ေဒသသံုး တစ္ပိုင္တစ္ႏိုင္သစ္ခုတ္ခြင့္ ကယားျပည္နယ္အစိုးရထံ ခြင့္ျပဳခ်က္ယူရန္ ဝန္ႀကီးတိုက္တြန္း ဆန္းၿဖိဳးထြန္း

ေဒသသံုး တစ္ပိုင္တစ္ႏိုင္သစ္ခုတ္ခြင့္ ကယားျပည္နယ္အစိုးရထံ ခြင့္ျပဳခ်က္ယူရန္ ဝန္ႀကီးတိုက္တြန္း ဆန္းၿဖိဳးထြန္း
မေ 18, 2017
By Tachileik News Agency

ကယားျပည္နယ္တြင္ ေဒသခံမ်ား အိမ္ေဆာက္ရန္ႏွင့္ အေထြေထြအသုံးျပဳရန္ အတြက္ တစ္ပိုင္တစ္ႏိုင္ သစ္ခုတ္ယူ သုံးစြဲခြင့္အတြက္ ျပည္နယ္အစိုးရထံ ခြင့္ျပဳခ်က္ေတာင္းရန္ ကယားျပည္နယ္အစိုးရအဖြဲ႕ဝင္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဦးတီရယ္က တိုက္တြန္းလိုက္သည္။

"ကၽြန္ေတာ္တို႔ ျပည္နယ္မွာက အဲဒီအတြက္ သစ္ေတာဥပေဒမ႐ွိဘူး။ မိမိသုံးဆိုရင္ ေလးငါးဆယ္တန္ ေပါ့။ ကိုယ့္ေတာထဲ ေတာင္ထဲမွာ ခုတ္မယ္ဆိုရင္ ရပ္ကြက္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြ၊ ရပ္/ေက်းစာေရးေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကိုေျပာျပ တစ္ဆင့္ ကြၽန္ေတာ္တို႔ကို ေျပာရင္ ကၽြန္ေတာ္သြား ဖမ္းစရာမ႐ွိဘူး။ သုံးပါ တစ္ပိုင္တစ္ႏိုင္ေတာ့။ ႏိုင္ငံျခားနဲ႔ တျခားျပည္နယ္ေတြကို မထြက္ရင္ၿပီးတာပဲ။ ကၽြန္ေတာ္တုိ႔ ျပည္သူေတြ သုံးဖို႔ေလ။ ဒါေပမယ့္ ကၽြန္ေတာ့့္ကို အေၾကာင္းၾကားထားေပးေပါ့။ ဒါမွ တရားဝင္ျဖစ္မွာေလ "ဟု ကယားျပည္နယ္အစိုးရအဖြဲ႕ဝင္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ဦးတီရယ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို ႔ေျပာသည္။

ျပည္နယ္တြင္း႐ွိ အခ်ိဳ႕ေနရာမ်ားတြင္ သက္ဆိုင္ရာ လူႀကီးမ်ားမွတစ္ဆင့္ အသိေပး ခြင့္ေတာင္းမႈမ်ားျပဳလုပ္သည့္ အတြက္ သစ္ခုတ္ယူမႈအား ခြင့္ျပဳထားျခင္းမ်ားရိွေသာ္လည္း တရားဝင္ အေၾကာင္းၾကား၍ ခုတ္ယူသုံးစြဲသူ နည္းလြန္းေနေၾကာင္း ဝန္ႀကီးထံမွ သိရသည္။

