၂၀၁၇ ခုႏွစ္ထုတ္ HONDA PCX 150 လိုင္စင္မဲ့ဆိုင္ကယ္အား စည္းၾကပ္တန္ဖိုး၏ထက္ဝက္ ဒဏ္ေၾကးသတ္မွတ္

၂၀၁၇ ခုႏွစ္ထုတ္ HONDA PCX 150 လိုင္စင္မဲ့ဆိုင္ကယ္အား စည္းၾကပ္တန္ဖိုး၏ထက္ဝက္ ဒဏ္ေၾကးသတ္မွတ္
မေ 15, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း လိုင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္မ်ားအား စည္းၾကပ္တန္ဖိုး၏ ေလးပံုတစ္ပံုကို ဒဏ္ေၾကး သတ္မွတ္၍ ယာဥ္မွတ္ပံုတင္ လုပ္ေပးေနေသာ္လည္း ၂၀၁၇ ခုႏွစ္ထုတ္ HONDA PCX 150 မွာ စည္းၾကပ္တန္ဖိုး၏ ထက္ဝက္ဒဏ္ေၾကးေဆာင္ရမည္ျဖစ္သျဖင့္ ဒဏ္ေၾကးအျမင့္ဆံုး ေမာ္ဒယ္ျဖစ္လာေၾကာင္း သိရသည္။

“ဒီဆိုင္ကယ္ေတြက အေကာက္ခြန္က ဒဏ္ေၾကးသတ္မွတ္ထားတဲ့စာရင္းမွာ မပါရင္ ျပည္နယ္ကို ေမးပါတယ္။ အဲဒီမွာ ျပည္နယ္က သတ္မွတ္ေပးတဲ့အတိုင္းပါပဲ။ ကၽြန္ေတာ္တို႔ ကညနကေတာ့ သံုးေသာင္းပဲ က်ပါတယ္”ဟု ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ တာခ်ီလိတ္ခရိုင္ဦးစီးမွဴး ဦးစိုုင္းလံုေက်ာက္က ေမလ (၁၅)ရက္ေန႔တြင္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ရွမ္းျပည္နယ္အတြင္း ၂၀၁၇ ခုႏွစ္ မတ္လ (၁)ရက္ေန႔မွစ၍ ကုန္းလမ္းပို႔ ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနရံုးမ်ားတြင္ အပတ္စဥ္ ဗုဒၶဟူးေန႔တိုင္း လိုိုင္စင္မဲ့ဆုိင္ကယ္မ်ား လိုင္စင္ ထုတ္ေပးျခင္းအား ေဆာင္ရြက္ေနရာ အေကာက္ခြန္ဦးစီးဌာနမွ ဒဏ္ေၾကး သတ္မွတ္ ထုတ္ျပန္ေပးထားသည့္ မူလစာရင္းတြင္ မပါဝင္သည့္ ေမာ္ဒယ္ျမင့္ ဆိုင္ကယ္မ်ားအတြက္ ဒဏ္ေၾကး သတ္မွတ္ခ်က္မ်ား ေမလ ဒုတိယပတ္က ထြက္လာျခင္းျဖစ္သည္။

 "အခု စာထြက္ထားတဲ့ဟာက ရွမ္းျပည္နယ္ ေတာင္ႀကီး အေကာက္ခြန္က ေပးလာတဲ့ စာျဖစ္ပါတယ္။ ေစ်းနႈန္းေတြ ေျပာင္းတာေတာ့ မဟုတ္ဘူးဗ်။ အရင္တုန္းက ေပးလာတဲ႔ အမ်ိဳးအစား နႈန္းထားေတြမွာ မပါတဲ့ ဆိုင္ကယ္ အမ်ိဳးအမည္ေတြ အတြက္ စည္းၾကပ္တန္ဖိုးပါ။ ထုတ္လုပ္တဲ့ နိုင္ငံက ထိုင္းႏိုင္ငံပါပဲ။ ရွမ္းျပည္နယ္အတြင္းမွာရိွတဲ့ ရုံးေတြက (၈)ရုံး ရိွတယ္ေလ။ အဲဒီရုံးေတြကေန တက္လာတဲ႔ ေမးခြန္းေတြ အေပၚ မူတည္ၿပီး အေကာက္ခြန္ဦးစီးဌာနက စိစစ္ၿပီးမွ ဒီစည္းၾကပ္တန္ဖိုးေတြကို ျပန္ၿပီးေတာ႔ ထုတ္ေပးတာ ျဖစ္ပါတယ္။ ဒဏ္ေၾကးေတြကေတာ႔ မေျပာင္းပါဘူး"ဟု ရွမ္းျပည္နယ္ ကုန္းလမ္းပုိ႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနမွ တြဲဖက္ျပည္နယ္ဦးစီးမွဴး ဦးထင္ေပၚက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဆိုင္ကယ္လိုင္စင္အတြက္ ဒဏ္ေၾကးအျဖစ္ ဆိုင္ကယ္၏ စည္းၾကပ္တန္ဖိုး(AV)၏ ေလးပံုတစ္ပံုကို သတ္မွတ္ေကာက္ခံ ေနေသာ္လည္း အသစ္ထြက္ရိွလာသည့္ ဆိုင္ကယ္ေမာ္ဒယ္အမ်ိဳးအစား (၄)မ်ိဳး၏ ဒဏ္ေၾကးသတ္မွတ္ခ်က္မ်ားအနက္ (၂၀၁၇)ခုႏွစ္ထုတ္ HONDA PCX 150 အတြက္ ဒဏ္ေၾကးမွာ စည္းၾကပ္တန္ဖိုး(AV)၏ ထက္ဝက္ျဖစ္ေနသျဖင့္ လိုင္စင္လုပ္ရန္ စိတ္ဝင္စားသူ နည္းသြားေၾကာင္း သိရသည္။

