ကယားျပည္နယ္အစိုးရ၏ တစ္ႏွစ္တာ လုပ္ေဆာင္ခ်က္မ်ားအား သတင္းစာ ရွင္းလင္းပြဲျပဳလုပ္မည္

ကယားျပည္နယ္အစိုးရ၏ တစ္ႏွစ္တာ လုပ္ေဆာင္ခ်က္မ်ားအား သတင္းစာ ရွင္းလင္းပြဲျပဳလုပ္မည္
မေ 24, 2017
By Tachileik News Agency

ကယားျပည္နယ္အစိုးရ၏ တစ္ႏွစ္တာကာလအတြင္း လုပ္ငန္းေဆာင္ရြက္ခဲ့မႈမ်ားႏွင့္ ပတ္သက္၍ သတင္းစာ ရွင္းလင္းပြဲအား ေမလ (၂၅) ရက္ေန႔တြင္ ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

“အစိုးရအေနနဲ႔ တစ္ႏွစ္တာကာလကို ျဖတ္သန္းၿပီးေတာ့ ဘာေတြေဆာင္ရြက္ထားရွိခဲ့ၿပီလဲဆိုတာေတြ ဝန္ႀကီးဌာနအလိုက္ ေပၚလစီပိုင္း ေဒတာပိုင္းဆိုင္ရာေတြကို ရွင္းလင္း ေျပာၾကားရမယ့္အေနအထား ျဖစ္ပါတယ္။ အဲဒီလိုေျပာၾကရတဲ့အခါမွာ မိမိတို႔ရဲ႕ ေဆာင္ရြက္ခ်က္ေတြအေပၚမွာ မည္မွ်ထိ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ခဲ့ၿပီးၿပီလဲဆိုတာကို အဓိကထားၿပီးေတာ့ ရွင္းလင္းသြားမွာ ျဖစ္ပါတယ္ ”ဟု ကယားျပည္နယ္ လုံျခံဳေရးႏွင့္ နယ္စပ္ေရးရာ ဝန္ႀကီး ဗိုလ္မွဴးႀကီး ျမင့္ေဝက ေျပာသည္။

ကယားျပည္နယ္အစိုးရအဖြဲ႕၏ တစ္ႏွစ္တာလုပ္ငန္းေဆာင္ရြက္ခ်က္မ်ားအား ဝန္ႀကီးဌာနမ်ားအလိုက္
ျပည္နယ္အစိုးရ၏တစ္ႏွစ္လုပ္ငန္း ေဆာင္ရြက္ခဲ့မႈမ်ားကို ျပည့္စုံစြာရွင္းလင္းရန္အတြက္ ေမလ (၂၂) ရက္ေန႔က မီဒီယာမ်ားႏွင့္ အႀကိဳေတြ႕ဆံု၍ သတင္းစာရွင္းလင္းပြဲတစ္ခု ျပဳလုပ္ခဲ့ၿပီး ေမလ (၂၅) ရက္ေန႔တြင္ ျပည္နယ္အစိုးရရံုး အစည္းအေဝးခန္းမ၌ သတင္းစာရွင္းလင္းပြဲျပဳလုပ္သြားမည္ျဖစ္ၿပီး အဆိုပါ ႐ွင္းလင္းပြဲသို႔ ျပည္တြင္းျပည္ပမွ သတင္းမီဒီယာမ်ားအား လာေရာက္သတင္းရယူခြင့္ ျပဳထားေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်အစိုးရ၏ တစ်နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲအား မေလ (၂၅) ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“အစိုးရအနေနဲ့ တစ်နှစ်တာကာလကို ဖြတ်သန်းပြီးတော့ ဘာတွေဆောင်ရွက်ထားရှိခဲ့ပြီလဲဆိုတာတွေ ဝန်ကြီးဌာနအလိုက် ပေါ်လစီပိုင်း ဒေတာပိုင်းဆိုင်ရာတွေကို ရှင်းလင်း ပြောကြားရမယ့်အနေအထား ဖြစ်ပါတယ်။ အဲဒီလိုပြောကြရတဲ့အခါမှာ မိမိတို့ရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ မည်မျှထိ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးပြီလဲဆိုတာကို အဓိကထားပြီးတော့ ရှင်းလင်းသွားမှာ ဖြစ်ပါတယ် ”ဟု ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေက ပြောသည်။

ကယားပြည်နယ်အစိုးရအဖွဲ့၏ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက်များအား ဝန်ကြီးဌာနများအလိုက်
ပြည်နယ်အစိုးရ၏တစ်နှစ်လုပ်ငန်း ဆောင်ရွက်ခဲ့မှုများကို ပြည့်စုံစွာရှင်းလင်းရန်အတွက် မေလ (၂၂) ရက်နေ့က မီဒီယာများနှင့် အကြိုတွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး မေလ (၂၅) ရက်နေ့တွင် ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ ရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပမှ သတင်းမီဒီယာများအား လာရောက်သတင်းရယူခွင့် ပြုထားကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~