လိြဳင္ေကာ္ၿမိဳ႕နယ္အတြင္းမွ တပ္မေတာ္သိမ္းဆည္းေျမမ်ားမွ ပိုလွ်ံေျမအား စြန္႔လႊတ္ရန္ ထပ္မံတင္ျပမည္

လိြဳင္ေကာ္ၿမိဳ႕နယ္အတြင္းမွ တပ္မေတာ္သိမ္းဆည္းေျမမ်ားမွ ပိုလွ်ံေျမအား စြန္႔လႊတ္ရန္ ထပ္မံတင္ျပမည္
မေ 11, 2017
By Tachileik News Agency

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕နယ္အတြင္း တပ္မေတာ္တပ္စခန္း(၅)ခုအတြက္ ေက်းရြာ(၁၃)ရြာမွ သိမ္းဆည္းထားေသာ ေျမဧက စုစုေပါင္း (၂၀၀၀)အနက္ ေျမဧက (၁၂၀၀)ေက်ာ္အား ျပန္လည္ စြန္႔လႊတ္ရန္ ေတာင္းဆိုျခင္းကို ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ေက်းရြာ(၁၃)ရြာမွ ေတာင္သူ (၂၀၀)ခန္႔က လိြဳင္ေကာ္ၿမိဳ႕နယ္ ေဒါမူကလာေက်းရြာတြင္ ေမလ (၁၀)ရက္ေန႔က စုေဝးၿပီး သတင္းစာရွင္းလင္းပြဲ က်င္းပရာတြင္ ယင္းကဲ့သို႔ေျပာၾကားျခင္းျဖစ္သည္။

“အရင္အစိုးရလက္ထက္ကတည္းက ကၽြန္ေတာ္တို႔စာေတြလည္းတင္ထားတာ ခုခ်ိန္ထိပဲ။ သမၼတဦးထင္ေက်ာ္လာတုန္းကလည္း တင္တယ္။ ၿပီးခဲ့တဲ့ ဇန္နဝါရီလအတြင္းကေတာ့ တပ္ေျမဧရိယာ ျပန္လည္တိုင္းတာတာေတြလုပ္ေသးတယ္။ ေထြ/အုပ္ေတြ ေျမစာရင္းေတြ ပါတာေပါ့။ အဲဒီလိုတုိင္းၿပီး ေနာက္တစ္ေန႔မွာပဲ ေက်းရြာအခ်ိဳ႕ကို ေတာင္ယာေတြနား ျဖတ္သန္းသြားလာခြင့္မျပဳဘူး။ အေရးယူမယ္ဆိုၿပီး စာထြက္လာတယ္”ဟု ေျမယာျပန္လည္ရရိွေရးလုပ္ေဆာင္ရန္ ေက်းရြာေဒသခံမ်ား ဖြဲ႕ထားသည့္ လယ္ယာေျမျပန္လည္ရရိွေရးေကာ္မတီ ဥကၠဌ ဦးရယ္က ေျပာသည္။

အဆိုပါ တပ္မေတာ္တပ္စခန္းမ်ားအတြက္ သိမ္းဆည္းေျမအခ်ိဳ႕တြင္ ေတာင္သူမ်ားက ျပန္လည္စိုက္ပ်ိဳးသျဖင့္ သက္ဆုိင္ရာတပ္မ်ားက တားျမစ္ျခင္းမ်ားကို ႏွစ္စဥ္ႀကံဳေတြ႔ေနရေၾကာင္း လယ္ယာေျမျပန္လည္ရရိွေရးေကာ္မတီဥကၠဌ ဦးရယ္ထံမွ သိရသည္။

"ကၽြန္ေတာ္တို႔ ျပန္ရမလားဆိုတဲ့ ေမွ်ာ္လင့့္ခ်က္နဲ႔ ဒီေန႔ထိေစာင့္ခဲ့တာပါ။ တစ္ႏွစ္ကုန္ရင္ ေနာက္တစ္ႏွစ္အတြက္ ရြာမွာ ဘယ္ေနရာေရာက္ေရာက္ ဒီအေၾကာင္းပဲေျပာျဖစ္ၾကပါတယ္” ဟု ေတာင္သူတစ္ဦးျဖစ္သည့္ ခူးေညးရယ္က ေျပာသည္။

လိြဳင္ေကာ္ၿမိဳ႕နယ္အတြင္း တပ္မေတာ္တပ္ရင္းမ်ားအတြက္ ၁၉၉၀ ခုႏွစ္ဝန္းက်င္တြင္ ေက်းရြာေပါင္း (၁၃)ရြာမွ ေျမယာမ်ားအား သိမ္းဆည္းျခင္းႏွင့္ပတ္သက္၍ ပိုလွ်ံေျမမ်ားရိွသျဖင့္ ျပန္ေပးရန္ ေဒသခံမ်ားက ေတာင္းဆိုျခင္းႏွင့္ပတ္သက္၍ သက္ဆိုင္ရာတပ္ရင္းမ်ားက ျပန္လည္ရွင္းလင္းျခင္းမရိွသျဖင့္ ေဒသခံမ်ားက ဆက္လက္တင္ျပေတာင္းဆိုျခင္းမ်ားကို လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