" PCXက (၂၀၁၇)ထုတ္ဆိုေတာ့ (၂၅)သိန္းေလာက္က်မယ္ေျပာေတာ့ မတတ္နိုင္လို႔ ျပန္သြားၿပီ။ CBR သမားလည္း ျပန္သြားၿပီ။ တစ္ကယ္လည္း အဲဒီဆ္ိုင္ကယ္ေတြအတြက္ စည္းၾကပ္တန္ဖိုးက မ်ားတယ္လို႔ ျမင္တယ္။ ကြ်န္ေတာ္သာဆိုရင္လည္း အဲဒီ ဆိုင္ကယ္အတြက္ လိုင္စင္လုပ္မွာ မဟုတ္ဘူး။ အင္ဂ်င္ပါဝါ (၁၅၀)စီစီေအာက္ ေတြကေတာ႔ ေစ်းက ပုံမွန္အတိုင္းပါပဲ"ဟု က်ိဳင္းတံုၿမိဳ႕တြင္ ဆိုင္ကယ္လိုင္စင္ လာေရာက္ေလွ်ာက္ထားသူတစ္ဦးက ေျပာသည္။

အေကာက္ခြန္ဦးစီးဌာနမွ ေမလ ဒုတိယအပတ္အတြင္း အသစ္ထြက္လာသည့္္ ဒဏ္ေၾကးသတ္မွတ္နႈန္းထားတြင္ စည္းၾကပ္တန္ဖိုး က်ပ္သိန္း(၁၂၀)ရိွသည့္ (၂၀၁၆)ခုနွစ္ထုတ္HONDA CBR 500 အတြက္ ဒဏ္ေၾကးမွာ က်ပ္သိန္း(၃၀)၊ စည္းၾကပ္တန္ဖိုး က်ပ္(၆၅)သိန္းရိွေသာ STALLIONS အတြက္ ဒဏ္ေၾကးမွာ (၁၆၂၅၀၀၀)က်ပ္၊ စည္းၾကပ္တန္ဖိုး က်ပ္(၃၅)သိန္းရိွသည့္ (၂၀၁၅) ခုႏွစ္ထုတ္ HONDA PCX 150 အတြက္ ဒဏ္ေၾကးမွာ (၈၇၅၀၀၀)က်ပ္နွင္႔ စည္းၾကပ္တန္ဖိုး က်ပ္သိန္း (၅၀)ရိွသည့္ (၂၀၁၇)ခုႏွစ္ထုတ္ HONDA PCX 150 အတြက္ ဒဏ္ေၾကးမွာ က်ပ္(၂၅)သိန္းတို႔ ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား စည်းကြပ်တန်ဖိုး၏ လေးပုံတစ်ပုံကို ဒဏ်ကြေး သတ်မှတ်၍ ယာဉ်မှတ်ပုံတင် လုပ်ပေးနေသော်လည်း ၂၀၁၇ ခုနှစ်ထုတ် HONDA PCX 150 မှာ စည်းကြပ်တန်ဖိုး၏ ထက်ဝက်ဒဏ်ကြေးဆောင်ရမည်ဖြစ်သဖြင့် ဒဏ်ကြေးအမြင့်ဆုံး မော်ဒယ်ဖြစ်လာကြောင်း သိရသည်။

“ဒီဆိုင်ကယ်တွေက အကောက်ခွန်က ဒဏ်ကြေးသတ်မှတ်ထားတဲ့စာရင်းမှာ မပါရင် ပြည်နယ်ကို မေးပါတယ်။ အဲဒီမှာ ပြည်နယ်က သတ်မှတ်ပေးတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ ကညနကတော့ သုံးသောင်းပဲ ကျပါတယ်”ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာချီလိတ်ခရိုင်ဦးစီးမှူး ဦးစိုင်းလုံကျောက်က မေလ (၁၅)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ရှမ်းပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် မတ်လ (၁)ရက်နေ့မှစ၍ ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးများတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင် ထုတ်ပေးခြင်းအား ဆောင်ရွက်နေရာ အကောက်ခွန်ဦးစီးဌာနမှ ဒဏ်ကြေး သတ်မှတ် ထုတ်ပြန်ပေးထားသည့် မူလစာရင်းတွင် မပါဝင်သည့် မော်ဒယ်မြင့် ဆိုင်ကယ်များအတွက် ဒဏ်ကြေး သတ်မှတ်ချက်များ မေလ ဒုတိယပတ်က ထွက်လာခြင်းဖြစ်သည်။

