နယ္စပ္ဝင္ထြက္ လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္အစိုးရ ကိုယ္စားလွယ္ ဦးမင္းေအာင္ႏွင့္ ေတြ႔ဆံုျခင္း

နယ္စပ္ဝင္ထြက္ လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္အစိုးရ ကိုယ္စားလွယ္ ဦးမင္းေအာင္ႏွင့္ ေတြ႔ဆံုျခင္း
မေ 14, 2017
By Tachileik News Agency
“ထိခိုက္နစ္နာတယ္ဆိုလို႔ရွိရင္ ရွမ္းျပည္နယ္အစိုးရကိုျဖစ္ေစ ရွမ္းျပည္နယ္အစိုးရက တာဝန္ေပးထားတဲ့ ကိုယ္စားလွယ္ကိုျဖစ္ေစ၊ ကုန္သြယ္ေရးဌာနကိုျဖစ္ေစ တိုင္ၾကားနိုင္တယ္ “

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသမွ တရုတ္ႏုိင္ငံႏွင့္ တစ္ခုတည္းေသာ ကုန္းတြင္းပိုင္း ကုန္သြယ္မႈ လမ္းေၾကာင္း ျဖစ္သည့္ မိုင္းလားအထူးေဒသသ(၄)ရိွ ဂိတ္ႏွစ္ခုအား မိုင္းလားအထူးေဒသ (၄)တြင္ ဝင္ေရာက္ တပ္စြဲထားသည့္ “ဝ” တပ္ဖြဲ႕မ်ားက ေအာက္တိုဘာလ (၂၃)ရက္ေန႔မွစ၍ ျဖတ္သန္းခြင့္ ပိတ္ထားရာမွ ၂၀၁၇ ခုႏွစ္ ေမလ (၁၄)ရက္အထိ ျပန္လည္ ဖြင့္လွစ္ႏုိင္ျခင္း မရိွေသးဘဲျဖစ္ေနရာ ေဒသတြင္း ကုန္သြယ္မႈ လမ္းေၾကာင္းမ်ား၏ အေျခအေနအား ကုန္သြယ္မႈတိုးတက္ေရးအတြက္ နယ္စပ္ဝင္ထြက္ လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္အစိုးရ ကိုယ္စားလွယ္ျဖစ္သူ ဦးမင္းေအာင္အား ေမးျမန္းထားပါသည္။

TNA ။   ။  မိုင္းလားဂိတ္ျပန္ဖြင့္ႏုိင္မယ့္အေျခအေနရိွပါၿပီလား။
UMA ။   ။ လက္ရိွအခ်ိန္ထိ ကၽြန္ေတာ္တို႔ ေဆြးေႏြးေနတုန္းပဲရိွပါေသးတယ္။

TNA ။   ။ မိုင္းလားပိတ္ထားေနဆဲဆိုေတာ့ တရုတ္ႏုိင္ငံဘက္ကို ရွမ္းျပည္နယ္အေရွ႕ပိုင္း နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းေတြ အေျပာင္းအလဲ ရိွပါသလား။

UMA ။   ။ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွာက တရားဝင္သတ္မွတ္ထားတဲ့ နယ္စပ္ထြက္ေပါက္အေနနဲ႔ ဝမ္ပံုဆိပ္ကမ္းရွိမယ္။ တာခ်ီလိတ္မွာ တံတား (၁) နဲ႔ (၂)က တရားဝင္သတ္မွတ္ထားတယ္။ ေနာက္တစ္ခုက မိုင္းယုေပါ့ေနာ္။ တာခ်ီလိတ္ခရိုင္ မိုင္းေယာင္းၿမိဳ႕နယ္ မိုင္းယုကိုလည္း တရားဝင္ သတ္မွတ္ထားတယ္။ ဝမ္တာပင္းကေန မိုင္းလားကိုလည္း တရားဝင္သတ္မွတ္ထားတယ္။ မိုင္းခတ္၊ မိုင္းယန္းကေတာ့ တရားဝင္သတ္မွတ္ထားတာ မဟုတ္ဘူး။ ၂၀၁၆ ခုနွစ္ ေအာက္တိုဘာလ (၂၃) ရက္ေန႔ကေနစၿပီးေတာ့ လက္နက္ကိုင္တပ္ဖြဲ႔ေတြ စစ္ေရးတင္းမာလာေတာ့ ေဒသတြင္းကုန္သည္ေတြ အက်ပ္အတည္းမျဖစ္ေအာင္ သြားခြင့္ျပဳထားတဲ့လမ္း။ အဲဒီလမ္းေၾကာင္းကို ကုန္သည္ေတြကလည္း သိပ္သြားခ်င္တာမဟုတ္ဘူး။  သုိ႔ေသာ္လည္း တရားမဝင္သြားလို႔ရတဲ့လမ္းေတြက ဝမ္ပံုန႔ဲ တာခ်ီလိတ္တံတား (၂ )သြားတဲ့လမ္းမွာတင္ အမ်ားႀကီးရွိတယ္။

TNA ။   ။  ျပည္နယ္အစိုးရအေနနဲ႔ ေဒသတြင္းနယ္စပ္ကုန္သြယ္မႈေတြကို ႀကီးၾကပ္ေရး ကိုယ္စားလွယ္ခန္႔ထားၿပီး လုပ္ေဆာင္ေနတယ္ဆိုေတာ့ ရွမ္းျပည္နယ္အေရွ႕ပိုင္းက ကုန္သြယ္ေရး လမ္းေၾကာင္းေတြကိ ႀကီးၾကပ္ရာမွာ ဘယ္လိုအခက္အခဲေတြ ရိွပါသလဲ။

UMA ။   ။ ထိုင္းနဲ႔ျမန္မာဆိုတာ ေရမရွိတဲ့ ေခ်ာင္းေလးပဲျခားတယ္။ ခုနကလို တရားဝင္သတ္မွတ္ထားတဲ့ ေနရာေတြမွာလည္း တရားမဝင္သြားလို႔ရတဲ့ လမ္းေတြရွိသလို တရားမဝင္လမ္းေၾကာင္းေတြကေန တရားမဝင္လမ္းေၾကာင္းမ်ိဳးစံုနဲ႔ဝင္တယ္။ ဒါေတြကို ကၽြန္ေတာ္တို႔က ႀကီးၾကပ္ေပးရတဲ့ခါက်ေတာ့ ယာဥ္တစ္စီးကို အခါအားေလ်ာ္စြာစစ္ေဆးရတဲ့အခါက်ေတာ့ ကၽြန္ေတာ္တို႔က အေရးယူရေတာ့တာေပ့ါ။ အၿမဲတမ္း လုပ္ေနမယ္ဆို လမ္းပန္းဆက္သြယ္ေရး၊ ကုန္သြယ္ေရးေတြမွာ သြားလာရခက္ခဲရတာေတြ ျဖစ္လာမယ္။ ဒီကားႀကီးေတြေပၚမွာပါတဲ့ပစၥည္းေတြကို တျခားႏိုင္ငံမွာ အိပ္စေရး (X-ray)နဲ႔ဖတ္လိုက္တာနဲ႔ အကုန္လံုးကို ျမင္ႏိုင္ေတြ႔ႏိုင္ေပမယ့္ ကၽြန္ေတာ္တို႔မွာက်ေတာ့ အားနည္းခ်က္ေတြရွိေနတယ္။ ဒီမွာက ဘာနဲ႔မွမရိုက္ႏိုင္ဘူး။ ပစၥည္းအားလံုးခ်ၿပီး ရွာရတဲ့ခါက်ေတာ့လည္း ကုန္သည္မွာ အခ်ိန္ၾကာတယ္။ အတင္အခ်အလုပ္သမားခကို ကုန္သည္က က်ခံရတဲ့အတြက္ ဒါကလည္းပဲ အဆင္မေျပတဲ့ အခ်က္တစ္ခ်က္ေပါ့။ တရားမဝင္ကုန္သြယ္မႈမွာ အဓိက ပတ္သက္ေနတဲ့ အခ်က္တစ္ခ်က္ကလည္း ေခတ္မီစက္ကိရိယာေတြနဲ႔ မစစ္ေဆးႏိုင္တာ ကားတစ္စီးေပၚမွာ ေျပာင္းဘယ္ႏွစ္တန္ပါလဲဆိုတာ ကၽြန္ေတာ္တို႔ ကတၱားေတြနဲ႔ မစစ္ေဆးႏိုင္ဘူး။ တရားမဝင္ကုန္သြယ္မႈမွာ ဒါေတြကလည္း အေျခခံ အခ်က္ေတြျဖစ္တယ္။ ပစၥည္းကို ကုန္သည္ဆီက သိမ္းလိုက္တယ္။ ကုန္သည္ကို အေရးယူလိုက္တယ္ဆိုတာကလည္း