တာခ်ီလိတ္ၿမိဳ႕မရဲစခန္း၏ အခ်ဳပ္ခန္းရွိ တရားခံမ်ားအား စခန္းမွဴးႏွင့္ မူးယစ္တပ္ဖြဲ႕ ဒုရဲမွဴးတို႔က ပံ့ပိုးမႈပိုင္းဆိုင္ရာ ေတြ႕ဆံုရွင္းလင္း

တာခ်ီလိတ္ၿမိဳ႕မရဲစခန္း၏ အခ်ဳပ္ခန္းရွိ တရားခံမ်ားအား စခန္းမွဴးႏွင့္ မူးယစ္တပ္ဖြဲ႕ ဒုရဲမွဴးတို႔က ပံ့ပိုးမႈပိုင္းဆိုင္ရာ ေတြ႕ဆံုရွင္းလင္း
မေ 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕မရဲစခန္းရွိအခ်ဳပ္ခန္းထဲမွ အခ်ဳပ္တရားခံမ်ားအား ႏိုင္ငံေတာ္မွ ပံ့ပိုးမႈ၊ ရဲတပ္ဖြဲ႔၏ အစီအစဥ္ျဖင့္ ပံ့ပိုးမႈ အေျခအေနမ်ားကို စခန္းမွဴး ဒုရဲမွဴးထိန္လင္းႏွင့္ မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ ဒုရဲမွဴး သက္ေမာင္ တို႔က ေမလ (၂၇) ရက္တြင္ ေတြ႔ဆံုရွင္းလင္းေဆြးေႏြးေၾကာင္း သိရသည္။

အခ်ဳပ္တရားခံမ်ားအား ႏုိင္ငံေတာ္ခြင့္ျပဳ စရိတ္ျဖင့္ အစားအေသာက္မ်ား ေကၽြးေမြးမႈ အေျခအေန၊ ရဲတပ္ဖြဲ႕၏ အစီအစဥ္ျဖင့္ ေရ၊ မီး၊ မိလႅာႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈေပးသည့္ အေျခအေန၊ အဝတ္အထည္ႏွင့္ ေစာင္မ်ား ေပးအပ္လွဴဒါန္းမႈ အေျခအေန၊ လြတ္လပ္စြာ ဧည့္ေတြ႕ခြင့္၊ ေရွ႕ေနႏွင့္ ေတြ႔ဆံု၍ မႈခင္းကိစၥမ်ား ေဆြးေႏြးခြင့္၊ လူ႔အခြင့္အေရးတန္းတူ ညီမွ် ရရိွေရးအတြက္ ၾကပ္မတ္ေဆာင္ရြက္မႈ အေျခအေနမ်ား၊ အခ်ဳပ္တရားခံမ်ား၏ လိုအပ္ခ်က္မ်ားအေပၚ ဥပေဒႏွင့္အညီ ျဖည့္ဆည္းေပးမည့္ အေၾကာင္းတို႔အား စခန္းမွဴး ဒုရဲမွဴး ထိန္လင္းက ရွင္းလင္းေဆြးေႏြးေၾကာင္း သိရသည္။

ယင္းေနာက္ မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ ဒုရဲမွဴးသက္ေမာင္က မူးယစ္ေဆးဝါး သံုးစြဲေရာင္းဝယ္ေဖာက္ကားမႈေၾကာင့္ ဆံုးရံႈးမႈမ်ားႏွင့္ႏိုင္ငံေတာ္မွ လုပ္အားဆံုးရံႈးမႈ၊ ထိန္းသိမ္းစရိတ္ က်ခံသံုးစြဲစရိတ္ ဆံုးရံႈးမႈတို႔အား ရွင္းလင္းေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မရဲစခန်းရှိအချုပ်ခန်းထဲမှ အချုပ်တရားခံများအား နိုင်ငံတော်မှ ပံ့ပိုးမှု၊ ရဲတပ်ဖွဲ့၏ အစီအစဉ်ဖြင့် ပံ့ပိုးမှု အခြေအနေများကို စခန်းမှူး ဒုရဲမှူးထိန်လင်းနှင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ဒုရဲမှူး သက်မောင် တို့က မေလ (၂၇) ရက်တွင် တွေ့ဆုံရှင်းလင်းဆွေးနွေးကြောင်း သိရသည်။

အချုပ်တရားခံများအား နိုင်ငံတော်ခွင့်ပြု စရိတ်ဖြင့် အစားအသောက်များ ကျွေးမွေးမှု အခြေအနေ၊ ရဲတပ်ဖွဲ့၏ အစီအစဉ်ဖြင့် ရေ၊ မီး၊ မိလ္လာနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အခြေအနေ၊ အဝတ်အထည်နှင့် စောင်များ ပေးအပ်လှူဒါန်းမှု အခြေအနေ၊ လွတ်လပ်စွာ ဧည့်တွေ့ခွင့်၊ ရှေ့နေနှင့် တွေ့ဆုံ၍ မှုခင်းကိစ္စများ ဆွေးနွေးခွင့်၊ လူ့အခွင့်အရေးတန်းတူ ညီမျှ ရရှိရေးအတွက် ကြပ်မတ်ဆောင်ရွက်မှု အခြေအနေများ၊ အချုပ်တရားခံများ၏ လိုအပ်ချက်များအပေါ် ဥပဒေနှင့်အညီ ဖြည့်ဆည်းပေးမည့် အကြောင်းတို့အား စခန်းမှူး ဒုရဲမှူး ထိန်လင်းက ရှင်းလင်းဆွေးနွေးကြောင်း သိရသည်။

ယင်းနောက် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ဒုရဲမှူးသက်မောင်က မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်ဖောက်ကားမှုကြောင့် ဆုံးရှုံးမှုများနှင့်နိုင်ငံတော်မှ လုပ်အားဆုံးရှုံးမှု၊ ထိန်းသိမ်းစရိတ် ကျခံသုံးစွဲစရိတ် ဆုံးရှုံးမှုတို့အား ရှင်းလင်းကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~