" ကြၽန္ေတာ့္ဆီလာခြင့္ေတာင္းၿပီး ခုတ္ေနတာ ႐ွိတယ္။ ကိုယ္ပိုင္သုံးဖို႔ေပါ့ ။ ေဒသခံေတြသုံးတာ ရတယ္ေလ။ သူတို႔သုံးဖို႔ပဲ ဒီသစ္က။ တခ်ိဳ႕က ေဒသခံေတြ နာမည္သုံးၿပီး ခိုးထုတ္ေနတာေတြ ႐ွိတယ္။ ကၽြန္ေတာ္တို႔ ျပည္နယ္က သစ္ေတြကို အျပင္ဖက္လုံးဝ အထြက္မခံေတာ့ဘူး။ တရားမဝင္ရင္ေတာ့ အကုန္ဖမ္းရမွာပဲ"ဟု ဝန္ႀကီးက ေျပာသည္။

ကယားျပည္နယ္အစိုးရသစ္လက္ထက္တြင္ တရားမဝင္ သစ္မ်ားအား ဖမ္းဆီးမႈ တန္ (၇၀၀)ေက်ာ္႐ွိၿပီ ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်တွင် ဒေသခံများ အိမ်ဆောက်ရန်နှင့် အထွေထွေအသုံးပြုရန် အတွက် တစ်ပိုင်တစ်နိုင် သစ်ခုတ်ယူ သုံးစွဲခွင့်အတွက် ပြည်နယ်အစိုးရထံ ခွင့်ပြုချက်တောင်းရန် ကယားပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က တိုက်တွန်းလိုက်သည်။

"ကျွန်တော်တို့ ပြည်နယ်မှာက အဲဒီအတွက် သစ်တောဥပဒေမရှိဘူး။ မိမိသုံးဆိုရင် လေးငါးဆယ်တန် ပေါ့။ ကိုယ့်တောထဲ တောင်ထဲမှာ ခုတ်မယ်ဆိုရင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရပ်/ကျေးစာရေးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကိုပြောပြ တစ်ဆင့် ကျွန်တော်တို့ကို ပြောရင် ကျွန်တော်သွား ဖမ်းစရာမရှိဘူး။ သုံးပါ တစ်ပိုင်တစ်နိုင်တော့။ နိုင်ငံခြားနဲ့ တခြားပြည်နယ်တွေကို မထွက်ရင်ပြီးတာပဲ။ ကျွန်တော်တို့ ပြည်သူတွေ သုံးဖို့လေ။ ဒါပေမယ့် ကျွန်တော့်ကို အကြောင်းကြားထားပေးပေါ့။ ဒါမှ တရားဝင်ဖြစ်မှာလေ "ဟု ကယားပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ပြည်နယ်တွင်းရှိ အချို့နေရာများတွင် သက်ဆိုင်ရာ လူကြီးများမှတစ်ဆင့် အသိပေး ခွင့်တောင်းမှုများပြုလုပ်သည့် အတွက် သစ်ခုတ်ယူမှုအား ခွင့်ပြုထားခြင်းများရှိသော်လည်း တရားဝင် အကြောင်းကြား၍ ခုတ်ယူသုံးစွဲသူ နည်းလွန်းနေကြောင်း ဝန်ကြီးထံမှ သိရသည်။

" ကျွန်တော့်ဆီလာခွင့်တောင်းပြီး ခုတ်နေတာ ရှိတယ်။ ကိုယ်ပိုင်သုံးဖို့ပေါ့။ ဒေသခံတွေသုံးတာ ရတယ်လေ။ သူတို့သုံးဖို့ပဲ ဒီသစ်က။ တချို့က ဒေသခံတွေ နာမည်သုံးပြီး ခိုးထုတ်နေတာတွေ ရှိတယ်။ ကျွန်တော်တို့ ပြည်နယ်က သစ်တွေကို အပြင်ဖက်လုံးဝ အထွက်မခံတော့ဘူး။ တရားမဝင်ရင်တော့ အကုန်ဖမ်းရမှာပဲ"ဟု ဝန်ကြီးက ပြောသည်။

ကယားပြည်နယ်အစိုးရသစ်လက်ထက်တွင် တရားမဝင် သစ်များအား ဖမ်းဆီးမှု တန် (၇၀၀)ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~