သိပ္အဆင္မေျပဘူး။ သက္ဆိုင္ရာဌာနေတြကေနၿပီးေတာ့မွ ဒီလိုသြားခြင့္ျပဳလိုက္လို႔ ဒီလိုလာတာျဖစ္တဲ့အတြက္ ကုန္သည္ကို ပညာေပးလိုက္မယ္။ လမ္းမွန္ေရာက္ေအာင္ လုပ္မယ္။ သို႔ေသာ္ သက္ဆိုင္ရာဌာနက ဒီဝန္ထမ္းေတြ ဌာနေတြကို ကြ်န္ေတာ္တို႔က လိုအပ္ရင္ လိုအပ္သလို အေရးယူသြားမယ္။ ျဖဳတ္ပစ္ဖို႔အထိ မဟုတ္ေတာင္မွလည္း သတိေပးမယ္။ ေျပာင္းေရႊ႕မယ္။ လစာပရိုမိုးရွင္းေတြ ေလွ်ာ့တာမ်ိဳး၊ လစာနဲ႔ႏွစ္တိုးရပ္ဆိုင္းတာမ်ိဳး၊ ဝန္ခံကတိလက္မွတ္ထုိးေစတာ စတာေတြကိုလုပ္သြားမယ္။ မိရင္မိတဲ့ကုန္သည္ကိုပဲ အေရးယူေနတဲ့စနစ္ကလည္း တရားမဝင္ကုန္သြယ္မႈကို အားေပးေနတယ္။ အဓိက ပါဝင္ပတ္သက္တဲ့ ဝန္ထမ္းကက်ေတာ့ လြတ္ေနတယ္။ တခ်ိဳ႕ကုန္သည္က တစ္ကယ္သြားခ်င္တယ္။ လာတဲ့ကုန္သည္ကို ဒီလိုမလာနဲ႔ ဒီလိုလာပါဆိုၿပီး ဝန္ထမ္းေတြက လုပ္ေနတာ။ ဒါေၾကာင့္မို႔ တရားမဝင္ကုန္သြယ္မႈနဲ႔ပတ္သက္ၿပီးေတာ့ ကုန္သည္ကိုပဲ အေရးယူမယ္။ ကုန္သည္ကိုပဲ အျပစ္ေပးမယ္ဆိုရင္ ဒီလုပ္ငန္း ဘယ္ေတာ့မွ ၿပီးျပတ္မွာမဟုတ္ဘူး။

မွန္မွန္ကန္ကန္ လုပ္ခ်င္ေနတဲ့ ကုန္သည္ကို မမွန္မကန္နည္းလမ္းေတြနဲ႔ တခ်ိဳ႕ဝန္ထမ္းေတြက ဆြဲေဆာင္ေနတယ္။ ေငြေၾကးရယူေနတဲ့လုပ္ရပ္ေတြက တစ္ကယ္ရွိတယ္။ ကၽြန္ေတာ္ တရားဝင္ ေျပာရဲပါတယ္။ လိုအပ္ခ်က္ေတြရွိတယ္။ အထူးသျဖင့္ ရွမ္းအေရွ႕မွာက နယ္ေျမမတည္ၿငိမ္ဘူး။ အဲဒီေတာ့ တရားမဝင္ကုန္သြယ္မႈေတြကို ထိန္းသိမ္းရတဲ့အခါမွာ လိုအပ္ခ်က္ေတြ ရွိတယ္။ တရားဝင္လို႔ ထုတ္ေဖာ္မေျပာႏိုင္ေပမဲ့လည္း နားလည္မႈေလးေတြ ေပးရတဲ့အခါေတြရွိတယ္။ သြားလာ ကုန္က်စရိတ္တက္လာတာနဲ႔အမ်ွ ကုန္သည္က စီးပြားေရးကိုမလုပ္နိုင္ေတာ့ဘူး။ ဒီဟာက တစ္အခ်က္ အခြန္မရေတာ့ဘူး။ ေနာက္ကုန္သြယ္မႈလည္း ေလ်ာ့သြားမယ္။ ေဒသမွာတာဝန္ရွိသူေတြက ေျဖေလ်ာ့ေပးထားပါတယ္။ တစ္ခုေျပာခ်င္တာက ဒီေျဖေလ်ာ့ေပးမႈေတြကို ရပိုင္ခြင့္လို႔ မျမင္ၾကဖို႔။ ဒါက ေဒသခံေတြ၊ လုပ္ငန္းရွင္ေတြ၊ ျပည္သူေတြက ဒီလိုျမင္ေနၾကတယ္။ ဒါကို ဒီလိုျမင္ေနတာ ေရရွည္တိုင္းျပည္ အတြက္ေတာ့ မေကာင္းဘူး။ အရင္တုန္းကေတာ့ ျပည္သူလူထုအက်ိဳးစီးပြားအတြက္ ေျဖေလ်ာ့ေပးခဲ့တာ။ ခုေတာ့ ျပည္သူလူထုကရပိုင္ခြင့္လို႔ ထင္ေနၾကတာ။ ဒါကိုဒီလိုေတြးသြားရင္ေတာ့ ေရရွည္မွာ အစိုးရက ဘယ္ေလာက္ေကာင္းတာလုပ္လုပ္။ အဆင္ေျပမွာ မဟုတ္ဘူး။

