ေက်ာက္မဲတြင္ လက္ဖက္ခူးသြားသည့္ အမ်ိဳးသမီးငယ္တစ္ဦး မိုင္းနင္းမိ၍ ဦးေခါင္းဒဏ္ရာရ

ေက်ာက္မဲတြင္ လက္ဖက္ခူးသြားသည့္ အမ်ိဳးသမီးငယ္တစ္ဦး မိုင္းနင္းမိ၍ ဦးေခါင္းဒဏ္ရာရ
မေ 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ ကြန္ေကာ္ေက်းရြာအုပ္စု ကြန္ေကာ္ေက်းရြာမွ ေဒသခံ အမ်ိဳးသမီးတစ္ဦး ေမလ (၂၆) ရက္ နံနက္ပိုင္းက လက္ဖက္ၿခံအသြားလမ္းတြင္ မိုင္းနင္းမိၿပီး ဦးေခါင္း ဒဏ္ရာ ရရွိသြားသျဖင့္ ေက်ာက္မဲေဆးရံုမွတစ္ဆင့္ မႏၱေလးျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ကုသမႈ ခံယူေနရေၾကာင္း သိရသည္။

“ရြာနဲ႔တစ္မိုင္ေလာက္ပဲေဝးတဲ့ လက္ဖက္ၿခံကို လက္ဖက္သြားခူးတာ။ ေတာင္ေစာင္းကေနအဆင္းမွာ မိုင္းနင္းမိၿပီး မိုင္းစက ေခါင္းကိုလာမွန္တာ။ ဒီမနက္(၉)နာရီေလာက္မွာ ျဖစ္တယ္။ ကြ်န္ေတာ္တို႔က ရြာကေန လူအင္အားနဲ႔ ထမ္းၿပီး လမ္းတစ္ဝက္ထိေခၚလာခဲ့တယ္။ ေက်ာက္မဲက လူနာတင္ကားတစ္စီးက လာႀကိဳတယ္” ဟု မိုင္းထိသူအား ေဆးရံုသို႔လိုက္ပါပို႔ေဆာင္သူ ကြန္ေကာ္ရြာသား ကိုမင္းဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာက္မဲမွ(၁၂)မိုင္ခန္႔ေဝးကြာသည့္ ကြန္ေကာ္ေက်းရြာမွ အသက္(၁၇)ႏွစ္အရြယ္ မေအးေဟြသည္ ေက်းရြာႏွင့္ တစ္မိုင္ခန္႔ေဝးကြာသည့္ လက္ဖက္ၿခံသို႔ လက္ဖက္ခူးရန္သြားစဥ္ မိုင္းနင္းမိခဲ့ျခင္းျဖစ္ၿပီး ေက်ာက္မဲၿမိဳ႕ ျပည္သူ႔ေဆးရံုသို႔ပို႔ေဆာင္ကုသထားရာမွ ညေနပိုင္းတြင္ မႏၱေလး ၿမိဳ႕ ျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူရန္အတြက္ ပို႔ေဆာင္ခဲ့ရေၾကာင္း သိရသည္။

“ဒဏ္ရာကေတာ့ ေခါင္းမွာထိတာ။ မိုင္းစဝင္ေနတယ္လို႔ ယူဆရတယ္။ ေက်ာက္မဲေဆးရံုမွာ ကုသတာထက္ မႏၱေလး ျပည္သူ႔ေဆးရံုမွာ ကုသမႈခံယူတာက ပိုၿပီးအဆင့္ျမင့္ျမင့္နဲ႔ လုပ္ေဆာင္ႏိုင္မွာ ျဖစ္တဲ့အတြက္ မႏၱေလးကို လႊဲေပးဖို႔စီစဥ္ရျခင္းျဖစ္ပါတယ္ “ဟု ေက်ာက္မဲၿမိဳ႕ ျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာေအာင္ေအာင္ က ေျပာသည္။

ကြန္ေကာ္ေက်းရြာအုပ္စုအတြင္း ေတာ့ဖယ္ေက်းရြာအနီးရွိ လက္ဖက္ၿခံတစ္ခုတြင္ ေမလ(၂၅)ရက္ေန႔ကလည္း အသက္(၁၇)ႏွစ္အရြယ္ ေမာင္အိုက္လန္ ဆိုသည့္ အမ်ိဳးသားတစ္ဦး မိုင္းနင္းမိ၍ ဒဏ္ရာမ်ားရရွိထားၿပီး ေက်းရြာ၌ပင္ ေဆးကုသမႈ ခံယူေနရဆဲျဖစ္ေၾကာင္း သိရသည္။

