သီေပါၿမိဳ႕ သီတဂူစကၡဳဒါနေဆးရံုတြင္ မ်က္စိအခမဲ့ စမ္းသပ္ ကုသေပးမည္

သီေပါၿမိဳ႕ သီတဂူစကၡဳဒါနေဆးရံုတြင္ မ်က္စိအခမဲ့ စမ္းသပ္ ကုသေပးမည္
မေ 19, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕ မဟာျမတ္မုနိဘုရားဝန္းရွိ သီတဂူစကၡဳဒါနေဆးရံုတြင္ ေမလ (၂၄) ရက္မွ (၂၈)ရက္ေန႔အထိ (၃၈)ႀကိမ္ေျမာက္ မ်က္စိအခမဲ့ စမ္းသပ္ကုသေပးမည္ျဖစ္ေၾကာင္း အက်ိဳးေဆာင္အဖြဲ႔ထံမွ သိရသည္။

“ေမလ (၂၄)ရက္ေန႔ကေန (၂၈) ရက္ေန႔အထိ သီေပါၿမိဳ႕ မဟာျမတ္မုနိဘုရားဝန္းအတြင္းမွာ ျပဳလုပ္ေပးမွာျဖစ္ပါတယ္။ အခုျပဳလုပ္ေပးမယ့္အႀကိမ္က (၃၈)ႀကိမ္ေျမာက္ မ်က္စိအခမဲ့ စမ္းသပ္ကုသေပးတာ ျဖစ္ပါတယ္။ လာၿပီး ကုသမယ့္လူနာေတြအတြက္ကေတာ့ ေဆးရံုစာအုပ္ဖိုး က်ပ္(၅၀၀)ကလြဲရင္ အကုန္ အခမဲ့ကုသေပးမွာပါ”ဟု သီေပါၿမိဳ႕ သီတဂူစကၡဳဒါနေဆးရံုမွ အက်ိဳးေဆာင္တစ္ဦးျဖစ္သူ ဦးဝင္းေသာင္းက တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

သီေပါၿမိဳ႕ သီတဂူစကၡဳဒါနေဆးရံုက မ်က္စိအထူးကုဆရာဝန္ႀကီးမ်ားျဖင့္ မ်က္စိအခမဲ့ စမ္းသပ္ကုသေပးမႈမ်ားကို (၃) လတစ္ႀကိမ္ ျပဳလုပ္ေပးလ်က္ရွိၿပီး ယခု (၃၈)ႀကိမ္အတြက္ သီေပါၿမိဳ႕မွ ဆရာေတာ္ဦးပညာသီရိက ႀကီးမွဴးျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရသည္။

“တစ္ႀကိမ္တစ္ႀကိမ္တိုင္းမွာ မ်က္စိအတြက္ စမ္းသပ္ကုသမႈလာၿပီးခံယူတဲ့သူ အေယာက္(၂၀၀)ကေန(၃၀၀) ၾကား မွာရွိတယ္။ ထက္ဝက္ေလာက္က ခြဲစိတ္မႈခံယူရတယ္။ မ်ားေသာအားျဖင့္ေတာ့ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေဒသေတြျဖစ္တဲ့ နမၼတူ၊ နမ့္လန္၊ မိုင္းရယ္၊ မိုင္းရွဴး စတဲ့ေဒသေတြကလာၾကတယ္။ ဖ်ာပံုတို႔၊ ေတာင္ငူ တို႔ ေဒသေတြကေနလည္း လာၿပီးကုသၾကတာရွိတယ္။ ခဲြစိတ္ရတဲ့လူနာေတြအတြက္ အားလံုးကိုအခမဲ့ျဖစ္ေအာင္ လုပ္ေဆာင္ေပးခဲ့ျခင္းျဖစ္ပါတယ္ “ဟု ဦးဝင္းေသာင္းက ေျပာသည္။

လိုအပ္သည့္ခြဲစိတ္ကုသမႈမ်ားအတြက္ သီေပါသီတဂူစကၡဳဒါနေဆးရံုတြင္ ကုသေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ မဟာမြတ်မုနိဘုရားဝန်းရှိ သီတဂူစက္ခုဒါနဆေးရုံတွင် မေလ (၂၄) ရက်မှ (၂၈)ရက်နေ့အထိ (၃၈)ကြိမ်မြောက် မျက်စိအခမဲ့ စမ်းသပ်ကုသပေးမည်ဖြစ်ကြောင်း အကျိုးဆောင်အဖွဲ့ထံမှ သိရသည်။

“မေလ (၂၄)ရက်နေ့ကနေ (၂၈) ရက်နေ့အထိ သီပေါမြို့ မဟာမြတ်မုနိဘုရားဝန်းအတွင်းမှာ ပြုလုပ်ပေးမှာဖြစ်ပါတယ်။ အခုပြုလုပ်ပေးမယ့်အကြိမ်က (၃၈)ကြိမ်မြောက် မျက်စိအခမဲ့ စမ်းသပ်ကုသပေးတာ ဖြစ်ပါတယ်။ လာပြီး ကုသမယ့်လူနာတွေအတွက်ကတော့ ဆေးရုံစာအုပ်ဖိုး ကျပ်(၅၀၀)ကလွဲရင် အကုန် အခမဲ့ကုသပေးမှာပါ”ဟု သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံမှ အကျိုးဆောင်တစ်ဦးဖြစ်သူ ဦးဝင်းသောင်းက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံက မျက်စိအထူးကုဆရာဝန်ကြီးများဖြင့် မျက်စိအခမဲ့ စမ်းသပ်ကုသပေးမှုများကို (၃) လတစ်ကြိမ် ပြုလုပ်ပေးလျက်ရှိပြီး ယခု (၃၈)ကြိမ်အတွက် သီပေါမြို့မှ ဆရာတော်ဦးပညာသီရိက ကြီးမှူးပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“တစ်ကြိမ်တစ်ကြိမ်တိုင်းမှာ မျက်စိအတွက် စမ်းသပ်ကုသမှုလာပြီးခံယူတဲ့သူ အယောက်(၂၀၀)ကနေ(၃၀၀) ကြား မှာရှိတယ်။ ထက်ဝက်လောက်က ခွဲစိတ်မှုခံယူရတယ်။ များသောအားဖြင့်တော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွဖြေစ်တဲ့ နမ္မတူ၊ နမ့်လန်၊ မိုင်းရယ်၊ မိုင်းရှူး စတဲ့ဒေသတွေကလာကြတယ်။ ဖျာပုံတို့၊ တောင်ငူ တို့ ဒေသတွေကနေလည်း လာပြီးကုသကြတာရှိတယ်။ ခွဲစိတ်ရတဲ့လူနာတွေအတွက် အားလုံးကိုအခမဲ့ဖြစ်အောင် လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ် “ဟု ဦးဝင်းသောင်းက ပြောသည်။

လိုအပ်သည့်ခွဲစိတ်ကုသမှုများအတွက် သီပေါသီတဂူစက္ခုဒါနဆေးရုံတွင် ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~