TNA ။   ။  ျပည္နယ္အစိုးရအေနနဲ႔ နယ္စပ္လမ္းေၾကာင္းေတြကေန တရားဝင္ကုန္သြယ္ေရးျဖစ္ဖို႔၊ အခြန္ရရိွဖို႔ စည္းၾကပ္ေဆာင္ရြက္ေနသလို ဒီကုန္သြယ္ေရးလုပ္ေနတဲ့သူေတြ လုပ္ငန္းလုပ္ေဆာင္ရာမွာ အဆင္ေျပေစဖို႔ ဘယ္လိုမ်ား ေဆာင္ရြက္ေပးေနတာေတြ ရိွပါသလဲ။

UMA ။   ။ ရွမ္းျပည္နယ္ရဲ႕ နယ္စပ္ကုန္သြယ္မႈပမာဏမွာ မူဆယ္ကေတာ့ (၇၀) ရာခိုင္ႏႈန္း ေလာက္ရွိတာေပ့ါ။ ရွမ္းအေရွ႕ကေတာ့ (၃၀) ရာခိုင္ႏႈန္းေလာက္ရွိတယ္။ ဒီမွာရိွတဲ့ ကုန္သည္ လုပ္ငန္းရွင္ေတြ ပို႔ကုန္သြင္းကုန္ ဘယ္ကိစၥမဆို သက္ဆုိင္ရာအေကာက္ခြန္ဦးစီးဌာန၊ သက္ဆိုင္ရာ ကုန္သြယ္ေရးဌာနေတြမွာ ေမးလို႔ရတယ္။ ရွမ္းျပည္နယ္အစိုးရကို တိုက္ရိုက္ျဖစ္ေစ၊ တာဝန္လႊဲအပ္ထားတဲ့ ဌာနကိုျဖစ္ေစ ေျပာလို႔ရတယ္။ ခ်က္ခ်င္းေျဖရွင္းေဆာင္ရြက္ေပးတယ္။  တရားမဝင္ေငြေၾကးေတာင္းခံတဲ့ ဟာေတြကိုလည္းပဲ ရွမ္းျပည္နယ္အစိုးရကို တိုင္ၾကားလို႔ရသလို ရွမ္းျပည္နယ္အစိုးရက တာဝန္ ေပးအပ္ထားတဲ့ သူေတြကိုလည္းပဲ စာနဲ႔ေသာ္လည္းေကာင္း ဖုန္းနဲ႔ေသာ္လည္းေကာင္း တိုင္ၾကားလို႔ ရတယ္။ ဒါကို ကၽြန္ေတာ္တုိ႔က ေျဖရွင္းေပးမယ္။ လိုင္စင္နဲ႔ပတ္သက္လို႔ သံုးလေပးထားတယ္။ သံုးလၿပီးသြားရင္ ကုန္သြားၿပီလို႔ထင္ေနတယ္။ အဲဒါကမွားတယ္။ တကယ္ အဲဒီသံုးလအတြင္းမွာ မတင္ပို႔ႏိုင္ရင္ ဘယ္လိုေၾကာင့္ မတင္ပို႔ႏိုင္ေၾကာင္း သက္တမ္းတိုးလိုေၾကာင္းလာၿပီးေတာ့ ကုန္သြယ္ေရးမွာ သက္တမ္းတိုး ေလွ်ာက္ထားလို႔ရွိရင္ ေနာက္ထပ္ (၂) လ ထပ္ရမယ္။ အဲဒီ (၂) လမွာလည္းပဲ ဒီပစၥည္းကို မပို႔ႏိုင္ေသးလို႔ရွိရင္ သို႔မဟုတ္ ပို႔ရန္က်န္ေနေသးတယ္ဆိုလို႔ရွိရင္ ထပ္ၿပီးေတာ့ သက္တမ္းတိုးရင္ ေနာက္ (၁) လထပ္ေပးတယ္။ ပထမအႀကိမ္နဲ႔ သက္တမ္းတိုးေတြ ေပါင္းလိုက္ရင္ (၆) လေပါ့။ အဲဒါေလးကိုေတာ့ အသိေပးခ်င္တယ္။ ဒါေတြနဲ႔ပတ္သက္လို႔ ထိခိုက္နစ္နာတယ္ဆိုလို႔ရွိရင္ ရွမ္းျပည္နယ္အစိုးရကိုျဖစ္ေစ ရွမ္းျပည္နယ္အစိုးရက တာဝန္ေပးထားတဲ့ ကိုယ္စားလွယ္ကိုျဖစ္ေစ၊ ကုန္သြယ္ေရးဌာနကိုျဖစ္ေစ တိုင္ၾကားနိုင္တယ္လို႔ ကြ်န္ေတာ့္အေနန႔ဲအသိေပးခ်င္ပါတယ္။

