တာခ်ီလိတ္ခရိုင္အတြင္း တရားမ၀င္ သစ္မ်ား ထုတ္လုပ္ သယ္ေဆာင္ျခင္း မရွိေစေရး စစ္ေဆးမည္

တာခ်ီလိတ္ခရိုင္အတြင္း တရားမ၀င္ သစ္မ်ား ထုတ္လုပ္ သယ္ေဆာင္ျခင္း မရွိေစေရး စစ္ေဆးမည္
မေ 3, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္အတြင္းရွိ ၿမိဳ႕နယ္ႏွင့္ၿမိဳ႕မ်ားတြင္ သဘာ၀သယံဇာတျဖစ္သည့္ သစ္မ်ားအား တရားမ၀င္ ထုတ္လုပ္ျခင္း ႏွင့္ တရားမ၀င္သယ္ေဆာင္ျခင္းမ်ား မျပဳလုပ္ရန္အတြက္ ပူးေပါင္းအဖြဲ႔ျဖင့္ စစ္ေဆးမႈမ်ား ျပဳလုပ္သြားရန္ ခရိုင္/ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနမွ အေၾကာင္းၾကားထားေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္အတြင္းရွိ ၿမိဳ႕နယ္ႏွင့္ၿမိဳ႕မ်ားတြင္ သဘာ၀သယံဇာတျဖစ္သည့္ သစ္မ်ားအား တရားမ၀င္ ထုတ္လုပ္ျခင္း ႏွင့္ တရားမ၀င္သယ္ေဆာင္ျခင္းမ်ားရွိေနေၾကာင္း နယ္ေျမသတင္းရရွိထား၍ သက္ဆိုင္ရာ ဌာနမ်ားပါသည့္ ပူးေပါင္းအဖြဲ႔မ်ားျဖင့္ စံုစမ္းေဖာ္ထုတ္ဖမ္းဆီးအေရးယူ ေဆာင္ရြက္သြားရန္ႏွင့္ တရားမ၀င္ သြားလာတတ္သည့္ လမ္းေၾကာင္းမ်ားအတြက္ ေရွာင္တခင္စစ္ေဆးမႈမ်ား ျပဳလုပ္သြားရန္ ညႊန္ၾကားထားျခင္း ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ မိုင္းဆတ္ခရိုင္ ႏွင့္ တာခ်ီလိတ္ခရိုင္အတြင္း ဧၿပီလအတြင္းက တရားမ၀င္သစ္မ်ား ထုတ္လုပ္ျခင္း ႏွင့္ သယ္ေဆာင္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း နယ္ေျမသတင္းမ်ား ရရွိ၍ အေရးယူမႈမ်ား ေဆာင္ရြက္ႏိုင္ရန္အတြက္ ေရွာင္တခင္စစ္ေဆးမႈမ်ား ႏွင့္အတူ စစ္ေဆးေရးဂိတ္မ်ားတြင္ စနစ္တက် စစ္ေဆးမႈမ်ား ျပဳလုပ္သြားရန္ အစီအစဥ္ရွိေၾကာင္း အမည္မေဖာ္လိုသည့္ သတင္းရင္းျမစ္ထံမွ သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်ခရိုင်အတွင်း တရားမဝင် သစ်များ ထုတ်လုပ် သယ်ဆောင်ခြင်း မရှိစေရေး စစ်ဆေးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ်နှင့်မြို့များတွင် သဘာဝသယံဇာတဖြစ်သည့် သစ်များအား တရားမဝင် ထုတ်လုပ်ခြင်း နှင့် တရားမဝင်သယ်ဆောင်ခြင်းများ မပြုလုပ်ရန်အတွက် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးမှုများ ပြုလုပ်သွားရန် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အကြောင်းကြားထားကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ်နှင့်မြို့များတွင် သဘာဝသယံဇာတဖြစ်သည့် သစ်များအား တရားမဝင် ထုတ်လုပ်ခြင်း နှင့် တရားမဝင်သယ်ဆောင်ခြင်းများရှိနေကြောင်း နယ်မြေသတင်းရရှိထား၍ သက်ဆိုင်ရာ ဌာနများပါသည့် ပူးပေါင်းအဖွဲ့များဖြင့် စုံစမ်းဖော်ထုတ်ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားရန်နှင့် တရားမဝင် သွားလာတတ်သည့် လမ်းကြောင်းများအတွက် ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်သွားရန် ညွှန်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် မိုင်းဆတ်ခရိုင် နှင့် တာချီလိတ်ခရိုင်အတွင်း ဧပြီလအတွင်းက တရားမဝင်သစ်များ ထုတ်လုပ်ခြင်း နှင့် သယ်ဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း နယ်မြေသတင်းများ ရရှိ၍ အရေးယူမှုများ ဆောင်ရွက်နိုင်ရန်အတွက် ရှောင်တခင်စစ်ဆေးမှုများ နှင့်အတူ စစ်ဆေးရေးဂိတ်များတွင် စနစ်တကျ စစ်ဆေးမှုများ ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်ထံမှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~