ေဆာက္ေရး လုပ္ငန္းမွ (၄)လံုးထိုးေထာ္လာဂ်ီလီဖန္း အမ်ဳိးအစားယာဥ္မွာ အရွိန္မထိန္းႏိုင္ဘဲ လမ္း၀ဲဘက္ျခမ္းတြင္ (၁၀)ေပခန္႔ရွိသည့္ ေခ်ာက္ထဲသို႔ ထိုးက်တိမ္းေမွာက္မႈျဖစ္ပြားရာ ယာဥ္ေပၚတြင္ လိုက္ပါလာသူမ်ားမွ ထိခိုက္ဒဏ္ရာ ရရွိမႈ မရွိေၾကာင္း သိရသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ ယာဥ္ေမာင္းအား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းမွ ယာဥ္(ပ)၁၇/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

သတင္း - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ဆိုင်းလေရွာအနီးတွင် MPT တာဝါတိုင်တည်ဆောက်ရေး လုပ်ငန်းသုံး ယာဉ်တစ်စီး အရှိန်မထိန်းနိုင်၍ လမ်းဘေးချောက်ထဲသို့ ထိုးကျသွားမှု မေလ(၂၇)ရက်နေ့ ညနေ(၃း၄၅)နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၊ ဆိုင်းလေကျေးရွာအနီး တာချီလိတ် - ကျိုင်းတုံ သွားလမ်း ပြည်ထောင်စုလမ်းမကြီးဘေးတွင် မိုင်းဖြတ်ဘက်မှ ကျိုင်းတုံဘက်သို့ ခွန်နွေဦး မောင်းလာပြီး အလုပ်သမား(၃)ဦး လိုက်ပါလာသည့် MPT တာဝါတိုင်တည်ဆောက်ရေး လုပ်ငန်းမှ (၄)လုံးထိုးထော်လာဂျီလီဖန်း အမျိုးအစားယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းတွင် (၁၀)ပေခန့်ရှိသည့် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားရာ ယာဉ်ပေါ်တွင် လိုက်ပါလာသူများမှ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ယာဉ်မောင်းအား မိုင်းဖြတ်မြို့မရဲစခန်းမှ ယာဉ်(ပ)၁၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သတင်း - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~