TNA ။   ။ ေက်းဇူးတင္ပါတယ္။

ေတြ႔ဆံုေမးျမန္းသူ - ခ်ယ္ရီထိုက္

~~~~~~~~⊰❂ unicode ~~~~~~~~
“ထိခိုက်နစ်နာတယ်ဆိုလို့ရှိရင် ရှမ်းပြည်နယ်အစိုးရကိုဖြစ်စေ ရှမ်းပြည်နယ်အစိုးရက တာဝန်ပေးထားတဲ့ ကိုယ်စားလှယ်ကိုဖြစ်စေ၊ ကုန်သွယ်ရေးဌာနကိုဖြစ်စေ တိုင်ကြားနိုင်တယ် “

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှ တရုတ်နိုင်ငံနှင့် တစ်ခုတည်းသော ကုန်းတွင်းပိုင်း ကုန်သွယ်မှု လမ်းကြောင်း ဖြစ်သည့် မိုင်းလားအထူးဒေသသ(၄)ရှိ ဂိတ်နှစ်ခုအား မိုင်းလားအထူးဒေသ (၄)တွင် ဝင်ရောက် တပ်စွဲထားသည့် “ဝ” တပ်ဖွဲ့များက အောက်တိုဘာလ (၂၃)ရက်နေ့မှစ၍ ဖြတ်သန်းခွင့် ပိတ်ထားရာမှ ၂၀၁၇ ခုနှစ် မေလ (၁၄)ရက်အထိ ပြန်လည် ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘဲဖြစ်နေရာ ဒေသတွင်း ကုန်သွယ်မှု လမ်းကြောင်းများ၏ အခြေအနေအား ကုန်သွယ်မှုတိုးတက်ရေးအတွက် နယ်စပ်ဝင်ထွက် လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်ဖြစ်သူ ဦးမင်းအောင်အား မေးမြန်းထားပါသည်။

TNA ။   ။   မိုင်းလားဂိတ်ပြန်ဖွင့်နိုင်မယ့်အခြေအနေရှိပါပြီလား။
UMA ။   ။လက်ရှိအချိန်ထိ ကျွန်တော်တို့ ဆွေးနွေးနေတုန်းပဲရှိပါသေးတယ်။

TNA ။   ။   မိုင်းလားပိတ်ထားနေဆဲဆိုတော့ တရုတ်နိုင်ငံဘက်ကို ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ အပြောင်းအလဲ ရှိပါသလား။

UMA ။   ။ရှမ်းပြည်နယ်အရှေ့ပိုင်းမှာက တရားဝင်သတ်မှတ်ထားတဲ့ နယ်စပ်ထွက်ပေါက်အနေနဲ့ ဝမ်ပုံဆိပ်ကမ်းရှိမယ်။ တာချီလိတ်မှာ တံတား (၁) နဲ့ (၂)က တရားဝင်သတ်မှတ်ထားတယ်။ နောက်တစ်ခုက မိုင်းယုပေါ့နော်။ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် မိုင်းယုကိုလည်း တရားဝင် သတ်မှတ်ထားတယ်။ ဝမ်တာပင်းကနေ မိုင်းလားကိုလည်း တရားဝင်သတ်မှတ်ထားတယ်။ မိုင်းခတ်၊ မိုင်းယန်းကတော့ တရားဝင်သတ်မှတ်ထားတာ မဟုတ်ဘူး။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၃) ရက်နေ့ကနေစပြီးတော့ လက်နက်ကိုင်တပ်ဖွဲ့တွေ စစ်ရေးတင်းမာလာတော့ ဒေသတွင်းကုန်သည်တွေ အကျပ်အတည်းမဖြစ်အောင် သွားခွင့်ပြုထားတဲ့လမ်း။ အဲဒီလမ်းကြောင်းကို ကုန်သည်တွေကလည်း သိပ်သွားချင်တာမဟုတ်ဘူး။ သို့သော်လည်း တရားမဝင်သွားလို့ရတဲ့လမ်းတွေက ဝမ်ပုံနဲ့ တာချီလိတ်တံတား (၂ )သွားတဲ့လမ်းမှာတင် အများကြီးရှိတယ်။

