တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် (၄)ရက်တိုင်တိုင် စာပေဟောပြောပွဲ ကျင်းပမည်

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် (၄)ရက်တိုင်တိုင် စာပေဟောပြောပွဲ ကျင်းပမည်
မေ 21, 2017
By Tachileik News Agency




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် တာချီလိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျင်းပပြုလုပ်သည့် စာပေဟောပြောပွဲအား မေလ(၂၂)ရက်နေ့မှ မေလ(၂၅)ရက်နေ့အထိ ညစဉ် (၇)နာရီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ စာရေးဆရာ (၂)ဦးနှင့် ရုပ်ရှင်ဗီဒီယိုသရုပ်ဆောင် ဗေလုဝတို့မှ ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)၊ စာရေးဆရာ ဇော်ခိုင်ဦး(မန္တလေး) နှင့် ရုပ်ရှင်ဗီဒီယိုသရုပ်ဆောင် ဗေလုဝတို့ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~