တပ္ရင္းတပ္ဖြဲ႕အသီးသီး ေျမယာမ်ားစတင္သိမ္းဆည္းခဲ့ခ်ိန္က ေဒသခံမ်ားအား သိမ္းဆည္းခံ ေျမယာမ်ားတြင္ သီးစားလုပ္ကိုင္ခြင့္ ေပးခဲ့ေသာ္လည္း ၂၀၁၂ ခုႏွစ္မွစ၍ တပ္ပိုင္ေျမတြင္ သီးစားလုပ္ကိုင္ျခင္းျဖစ္ေၾကာင္း လက္မွတ္ေရးထိုးၿပီးမွ လုပ္ကိုင္ခြင့္ျပဳလာျခင္းျဖစ္ေၾကာင္း သိရသည္။

တပ္ရင္းတပ္ဖြဲ႔အသီးသီးက သီးစားလုပ္ကိုင္ခြင့္ခ်ထားေပးၿပီး စိုက္ပ်ိဳးလုပ္ကိုင္ေနသည့္ေျမယာမ်ားအား ေဒသခံမ်ားထံ ျပန္ေပးရန္ ေတာင္းဆိုေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း တပ်မတော်တပ်စခန်း(၅)ခုအတွက် ကျေးရွာ(၁၃)ရွာမှ သိမ်းဆည်းထားသော မြေဧက စုစုပေါင်း (၂၀၀၀)အနက် မြေဧက (၁၂၀၀)ကျော်အား ပြန်လည် စွန့်လွှတ်ရန် တောင်းဆိုခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကျေးရွာ(၁၃)ရွာမှ တောင်သူ (၂၀၀)ခန့်က လွိုင်ကော်မြို့နယ် ဒေါမူကလာကျေးရွာတွင် မေလ (၁၀)ရက်နေ့က စုဝေးပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပရာတွင် ယင်းကဲ့သို့ပြောကြားခြင်းဖြစ်သည်။

“အရင်အစိုးရလက်ထက်ကတည်းက ကျွန်တော်တို့စာတွေလည်းတင်ထားတာ ခုချိန်ထိပဲ။ သမ္မတဦးထင်ကျော်လာတုန်းကလည်း တင်တယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကတော့ တပ်မြေဧရိယာ ပြန်လည်တိုင်းတာတာတွေလုပ်သေးတယ်။ ထွေ/အုပ်တွေ မြေစာရင်းတွေ ပါတာပေါ့။ အဲဒီလိုတိုင်းပြီး နောက်တစ်နေ့မှာပဲ ကျေးရွာအချို့ကို တောင်ယာတွေနား ဖြတ်သန်းသွားလာခွင့်မပြုဘူး။ အရေးယူမယ်ဆိုပြီး စာထွက်လာတယ်”ဟု မြေယာပြန်လည်ရရှိရေးလုပ်ဆောင်ရန် ကျေးရွာဒေသခံများ ဖွဲ့ထားသည့် လယ်ယာမြပြေန်လည်ရရှိရေးကော်မတီ ဥက္ကဌ ဦးရယ်က ပြောသည်။

အဆိုပါ တပ်မတော်တပ်စခန်းများအတွက် သိမ်းဆည်းမြေအချို့တွင် တောင်သူများက ပြန်လည်စိုက်ပျိုးသဖြင့် သက်ဆိုင်ရာတပ်များက တားမြစ်ခြင်းများကို နှစ်စဉ်ကြုံတွေ့နေရကြောင်း လယ်ယာမြပြေန်လည်ရရှိရေးကော်မတီဥက္ကဌ ဦးရယ်ထံမှ သိရသည်။

"ကျွန်တော်တို့ ပြန်ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီနေ့ထိစောင့်ခဲ့တာပါ။ တစ်နှစ်ကုန်ရင် နောက်တစ်နှစ်အတွက် ရွာမှာ ဘယ်နေရာရောက်ရောက် ဒီအကြောင်းပဲပြောဖြစ်ကြပါတယ်” ဟု တောင်သူတစ်ဦးဖြစ်သည့် ခူးညေးရယ်က ပြောသည်။

လွိုင်ကော်မြို့နယ်အတွင်း တပ်မတော်တပ်ရင်းများအတွက် ၁၉၉၀ ခုနှစ်ဝန်းကျင်တွင် ကျေးရွာပေါင်း (၁၃)ရွာမှ မြေယာများအား သိမ်းဆည်းခြင်းနှင့်ပတ်သက်၍ ပိုလျှံမြေများရှိသဖြင့် ပြန်ပေးရန် ဒေသခံများက တောင်းဆိုခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတပ်ရင်းများက ပြန်လည်ရှင်းလင်းခြင်းမရှိသဖြင့် ဒေသခံများက ဆက်လက်တင်ပြတောင်းဆိုခြင်းများကို လုပ်ဆောင်နခြေင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

တပ်ရင်းတပ်ဖွဲ့အသီးသီး မြေယာများစတင်သိမ်းဆည်းခဲ့ချိန်က ဒေသခံများအား သိမ်းဆည်းခံ မြေယာများတွင် သီးစားလုပ်ကိုင်ခွင့် ပေးခဲ့သော်လည်း ၂၀၁၂ ခုနှစ်မှစ၍ တပ်ပိုင်မြေတွင် သီးစားလုပ်ကိုင်ခြင်းဖြစ်ကြောင်း လက်မှတ်ရေးထိုးပြီးမှ လုပ်ကိုင်ခွင့်ပြုလာခြင်းဖြစ်ကြောင်း သိရသည်။

တပ်ရင်းတပ်ဖွဲ့အသီးသီးက သီးစားလုပ်ကိုင်ခွင့်ချထားပေးပြီး စိုက်ပျိုးလုပ်ကိုင်နေသည့်မြေယာများအား ဒေသခံများထံ ပြန်ပေးရန် တောင်းဆိုနကြခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~