TNA ။   ။   ပြည်နယ်အစိုးရအနေနဲ့ ဒေသတွင်းနယ်စပ်ကုန်သွယ်မှုတွေကို ကြီးကြပ်ရေး ကိုယ်စားလှယ်ခန့်ထားပြီး လုပ်ဆောင်နေတယ်ဆိုတော့ ရှမ်းပြည်နယ်အရှေ့ပိုင်းက ကုန်သွယ်ရေး လမ်းကြောင်းတွေကိ ကြီးကြပ်ရာမှာ ဘယ်လိုအခက်အခဲတွေ ရှိပါသလဲ။

UMA ။   ။ ထိုင်းနဲ့မြန်မာဆိုတာ ရေမရှိတဲ့ ချောင်းလေးပဲခြားတယ်။ ခုနကလို တရားဝင်သတ်မှတ်ထားတဲ့ နေရာတွေမှာလည်း တရားမဝင်သွားလို့ရတဲ့ လမ်းတွေရှိသလို တရားမဝင်လမ်းကြောင်းတွေကနေ တရားမဝင်လမ်းကြောင်းမျိုးစုံနဲ့ဝင်တယ်။ ဒါတွေကို ကျွန်တော်တို့က ကြီးကြပ်ပေးရတဲ့ခါကျတော့ ယာဉ်တစ်စီးကို အခါအားလျော်စွာစစ်ဆေးရတဲ့အခါကျတော့ ကျွန်တော်တို့က အရေးယူရတော့တာပေါ့။ အမြဲတမ်း လုပ်နေမယ်ဆို လမ်းပန်းဆက်သွယ်ရေး၊ ကုန်သွယ်ရေးတွေမှာ သွားလာရခက်ခဲရတာတွေ ဖြစ်လာမယ်။ ဒီကားကြီးတွေပေါ်မှာပါတဲ့ပစ္စည်းတွေကို တခြားနိုင်ငံမှာ အိပ်စရေး (X-ray)နဲ့ဖတ်လိုက်တာနဲ့ အကုန်လုံးကို မြင်နိုင်တွေ့နိုင်ပေမယ့် ကျွန်တော်တို့မှာကျတော့ အားနည်းချက်တွေရှိနေတယ်။ ဒီမှာက ဘာနဲ့မှမရိုက်နိုင်ဘူး။ ပစ္စည်းအားလုံးချပြီး ရှာရတဲ့ခါကျတော့လည်း ကုန်သည်မှာ အချိန်ကြာတယ်။ အတင်အချအလုပ်သမားခကို ကုန်သည်က ကျခံရတဲ့အတွက် ဒါကလည်းပဲ အဆင်မပြေတဲ့ အချက်တစ်ချက်ပေါ့။ တရားမဝင်ကုန်သွယ်မှုမှာ အဓိက ပတ်သက်နေတဲ့ အချက်တစ်ချက်ကလည်း ခေတ်မီစက်ကိရိယာတွေနဲ့ မစစ်ဆေးနိုင်တာ ကားတစ်စီးပေါ်မှာ ပြောင်းဘယ်နှစ်တန်ပါလဲဆိုတာ ကျွန်တော်တို့ ကတ္တားတွေနဲ့ မစစ်ဆေးနိုင်ဘူး။ တရားမဝင်ကုန်သွယ်မှုမှာ ဒါတွေကလည်း အခြေခံ အချက်တွဖြေစ်တယ်။ ပစ္စည်းကို ကုန်သည်ဆီက သိမ်းလိုက်တယ်။ ကုန်သည်ကို အရေးယူလိုက်တယ်ဆိုတာကလည်း သိပ်အဆင်မပြေဘူး။ သက်ဆိုင်ရာဌာနတွေကနပြေီးတော့မှ ဒီလိုသွားခွင့်ပြုလိုက်လို့ ဒီလိုလာတာဖြစ်တဲ့အတွက် ကုန်သည်ကို ပညာပေးလိုက်မယ်။ လမ်းမှန်ရောက်အောင် လုပ်မယ်။ သို့သော် သက်ဆိုင်ရာဌာနက ဒီဝန်ထမ်းတွေ ဌာနတွေကို ကျွန်တော်တို့က လိုအပ်ရင် လိုအပ်သလို အရေးယူသွားမယ်။ ဖြုတ်ပစ်ဖို့အထိ မဟုတ်တောင်မှလည်း သတိပေးမယ်။ ပြောင်းရွှေ့မယ်။ လစာပရိုမိုးရှင်းတွေ လျှော့တာမျိုး၊ လစာနဲ့နှစ်တိုးရပ်ဆိုင်းတာမျိုး၊ ဝန်ခံကတိလက်မှတ်ထိုးစေတာ စတာတွေကိုလုပ်သွားမယ်။ မိရင်မိတဲ့ကုန်သည်ကိုပဲ အရေးယူနေတဲ့စနစ်ကလည်း တရားမဝင်ကုန်သွယ်မှုကို အားပေးနေတယ်။ အဓိက ပါဝင်ပတ်သက်တဲ့ ဝန်ထမ်းကကျတော့ လွတ်နေတယ်။ တချို့ကုန်သည်က တစ်ကယ်သွားချင်တယ်။ လာတဲ့ကုန်သည်ကို ဒီလိုမလာနဲ့ ဒီလိုလာပါဆိုပြီး ဝန်ထမ်းတွေက လုပ်နေတာ။ ဒါကြောင့်မို့ တရားမဝင်ကုန်သွယ်မှုနဲ့ပတ်သက်ပြီးတော့ ကုန်သည်ကိုပဲ အရေးယူမယ်။ ကုန်သည်ကိုပဲ အပြစ်ပေးမယ်ဆိုရင် ဒီလုပ်ငန်း ဘယ်တော့မှ ပြီးပြတ်မှာမဟုတ်ဘူး။

မှန်မှန်ကန်ကန် လုပ်ချင်နေတဲ့ ကုန်သည်ကို မမှန်မကန်နည်းလမ်းတွေနဲ့ တချို့ဝန်ထမ်းတွေက ဆွဲဆောင်နေတယ်။ ငွေကြေးရယူနေတဲ့လုပ်ရပ်တွေက တစ်ကယ်ရှိတယ်။ ကျွန်တော် တရားဝင် ပြောရဲပါတယ်။ လိုအပ်ချက်တွေရှိတယ်။ အထူးသဖြင့် ရှမ်းအရှေ့မှာက နယ်မြေမတည်ငြိမ်ဘူး။ အဲဒီတော့ တရားမဝင်ကုန်သွယ်မှုတွေကို ထိန်းသိမ်းရတဲ့အခါမှာ လိုအပ်ချက်တွေ ရှိတယ်။ တရားဝင်လို့ ထုတ်ဖော်မပြောနိုင်ပေမဲ့လည်း နားလည်မှုလေးတွေ ပေးရတဲ့အခါတွေရှိတယ်။ သွားလာ ကုန်ကျစရိတ်တက်လာတာနဲ့အမျှ ကုန်သည်က စီးပွားရေးကိုမလုပ်နိုင်တော့ဘူး။ ဒီဟာက တစ်အချက် အခွန်မရတော့ဘူး။ နောက်ကုန်သွယ်မှုလည်း လျော့သွားမယ်။ ဒေသမှာတာဝန်ရှိသူတွေက ဖြေလျော့ပေးထားပါတယ်။ တစ်ခုပြောချင်တာက ဒီဖြေလျော့ပေးမှုတွေကို ရပိုင်ခွင့်လို့ မမြင်ကြဖို့။ ဒါက ဒေသခံတွေ၊ လုပ်ငန်းရှင်တွေ၊ ပြည်သူတွေက ဒီလိုမြင်နကြေတယ်။ ဒါကို ဒီလိုမြင်နေတာ ရေရှည်တိုင်းပြည် အတွက်တော့ မကောင်းဘူး။ အရင်တုန်းကတော့ ပြည်သူလူထုအကျိုးစီးပွားအတွက် ဖြေလျော့ပေးခဲ့တာ။ ခုတော့ ပြည်သူလူထုကရပိုင်ခွင့်လို့ ထင်နကြေတာ။ ဒါကိုဒီလိုတွေးသွားရင်တော့ ရေရှည်မှာ အစိုးရက ဘယ်လောက်ကောင်းတာလုပ်လုပ်။ အဆင်ပြေမှာ မဟုတ်ဘူး။

