သီေပါၿမိဳ႕ သီတဂူစကၡဳဒါနေဆးရံုတြင္ မ်က္စိစမ္းသပ္ အခမဲ့ ကုသေပးေန

သီေပါၿမိဳ႕ သီတဂူစကၡဳဒါနေဆးရံုတြင္ မ်က္စိစမ္းသပ္ အခမဲ့ ကုသေပးေန
မေ 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕ မဟာျမတ္မုနိဘုရားဝန္းအတြင္းရွိ သီတဂူစကၡဳဒါနေဆးရံုတြင္ မ်က္စိစမ္းသပ္ ကုသေပးမႈမ်ား အခမဲ့ ျပဳလုပ္ေပးေနလ်က္ရွိရာ ေမလ(၂၃)ရက္ေန႔မွစ၍ ႀကိဳတင္ ေစာင့္ဆိုင္းေနသူဦးေရ (၁၂၀) ေက်ာ္ရွိေနၿပီး ေမလ (၂၄)ရက္ေန႔တြင္လည္း လာေရာက္ ကုသသူမ်ားတိုးလာေနဆဲ ျဖစ္ေၾကာင္း သိရသည္။

"စၿပီးကုသေပးတာကေတာ့ ေမလ (၂၄) ရက္ေန႔ ဒီေန႔မွ စတာျဖစ္ပါတယ္၊ ဒါေပမယ့္ (၂၃) ရက္ေန႔ကတည္းက လာၿပီး ညအိပ္ေစာင့္ေနသူေတြ(၁၂၇)ဦးရွိတယ္၊ မေန႔ညေနက စမ္းသပ္မႈေတြ ျပဳလုပ္ေပးလိုက္တဲ့အခါမွာ ခြဲစိတ္ ကုသမယ့္လူနာ(၄၇)ဦးရွိလာတယ္၊ သူတို႔ကို ေဆးရံုတင္ထားေပးတယ္၊ ဒီေန႔လည္း ထပ္ၿပီးေရာက္လာသူေတြ ရွိေနတုန္းပဲ ။ လူဦးေရစာရင္း ထပ္မေကာက္ရေသးတဲ့အတြက္ စုစုေပါင္း ဘယ္ေလာက္ရွိမယ္ ဆိုတာေတာ့ အတိအက် မသိေသးဘူး"ဟု သီတဂူစကၡဳဒါနေဆးရံုမွ ဥကၠဌဆရာေတာ္ ဦးပညာသီရိက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ မိန္႔သည္။

သီေပါၿမိဳ႕ မဟာျမတ္မုနိဘုရားဝန္းအတြင္း ေမလ(၂၄) ရက္ေန႔မွ (၂၈) ရက္ေန႔အထိ မ်က္စိေဝဒနာရွင္မ်ားအား စမ္းသပ္ကုသမႈမ်ား အခမဲ့ ျပဳလုပ္ေပးမည္ျဖစ္ရာ လက္ရွိတြင္ မ်က္စိအထူးကုပါရဂူတစ္ဦးသာ ေရာက္ရွိေသးၿပီး ေမလ(၂၅/ ၂၆ ) ရက္မ်ားတြင္ အထူးကု ပါရဂူ(၄)ဦး ထပ္မံေရာက္ရွိလာဦးမည္ျဖစ္ေၾကာင္း သိရသည္။

ေမလ (၂၃ / ၂၄ ) ရက္ေန႔မ်ားတြင္ သီေပါၿမိဳ႕သို႔ မ်က္စိလာေရာက္ ျပသ ကုသသူေဒသခံမ်ားမွာ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကြတ္ခိုင္ၿမိဳ႕နယ္၊ နမ့္ခမ္း ၿမိဳ႕နယ္၊ နမ့္ဆန္ၿမိဳ႕နယ္ မ်ားမွေဒသခံ ပေလာင္တိုင္းရင္းသားမ်ား အမ်ားစု ျဖစ္ၿပီး၊ မႏၱေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ၿမိဳ႕နယ္အတြင္းရွိ ဘန္႔ေဘြးၿမိဳ႕မွလည္း လာေရာက္ကုသသူမ်ား ရွိေၾကာင္း ဆရာေတာ္ထံမွ သိရသည္။