 "အခု စာထွက်ထားတဲ့ဟာက ရှမ်းပြည်နယ် တောင်ကြီး အကောက်ခွန်က ပေးလာတဲ့ စာဖြစ်ပါတယ်။ ဈေးနှုန်းတွေ ပြောင်းတာတော့ မဟုတ်ဘူးဗျ။ အရင်တုန်းက ပေးလာတဲ့ အမျိုးအစား နှုန်းထားတွေမှာ မပါတဲ့ ဆိုင်ကယ် အမျိုးအမည်တွေ အတွက် စည်းကြပ်တန်ဖိုးပါ။ ထုတ်လုပ်တဲ့ နိုင်ငံက ထိုင်းနိုင်ငံပါပဲ။ ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ ရုံးတွေက (၈)ရုံး ရှိတယ်လေ။ အဲဒီရုံးတွေကနေ တက်လာတဲ့ မေးခွန်းတွေ အပေါ် မူတည်ပြီး အကောက်ခွန်ဦးစီးဌာနက စိစစ်ပြီးမှ ဒီစည်းကြပ်တန်ဖိုးတွေကို ပြန်ပြီးတော့ ထုတ်ပေးတာ ဖြစ်ပါတယ်။ ဒဏ်ကြေးတွေကတော့ မပြောင်းပါဘူး"ဟု ရှမ်းပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တွဲဖက်ပြည်နယ်ဦးစီးမှူး ဦးထင်ပေါ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆိုင်ကယ်လိုင်စင်အတွက် ဒဏ်ကြေးအဖြစ် ဆိုင်ကယ်၏ စည်းကြပ်တန်ဖိုး(AV)၏ လေးပုံတစ်ပုံကို သတ်မှတ်ကောက်ခံ နေသော်လည်း အသစ်ထွက်ရှိလာသည့် ဆိုင်ကယ်မော်ဒယ်အမျိုးအစား (၄)မျိုး၏ ဒဏ်ကြေးသတ်မှတ်ချက်များအနက် (၂၀၁၇)ခုနှစ်ထုတ် HONDA PCX 150 အတွက် ဒဏ်ကြေးမှာ စည်းကြပ်တန်ဖိုး(AV)၏ ထက်ဝက်ဖြစ်နေသဖြင့် လိုင်စင်လုပ်ရန် စိတ်ဝင်စားသူ နည်းသွားကြောင်း သိရသည်။

" PCXက (၂၀၁၇)ထုတ်ဆိုတော့ (၂၅)သိန်းလောက်ကျမယ်ပြောတော့ မတတ်နိုင်လို့ ပြန်သွားပြီ။ CBR သမားလည်း ပြန်သွားပြီ။ တစ်ကယ်လည်း အဲဒီဆို်င်ကယ်တွေအတွက် စည်းကြပ်တန်ဖိုးက များတယ်လို့ မြင်တယ်။ ကျွန်တော်သာဆိုရင်လည်း အဲဒီ ဆိုင်ကယ်အတွက် လိုင်စင်လုပ်မှာ မဟုတ်ဘူး။ အင်ဂျင်ပါဝါ (၁၅၀)စီစီအောက် တွေကတော့ ဈေးက ပုံမှန်အတိုင်းပါပဲ"ဟု ကျိုင်းတုံမြို့တွင် ဆိုင်ကယ်လိုင်စင် လာရောက်လျှောက်ထားသူတစ်ဦးက ပြောသည်။

အကောက်ခွန်ဦးစီးဌာနမှ မေလ ဒုတိယအပတ်အတွင်း အသစ်ထွက်လာသည့် ဒဏ်ကြေးသတ်မှတ်နှုန်းထားတွင် စည်းကြပ်တန်ဖိုး ကျပ်သိန်း(၁၂၀)ရှိသည့် (၂၀၁၆)ခုနှစ်ထုတ်HONDA CBR 500 အတွက် ဒဏ်ကြေးမှာ ကျပ်သိန်း(၃၀)၊ စည်းကြပ်တန်ဖိုး ကျပ်(၆၅)သိန်းရှိသော STALLIONS အတွက် ဒဏ်ကြေးမှာ (၁၆၂၅၀၀၀)ကျပ်၊ စည်းကြပ်တန်ဖိုး ကျပ်(၃၅)သိန်းရှိသည့် (၂၀၁၅) ခုနှစ်ထုတ် HONDA PCX 150 အတွက် ဒဏ်ကြေးမှာ (၈၇၅၀၀၀)ကျပ်နှင့် စည်းကြပ်တန်ဖိုး ကျပ်သိန်း (၅၀)ရှိသည့် (၂၀၁၇)ခုနှစ်ထုတ် HONDA PCX 150 အတွက် ဒဏ်ကြေးမှာ ကျပ်(၂၅)သိန်းတို့ ဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~