TNA ။   ။   ပြည်နယ်အစိုးရအနေနဲ့ နယ်စပ်လမ်းကြောင်းတွေကနေ တရားဝင်ကုန်သွယ်ရေးဖြစ်ဖို့၊ အခွန်ရရှိဖို့ စည်းကြပ်ဆောင်ရွက်နေသလို ဒီကုန်သွယ်ရေးလုပ်နေတဲ့သူတွေ လုပ်ငန်းလုပ်ဆောင်ရာမှာ အဆင်ပြေစေဖို့ ဘယ်လိုများ ဆောင်ရွက်ပေးနေတာတွေ ရှိပါသလဲ။

UMA ။   ။ ရှမ်းပြည်နယ်ရဲ့ နယ်စပ်ကုန်သွယ်မှုပမာဏမှာ မူဆယ်ကတော့ (၇၀) ရာခိုင်နှုန်း လောက်ရှိတာပေါ့။ ရှမ်းအရှေ့ကတော့ (၃၀) ရာခိုင်နှုန်းလောက်ရှိတယ်။ ဒီမှာရှိတဲ့ ကုန်သည် လုပ်ငန်းရှင်တွေ ပို့ကုန်သွင်းကုန် ဘယ်ကိစ္စမဆို သက်ဆိုင်ရာအကောက်ခွန်ဦးစီးဌာန၊ သက်ဆိုင်ရာ ကုန်သွယ်ရေးဌာနတွေမှာ မေးလို့ရတယ်။ ရှမ်းပြည်နယ်အစိုးရကို တိုက်ရိုက်ဖြစ်စေ၊ တာဝန်လွှဲအပ်ထားတဲ့ ဌာနကိုဖြစ်စေ ပြောလို့ရတယ်။ ချက်ချင်းဖြေရှင်းဆောင်ရွက်ပေးတယ်။ တရားမဝင်ငွေကြေးတောင်းခံတဲ့ ဟာတွေကိုလည်းပဲ ရှမ်းပြည်နယ်အစိုးရကို တိုင်ကြားလို့ရသလို ရှမ်းပြည်နယ်အစိုးရက တာဝန် ပေးအပ်ထားတဲ့ သူတွေကိုလည်းပဲ စာနဲ့သော်လည်းကောင်း ဖုန်းနဲ့သော်လည်းကောင်း တိုင်ကြားလို့ ရတယ်။ ဒါကို ကျွန်တော်တို့က ဖြေရှင်းပေးမယ်။ လိုင်စင်နဲ့ပတ်သက်လို့ သုံးလပေးထားတယ်။ သုံးလပြီးသွားရင် ကုန်သွားပြီလို့ထင်နေတယ်။ အဲဒါကမှားတယ်။ တကယ် အဲဒီသုံးလအတွင်းမှာ မတင်ပို့နိုင်ရင် ဘယ်လိုကြောင့် မတင်ပို့နိုင်ကြောင်း သက်တမ်းတိုးလိုကြောင်းလာပြီးတော့ ကုန်သွယ်ရေးမှာ သက်တမ်းတိုး လျှောက်ထားလို့ရှိရင် နောက်ထပ် (၂) လ ထပ်ရမယ်။ အဲဒီ (၂) လမှာလည်းပဲ ဒီပစ္စည်းကို မပို့နိုင်သေးလို့ရှိရင် သို့မဟုတ် ပို့ရန်ကျန်နေသေးတယ်ဆိုလို့ရှိရင် ထပ်ပြီးတော့ သက်တမ်းတိုးရင် နောက် (၁) လထပ်ပေးတယ်။ ပထမအကြိမ်နဲ့ သက်တမ်းတိုးတွေ ပေါင်းလိုက်ရင် (၆) လပေါ့။ အဲဒါလေးကိုတော့ အသိပေးချင်တယ်။ ဒါတွေနဲ့ပတ်သက်လို့ ထိခိုက်နစ်နာတယ်ဆိုလို့ရှိရင် ရှမ်းပြည်နယ်အစိုးရကိုဖြစ်စေ ရှမ်းပြည်နယ်အစိုးရက တာဝန်ပေးထားတဲ့ ကိုယ်စားလှယ်ကိုဖြစ်စေ၊ ကုန်သွယ်ရေးဌာနကိုဖြစ်စေ တိုင်ကြားနိုင်တယ်လို့ ကျွန်တော့်အနေနဲ့အသိပေးချင်ပါတယ်။

TNA ။   ။   ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်းသူ - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~