(၃၈)ႀကိမ္ေျမာက္ မ်က္စိစမ္းသပ္ကုသမႈ အခမဲ့ျပဳလုပ္ေပးျခင္းကို သီေပါၿမိဳ႕ရွိ ဆရာေတာ္ဦးပညာသီရိမွ ႀကီးမွဴးျပဳလုပ္ျခင္းျဖစ္ၿပီး မ်က္စိစမ္းသပ္ကုသမႈမ်ားကို သီေပါၿမိဳ႕မဟာျမတ္မုနိဘုရားဝန္းအတြင္း ျပဳလုပ္ေပးေနျခင္းျဖစ္ကာ ယခင္ စမ္းသပ္ကုသခဲ့သည့္ အႀကိမ္တိုင္းတြင္ မ်က္စိအထူးကုဆရာဝန္ (၆) ဦး မွ စမ္းသပ္ ကုသမႈမ်ား ျပဳလုပ္ေပးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - ကိုစိုင္း (သီေပါ)



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ မဟာမြတ်မုနိဘုရားဝန်းအတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိစမ်းသပ် ကုသပေးမှုများ အခမဲ့ ပြုလုပ်ပေးနေလျက်ရှိရာ မေလ(၂၃)ရက်နေ့မှစ၍ ကြိုတင် စောင့်ဆိုင်းနေသူဦးရေ (၁၂၀) ကျော်ရှိနပြေီး မေလ (၂၄)ရက်နေ့တွင်လည်း လာရောက် ကုသသူများတိုးလာနေဆဲ ဖြစ်ကြောင်း သိရသည်။

"စပြီးကုသပေးတာကတော့ မေလ (၂၄) ရက်နေ့ ဒီနေ့မှ စတာဖြစ်ပါတယ်၊ ဒါပေမယ့် (၂၃) ရက်နေ့ကတည်းက လာပြီး ညအိပ်စောင့်နေသူတွေ(၁၂၇)ဦးရှိတယ်၊ မနေ့ညနေက စမ်းသပ်မှုတွေ ပြုလုပ်ပေးလိုက်တဲ့အခါမှာ ခွဲစိတ် ကုသမယ့်လူနာ(၄၇)ဦးရှိလာတယ်၊ သူတို့ကို ဆေးရုံတင်ထားပေးတယ်၊ ဒီနေ့လည်း ထပ်ပြီးရောက်လာသူတွေ ရှိနေတုန်းပဲ။ လူဦးရေစာရင်း ထပ်မကောက်ရသေးတဲ့အတွက် စုစုပေါင်း ဘယ်လောက်ရှိမယ် ဆိုတာတော့ အတိအကျ မသိသေးဘူး"ဟု သီတဂူစက္ခုဒါနဆေးရုံမှ ဥက္ကဌဆရာတော် ဦးပညာသီရိက တာချီလိတ်သတင်းအေဂျင်စီသို့ မိန့်သည်။

သီပေါမြို့ မဟာမြတ်မုနိဘုရားဝန်းအတွင်း မေလ(၂၄) ရက်နေ့မှ (၂၈) ရက်နေ့အထိ မျက်စိဝေဒနာရှင်များအား စမ်းသပ်ကုသမှုများ အခမဲ့ ပြုလုပ်ပေးမည်ဖြစ်ရာ လက်ရှိတွင် မျက်စိအထူးကုပါရဂူတစ်ဦးသာ ရောက်ရှိသေးပြီး မေလ(၂၅/ ၂၆ ) ရက်များတွင် အထူးကု ပါရဂူ(၄)ဦး ထပ်မံရောက်ရှိလာဦးမည်ဖြစ်ကြောင်း သိရသည်။

မေလ (၂၃ / ၂၄ ) ရက်နေ့များတွင် သီပေါမြို့သို့ မျက်စိလာရောက် ပြသ ကုသသူဒေသခံများမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်း မြို့နယ်၊ နမ့်ဆန်မြို့နယ် များမှဒေသခံ ပလောင်တိုင်းရင်းသားများ အများစု ဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဘန့်ဘွေးမြို့မှလည်း လာရောက်ကုသသူများ ရှိကြောင်း ဆရာတော်ထံမှ သိရသည်။

(၃၈)ကြိမ်မြောက် မျက်စိစမ်းသပ်ကုသမှု အခမဲ့ပြုလုပ်ပေးခြင်းကို သီပေါမြို့ရှိ ဆရာတော်ဦးပညာသီရိမှ ကြီးမှူးပြုလုပ်ခြင်းဖြစ်ပြီး မျက်စိစမ်းသပ်ကုသမှုများကို သီပေါမြို့မဟာမြတ်မုနိဘုရားဝန်းအတွင်း ပြုလုပ်ပေးနခြေင်းဖြစ်ကာ ယခင် စမ်းသပ်ကုသခဲ့သည့် အကြိမ်တိုင်းတွင် မျက်စိအထူးကုဆရာဝန် (၆) ဦး မှ စမ်းသပ် ကုသမှုများ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကိုစိုင်း (သီပေါ)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~