မိုင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဖလား ဖူဆယ္ျပိဳင္ပြဲ ဆုေပးပြဲက်င္းပ

မိုင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဖလား ဖူဆယ္ျပိဳင္ပြဲ ဆုေပးပြဲက်င္းပ
မေ 30, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္ခရိုင္ ၊ မိုင္းျဖတ္ၿမိဳ႕နယ္တြင္ ၂၀၁၇ ခုႏွစ္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ႀကီးမွဴးက်င္းပသည့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး (ဖလား ) ကလပ္ေပါင္းစံု အမ်ဳိးသား (အလြတ္တန္း) ဖူဆယ္ၿပိဳင္ပြဲ ဆုေပးပြဲအား ၿမိဳ႕နယ္အားကစားကြင္းတြင္ ေမလ(၃၀)ရက္ေန႔က  နံနက္ပိုင္းက က်င္းပသည္။

ေမလ(၂၅)ရက္ေန႔က စတင္သည့္ အဆိုပါ အမ်ဳိးသား(အလြတ္တန္း) ဖူဆယ္ၿပိဳင္ပြဲတြင္ အသင္း(၁၃)သင္း ပါဝင္ ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ပထမဆုကို REBOLE အသင္းမွ လည္းေကာင္း၊ ဒုတိယဆုကို RK အသင္းမွ လည္းေကာင္း၊ တတိယဆုကို ICT အသင္းမွလည္းေကာင္း ရရွိသြားၾကေၾကာင္း သိရသည္။

ဆုရရွိေသာ အသင္းမ်ားအား မိုင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလႈိင္ ႏွင့္ တာဝန္ရွိသူမ်ားက အသီးသီးေပးအပ္ ခ်ီးျမႇင့္ခဲ့ၾကသည္။

သတင္း/ဓာတ္ပံု - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၁၇ ခုနှစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် မြို့နယ်အုပ်ချုပ်ရေးမှူး (ဖလား ) ကလပ်ပေါင်းစုံ အမျိုးသား (အလွတ်တန်း) ဖူဆယ်ပြိုင်ပွဲ ဆုပေးပွဲအား မြို့နယ်အားကစားကွင်းတွင် မေလ(၃၀)ရက်နေ့က နံနက်ပိုင်းက ကျင်းပသည်။

မေလ(၂၅)ရက်နေ့က စတင်သည့် အဆိုပါ အမျိုးသား(အလွတ်တန်း) ဖူဆယ်ပြိုင်ပွဲတွင် အသင်း(၁၃)သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုကို REBOLE အသင်းမှ လည်းကောင်း၊ ဒုတိယဆုကို RK အသင်းမှ လည်းကောင်း၊ တတိယဆုကို ICT အသင်းမှလည်းကောင်း ရရှိသွားကြကြောင်း သိရသည်။

ဆုရရှိသော အသင်းများအား မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင် နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~