က်ိဳင္းတံုၿမိဳ႕ အာေမာေဒေတာရေက်ာင္းဆရာေတာ္ တူမီးျဖင့္ ပစ္ခတ္ခံရ

က်ိဳင္းတံုၿမိဳ႕ အာေမာေဒေတာရေက်ာင္းဆရာေတာ္ တူမီးျဖင့္ ပစ္ခတ္ခံရ
မေ 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕ နမ့္အင္းအုပ္စု အာေမာေဒရြာရွိ ေတာင္တန္းသာသနာျပဳေက်ာင္းတြင္ သီတင္းသံုးေနသည့္ ဆရာေတာ္တစ္ပါးအား ေမလ (၂၆)ရက္ေန႔က အမ်ဳိးသားတစ္ဦးက တူမီးျဖင့္ပစ္ခတ္သျဖင့္ ဒဏ္ရာရရွိကာ က်ိဳင္းတံုေဆးရံုႀကီးတြင္ ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။

အဆိုပါ ရြာတြင္ေနထိုင္သူ ေဘယာမီသည္ ေတာင္တန္းသာသနာျပဳ ဘုန္းေတာ္ႀကီးေက်ာင္းမွ ေသနတ္သံ ၾကားသျဖင့္ သြားေရာက္ၾကည့္ရႈရာ အသက္ (၃၀)အရြယ္ က်ေလာသည္ တူမီးေသနတ္ကိုင္ၿပီး ထြက္ေျပးသြားသည္ကို ေတြ႕လုိက္ရေၾကာင္းႏွင့္ ေသနတ္ျဖင့္ ပစ္ခတ္ခံရသူ ဆရာေတာ္ ဦးပညာဝရမွာ ယာဘက္ ဝမ္းဗိုက္တြင္ တူမီးေသနတ္မွန္သည့္ ဒဏ္ရာႏွစ္ခ်က္ျဖင့္ ဘုန္းႀကီးေက်ာင္း၏ မီးဖိုေဆာင္တြင္ လဲက်ေနသည္ကို ေတြ႔ရေၾကာင္း သိရသည္။

ဆရာေတာ္အား ေမးျမန္းရာ ေက်ာင္းမီးဖိုေဆာင္၌ ေရေႏြးအိုးတည္ေနစဥ္ က်ေလာဆိုသူ ေရာက္လာၿပီး တူမီးေသနတ္ျဖင့္ ပစ္ခတ္သြားေၾကာင္း ဒဏ္ရာျဖင့္ ေျပာျပေနစဥ္ က်ေလာသည္ ထပ္မံေရာက္ရိွလာၿပီး တူမီးေသနတ္ျဖင့္ ထပ္မံပစ္ခတ္မည္ျပဳစဥ္ ရြာသားမ်ား ေရာက္လာကာ က်ေလာအား ဝိုင္းဝန္း ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

ေသေစရန္ ရည္ရြယ္ခ်က္ျဖင့္ ေသနတ္ျဖင့္ပစ္ခတ္သူ က်ေလာအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ)၈၈/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၇ အရ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ နမ့်အင်းအုပ်စု အာမောဒေရွာရှိ တောင်တန်းသာသနာပြုကျောင်းတွင် သီတင်းသုံးနေသည့် ဆရာတော်တစ်ပါးအား မေလ (၂၆)ရက်နေ့က အမျိုးသားတစ်ဦးက တူမီးဖြင့်ပစ်ခတ်သဖြင့် ဒဏ်ရာရရှိကာ ကျိုင်းတုံဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အဆိုပါ ရွာတွင်နေထိုင်သူ ဘေယာမီသည် တောင်တန်းသာသနာပြု ဘုန်းတော်ကြီးကျောင်းမှ သေနတ်သံ ကြားသဖြင့် သွားရောက်ကြည့်ရှုရာ အသက် (၃၀)အရွယ် ကျလောသည် တူမီးသေနတ်ကိုင်ပြီး ထွက်ပြေးသွားသည်ကို တွေ့လိုက်ရကြောင်းနှင့် သေနတ်ဖြင့် ပစ်ခတ်ခံရသူ ဆရာတော် ဦးပညာဝရမှာ ယာဘက် ဝမ်းဗိုက်တွင် တူမီးသေနတ်မှန်သည့် ဒဏ်ရာနှစ်ချက်ဖြင့် ဘုန်းကြီးကျောင်း၏ မီးဖိုဆောင်တွင် လဲကျနေသည်ကို တွေ့ရကြောင်း သိရသည်။

ဆရာတော်အား မေးမြန်းရာ ကျောင်းမီးဖိုဆောင်၌ ရေနွေးအိုးတည်နေစဉ် ကျလောဆိုသူ ရောက်လာပြီး တူမီးသေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ဒဏ်ရာဖြင့် ပြောပြနေစဉ် ကျလောသည် ထပ်မံရောက်ရှိလာပြီး တူမီးသေနတ်ဖြင့် ထပ်မံပစ်ခတ်မည်ပြုစဉ် ရွာသားများ ရောက်လာကာ ကျလောအား ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သေစေရန် ရည်ရွယ်ချက်ဖြင့် သေနတ်ဖြင့်ပစ်ခတ်သူ ကျလောအား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၈၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇ အရ အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~