တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ လက်ဖက်ခြံအတွင်း မြှပ်ထားသည့် ကျပ်သိန်းပေါင်း လေးထောင်ကျော်ဖိုး စိတ်ကြွဆေးများ ဖမ်းဆီးရမိ

တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ လက်ဖက်ခြံအတွင်း မြှပ်ထားသည့် ကျပ်သိန်းပေါင်း လေးထောင်ကျော်ဖိုး စိတ်ကြွဆေးများ ဖမ်းဆီးရမိ
မေ 29, 2017
By Tachileik News Agency


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံချက်အား ရေးဆွဲဆောင်ရွက်လျက်ရှိရာ မေလ (၂၉)ရက်နေ့ နံနက် (၁၁)နာရီအချိန်တွင် နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လက်ဖက်ခြံအတွင်း ရှာဖွေရာ အားဂျေနှင့် မာထတို့နှစ်ဦးအား တွေ့ရပြီး မြေကြီးအတွင်းမြှပ်ထားသည့် သံသေတ္တာနှစ်လုံးအတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၂၁၈၄၀၀)ပြား၊ အလေးချိန် (၂၁.၈၄) ကီလိုခန့် ၊ စိတ်ကြွဆေးပြားပြုလုပ်ရန် အသင့်ရောစပ်ထားသည့် ပန်းရောင်အမှုန့် အလေးချိန် (၅)ကီလိုခန့်ပါ (၁)ထုပ်နှင့် စိတ်ကြွဆေးပြားပြုလုပ်ရန် အသင့်ရောစပ်ထားသည့် ရေစိုပျက်စီးနေသော ပန်းရောင်အမှုန့် အလေးချိန် ( ၂ )ကီလိုခန့်ပါ (၁)ထုပ်တို့အား ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းအုပ်စု၊ ပါခါးကျေးရွာအနီးရှိ လက်ဖက်ခြံအား တာချီလိတ်တပ်နယ်မှ တာဝန်ရှိသူများ နှင့် မူးယစ်တပ်ဖွဲ့ပါဝင်သည့် ပူးပေါင်းအဖွဲ့က မေလ (၂၉)ရက်တွင် ဝင်ရောက်ရှာဖွေရာ မြေကျင်းအတွင်း မြှုပ်ထားသော သံသေတ္တာနှစ်လုံးအတွင်းမှ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၄၁၇၆) ရှိသည့် စိတ်ကြွဆေးပြားများ ရှာဖွေတွေ့ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံချက်အား ရေးဆွဲဆောင်ရွက်လျက်ရှိရာ မေလ (၂၉)ရက်နေ့ နံနက် (၁၁)နာရီအချိန်တွင် နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လက်ဖက်ခြံအတွင်း ရှာဖွေရာ အားဂျေနှင့် မာထတို့နှစ်ဦးအား တွေ့ရပြီး မြကြေီးအတွင်းမြှပ်ထားသည့် သံသေတ္တာနှစ်လုံးအတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၂၁၈၄၀၀)ပြား၊ အလေးချိန် (၂၁.၈၄) ကီလိုခန့်၊ စိတ်ကြွဆေးပြားပြုလုပ်ရန် အသင့်ရောစပ်ထားသည့် ပန်းရောင်အမှုန့် အလေးချိန် (၅)ကီလိုခန့်ပါ (၁)ထုပ်နှင့် စိတ်ကြွဆေးပြားပြုလုပ်ရန် အသင့်ရောစပ်ထားသည့် ရေစိုပျက်စီးနေသော ပန်းရောင်အမှုန့် အလေးချိန် ( ၂ )ကီလိုခန့်ပါ (၁)ထုပ်တို့အား ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ အားဂျေနှင့် မာထတို့နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၃၀/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/ ၁၉(က)/၂၁ အရ အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~