တာချီလိတ်ယာဉ်ထိန်းတပ်ဖွဲ့က ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေးနှင့် ဥပဒေသစ်အကြောင်း ပညာပေး

တာချီလိတ်ယာဉ်ထိန်းတပ်ဖွဲ့က ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေးနှင့် ဥပဒေသစ်အကြောင်း ပညာပေး
မေ 9, 2017
By Tachileik News Agency



ယာဉ်မောင်းနှင်သူများအနေဖြင့် မီးပွိုင့်များတွင် အရှိန်လျှော့၍ မီးပွိုင့်အချက်ပြမှုအားလိုက်နာရန်၊ ဆိုင်ကယ်စီး ဦးထုပ်အား မေးသိုင်းကြိုးတပ်၍ ဆောင်းရန်၊ ဆိုင်ကယ်အား နှစ်ဦးထက်ပို၍ တင်ဆောင် မောင်းနှင်ခြင်းမပြုရန်၊ အရှိန်ပြင်းစွာမောင်းနှင်ခြင်းမပြုရန်၊ သတ်မှတ်ယာဉ်ကြောအတိုင်းမောင်းနှင်ရန်၊ ယာဉ်ကြောလု၍ ကျော်တက်ခြင်းမပြုရန်၊ သံစုံဟွန်းနှင့် ပါဝါအိတ်ဇောများ မတပ်ရန်၊ ဆိုင်ကယ် နောက်ကြည့်မှန် တပ်ဆင်ရန်၊ စည်းကမ်းပျက်မောင်းနှင်သော မော်တော်ယာဉ်၊ဆိုင်ကယ်များအား မော်တော်ယာဉ် ဥပဒေဖြင့် တရားစွဲ အရေးယူသွားမည့်အကြောင်းနှင့် မော်တော်ယာဉ် ဥပဒေသစ်အကြောင်းတို့အား ပညာပေးလက်ကမ်းစာစောင်တွင် ဖော်ပြပေးထားခြင်းဖြစ်သည်။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးနှင့် မော်တော်ယာဉ် ဥပဒေသစ်အကြောင်း အသိပညာပေး လက်ကမ်းစာစောင်များကို အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုက မေလ (၈)ရက်နေ့က ဖြန့်ဝေပေးကြောင်း သိရသည်။

ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည် နံနက် (၉)နာရီခွဲမှ နေ့လယ် (၁၁)နာရီခွဲအထိ တာချီလိတ်မြို့တွင်း လမ်းများတွင် သွားလာနေသည့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်မောင်းနှင်သူများအား လက်ကမ်း စာစောင်များ ဖြန့်ဝေသတိပေးခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်းနှင်သူများအနဖြေင့် မီးပွိုင့်များတွင် အရှိန်လျှော့၍ မီးပွိုင့်အချက်ပြမှုအားလိုက်နာရန်၊ ဆိုင်ကယ်စီး ဦးထုပ်အား မေးသိုင်းကြိုးတပ်၍ ဆောင်းရန်၊ ဆိုင်ကယ်အား နှစ်ဦးထက်ပို၍ တင်ဆောင် မောင်းနှင်ခြင်းမပြုရန်၊ အရှိန်ပြင်းစွာမောင်းနှင်ခြင်းမပြုရန်၊ သတ်မှတ်ယာဉ်ကြောအတိုင်းမောင်းနှင်ရန်၊ ယာဉ်ကြောလု၍ ကျော်တက်ခြင်းမပြုရန်၊ သံစုံဟွန်းနှင့် ပါဝါအိတ်ဇောများ မတပ်ရန်၊ ဆိုင်ကယ် နောက်ကြည့်မှန် တပ်ဆင်ရန်၊ စည်းကမ်းပျက်မောင်းနှင်သော မော်တော်ယာဉ်၊ဆိုင်ကယ်များအား မော်တော်ယာဉ် ဥပဒဖြေင့် တရားစွဲ အရေးယူသွားမည့်အကြောင်းနှင့် မော်တော်ယာဉ် ဥပဒေသစ်အကြောင်းတို့အား ပညာပေးလက်ကမ်းစာစောင်တွင် ဖော်ပြပေးထားခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~