လာအိုႏုိင္ငံသို႔ မူးယစ္ေဆးသယ္ေဆာင္မည့္သူအား က်ိဳင္းလပ္တြင္ နယ္ေျမခံတပ္က ဖမ္းဆီးရမိ

လာအိုႏုိင္ငံသို႔ မူးယစ္ေဆးသယ္ေဆာင္မည့္သူအား က်ိဳင္းလပ္တြင္ နယ္ေျမခံတပ္က ဖမ္းဆီးရမိ
မေ 30, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ က်ိဳင္းလပ္ၿမိဳ႕မွ တဆင့္ လာအိုႏုိင္ငံသို႔ မူးယစ္ေဆး သယ္ေဆာင္သူအား ေမလ (၃၀)ရက္ေန႔က WY စာတမ္းပါ စိတ္ၾကြရူးသြပ္ေဆးျပား (၁၂၆၆၈)ျပားႏွင့္အတူ နယ္ေျမခံတပ္က ဖမ္းဆီးရမိလိုက္ၿပီး နယ္ေျမရဲစခန္းသို႔ လႊဲေျပာင္းေပးလိုက္ေၾကာင္း သိရသည္။

က်ိဳင္းလပ္ၿမိဳ႕ဘက္မွ လာအိုႏုိင္ငံသို႔ မူးယစ္ေဆးသယ္ေဆာင္မည့္ သတင္းအရ နယ္ေျမခံတပ္ဖြဲ႕သည္ က်ားခမ္းေက်ာက္ေက်းရြာအုပ္စုတြင္ ေစာင့္ဆိုင္းေနစဥ္ ေန႔လယ္ (၂)နာရီခြဲခန္႔က ေတာင္ယာသြား စက္ေလွျဖင့္ လိုက္ပါရန္ ျပင္ဆင္ေနသူတစ္ဦးအား မသကၤာသျဖင့္ စစ္ေဆးရာမွ ၎၏ ပီနံအိတ္အတြင္းမွ WY စာတမ္းပါ စိတ္ၾကြေဆးျပား (၁၂၆၆၈)ျပားအား ရွာေဖြေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားျဖင့္ ဖမ္းဆီးရမိသည့္ ခ်ာေစာင္ႏွင့္အတူ စက္ေလွတစ္စီး၊ အျခားသက္ေသခံပစၥည္းမ်ားအား သက္ေသမ်ားေရွ႕တြင္ က်ိဳင္းလပ္နယ္ေျမရဲစခန္းသို႔ လႊဲေျပာင္းေပးလုိက္ေၾကာင္း သိရသည္။

ခ်ာေစာင္အား က်ိဳင္းလပ္နယ္ေျမရဲစခန္းတြင္ အမႈဖြင့္ အေရးယူေဆာင္ရြက္ေနေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့မှ တဆင့် လာအိုနိုင်ငံသို့ မူးယစ်ဆေး သယ်ဆောင်သူအား မေလ (၃၀)ရက်နေ့က WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၂၆၆၈)ပြားနှင့်အတူ နယ်မြေခံတပ်က ဖမ်းဆီးရမိလိုက်ပြီး နယ်မြေရဲစခန်းသို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

ကျိုင်းလပ်မြို့ဘက်မှ လာအိုနိုင်ငံသို့ မူးယစ်ဆေးသယ်ဆောင်မည့် သတင်းအရ နယ်မြေခံတပ်ဖွဲ့သည် ကျားခမ်းကျောက်ကျေးရွာအုပ်စုတွင် စောင့်ဆိုင်းနေစဉ် နေ့လယ် (၂)နာရီခွဲခန့်က တောင်ယာသွား စက်လှဖြေင့် လိုက်ပါရန် ပြင်ဆင်နေသူတစ်ဦးအား မသင်္ကာသဖြင့် စစ်ဆေးရာမှ၎င်း၏ ပီနံအိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွဆေးပြား (၁၂၆၆၈)ပြားအား ရှာဖွေတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများဖြင့် ဖမ်းဆီးရမိသည့် ချာစောင်နှင့်အတူ စက်လှေတစ်စီး၊ အခြားသက်သေခံပစ္စည်းများအား သက်သေများရှေ့တွင် ကျိုင်းလပ်နယ်မြေရဲစခန်းသို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

ချာစောင်အား ကျိုင်းလပ်နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~