အဆိုပါေဒသမ်ားတြင္ တိုက္ပြဲမ်ား မၾကာခဏျဖစ္ပြားၿပီး တိုက္ပြဲမ်ားတြင္ အသံုးျပဳသည့္ ေျမျမႇပ္မိုင္ းဒဏ္အား ခံစားေနၾကရသျဖင့္ လုပ္ငန္းခြင္ဝင္ရန္ စိုးရိမ္မႈမ်ားျဖင့္ ႀကံဳေတြ႕ေနရျခင္းျဖစ္သည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် ကွန်ကော်ကျေးရွာအုပ်စု ကွန်ကော်ကျေးရွာမှ ဒေသခံ အမျိုးသမီးတစ်ဦး မေလ (၂၆) ရက် နံနက်ပိုင်းက လက်ဖက်ခြံအသွားလမ်းတွင် မိုင်းနင်းမိပြီး ဦးခေါင်း ဒဏ်ရာ ရရှိသွားသဖြင့် ကျောက်မဲဆေးရုံမှတစ်ဆင့် မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှု ခံယူနေရကြောင်း သိရသည်။

“ရွာနဲ့တစ်မိုင်လောက်ပဲဝေးတဲ့ လက်ဖက်ခြံကို လက်ဖက်သွားခူးတာ။ တောင်စောင်းကနေအဆင်းမှာ မိုင်းနင်းမိပြီး မိုင်းစက ခေါင်းကိုလာမှန်တာ။ ဒီမနက်(၉)နာရီလောက်မှာ ဖြစ်တယ်။ ကျွန်တော်တို့က ရွာကနေ လူအင်အားနဲ့ ထမ်းပြီး လမ်းတစ်ဝက်ထိခေါ်လာခဲ့တယ်။ ကျောက်မဲက လူနာတင်ကားတစ်စီးက လာကြိုတယ်” ဟု မိုင်းထိသူအား ဆေးရုံသို့လိုက်ပါပို့ဆောင်သူ ကွန်ကော်ရွာသား ကိုမင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမှ(၁၂)မိုင်ခန့်ဝေးကွာသည့် ကွန်ကော်ကျေးရွာမှ အသက်(၁၇)နှစ်အရွယ် မအေးဟွေသည် ကျေးရွာနှင့် တစ်မိုင်ခန့်ဝေးကွာသည့် လက်ဖက်ခြံသို့ လက်ဖက်ခူးရန်သွားစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ပြီး ကျောက်မဲမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကုသထားရာမှ ညနေပိုင်းတွင် မန္တလေး မြို့ ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူရန်အတွက် ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

“ဒဏ်ရာကတော့ ခေါင်းမှာထိတာ။ မိုင်းစဝင်နေတယ်လို့ ယူဆရတယ်။ ကျောက်မဲဆေးရုံမှာ ကုသတာထက် မန္တလေး ပြည်သူ့ဆေးရုံမှာ ကုသမှုခံယူတာက ပိုပြီးအဆင့်မြင့်မြင့်နဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်တဲ့အတွက် မန္တလေးကို လွှဲပေးဖို့စီစဉ်ရခြင်းဖြစ်ပါတယ် “ဟု ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်အောင် က ပြောသည်။

ကွန်ကော်ကျေးရွာအုပ်စုအတွင်း တော့ဖယ်ကျေးရွာအနီးရှိ လက်ဖက်ခြံတစ်ခုတွင် မေလ(၂၅)ရက်နေ့ကလည်း အသက်(၁၇)နှစ်အရွယ် မောင်အိုက်လန် ဆိုသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ဒဏ်ရာများရရှိထားပြီး ကျေးရွာ၌ပင် ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါဒေသများတွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားပြီး တိုက်ပွဲများတွင် အသုံးပြုသည့် မြမြှေပ်မိုင်းဒဏ်အား ခံစားနကြေရသဖြင့် လုပ်ငန်းခွင်ဝင်ရန် စိုးရိမ်မှုများဖြင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~