မင္းဘူးတြင္ သဲ၊ေက်ာက္လုပ္ငန္းမ်ား သက္တမ္းတိုးအတြက္ ႏွစ္ ၃၀ အတြင္း ပထမဆံုးကြင္းဆင္းစစ္ေဆး

မင္းဘူးတြင္ သဲ၊ေက်ာက္လုပ္ငန္းမ်ား သက္တမ္းတိုးအတြက္ ႏွစ္ ၃၀ အတြင္း ပထမဆံုးကြင္းဆင္းစစ္ေဆး
မေ 21, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး မင္းဘူးခရိုင္အတြင္း အုတ္၊သဲ၊ေက်ာက္ထုတ္လုပ္မႈသက္တမ္းတိုးေပးရန္ လုပ္ငန္းမ်ားအား ႏွစ္ေပါင္း (၃၀)အတြင္း ကြင္းဆင္းစစ္ေဆးမႈကို အခ်ိန္ယူလုပ္ေဆာင္ေနေၾကာင္း သိရသည္။

မင္းဘူးခရိုင္အတြင္းရိွ အုတ္၊သဲ၊ေက်ာက္ လုပ္ငန္းရွင္မ်ား လိုင္စင္သက္တမ္းတိုးရန္အတြက္ စိစစ္မႈမ်ားျပဳ လုပ္ေနခ်ိန္တြင္ လုပ္ငန္းမ်ား ယာယီ ပိတ္ထားရန္ မင္းဘူးခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးမွဴးရံုးမွ ေမလ( ၈) ရက္ေန႔ က လုပ္ငန္းရွင္မ်ားထံသို႔ အေၾကာင္းၾကားထားသျဖင့္ အုတ္၊သဲ၊ေက်ာက္ေစ်းႏႈန္းမ်ား ႏွစ္ဆေက်ာ္ ျမင့္တက္လာေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားထံမွ သိရသည္။

“အုတ္၊သဲ၊ေက်ာက္ လုပ္ငန္းလုိင္စင္သက္တမ္းတိုးေနခိုက္မွာ လုပ္ငန္းေတြပိတ္ထားရလို႔ ပစၥည္းလက္က်န္ ရွိေနေသးတ့ဲ လုပ္ငန္းရွင္ေတြက ေစ်းျမွင့္ေရာင္းၾကေတာ့တာေပါ့။ ဒါေတာင္ လက္က်န္သိပ္မရိွၾကေတာ႔လို႔ ဒီရက္ပိုင္း မွာပဲ ပစၥည္းျပတ္လပ္သြားႏိုင္ပါတယ္”ဟု သဲ ေက်ာက္လုပ္ငန္းရွင္ ဦးၿဖိဳးေဝက ေျပာသည္။

လုပ္ငန္းမ်ားရပ္နားရသျဖင့္ ယခင္က သဲ(၁)က်င္းလွ်င္ (၁၂၀၀၀) က်ပ္မွ ယခု (၂၅၀၀၀)မွ (၃၀၀၀၀)က်ပ္အထိ၊ ယခင္ ေက်ာက္စရစ္ (၁)က်င္းလွ်င္ (၂၅၀၀၀)က်ပ္မွ ယခု (၆၀၀၀၀)က်ပ္၊ အုတ္ တစ္လုံးလွ်င္ ယခင္က (၉၀)က်ပ္မွ ယခု (၁၂၀)က်ပ္ ျဖစ္ေနၿပီး ပစၥည္းမွာလည္း လိုသေလာက္မရျဖစ္ေနေၾကာင္း သိရသည္။

“အုတ္၊သဲ၊ေက်ာက္ ပစၥည္းက လုပ္ငန္းရပ္ထားရတာေၾကာင္႔ ဆက္လက္ထုတ္လုပ္ႏိုင္ျခင္းမရိွေတာ႔လို႔ လုပ္ငန္းရွင္ေတြရဲ႕လက္ဝယ္မွာ ပစၥည္းနည္းေနျပီး ဝယ္လုိအားကျမင့္ေနတဲ႔အတြက္ အေရးႀကီးတ့ဲ လုပ္ငန္းေတြဆို ေစ်းႀကီးေပးဝယ္ရေတာ႔တာေပါ့။ေနလို႔ရတ့ဲ လုပ္ငန္းေတြဆို ခဏနားေနရတယ္”ဟု ပန္းရန္ဆရာ ဦးတင္ဝင္းက ေျပာသည္။

အုတ္၊သဲ၊ေက်ာက္ လုပ္ငန္းမ်ားအား ဥပေဒအရ လုပ္ငန္းလိုင္စင္ ျပန္လည္ခ်ထားေပးႏိုင္ရန္အတြက္ စိစစ္မႈမ်ားလုပ္ေနရသျဖင္႔ ပိတ္ထားရျခင္းျဖစ္ၿပီး လုပ္ငန္းလုပ္ကြက္မ်ားအား ကြင္းဆင္းစစ္ေဆးကာ စစ္ေဆး႐ရွိသည္မ်ားအား တိုင္းေဒသႀကီးအစိုးရအဖဲြ႔ထံတင္ျပ၍ လုပ္ငန္းလိုင္စင္မ်ားကို အျမန္ခ် ေပးမည္ျဖစ္ေၾကာင္း မင္းဘူးခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးသိန္းေဇာ္ထံမွ သိရသည္။

မေကြးၿမိဳ႕နယ္တြင္လည္း အုတ္၊သဲ၊ေက်ာက္လုပ္ငန္းလိုင္စင္မ်ား သက္တမ္းတိုးရန္အတြက္ ကြင္းဆင္း စစ္ေဆးျခင္းအား ႏွစ္ေပါင္း(၄၀)အတြင္း စတင္လုပ္ေဆာင္လာေၾကာင္း မေကြးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးထံမွ သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်း အုတ်၊သဲ၊ကျောက်ထုတ်လုပ်မှုသက်တမ်းတိုးပေးရန် လုပ်ငန်းများအား နှစ်ပေါင်း (၃၀)အတွင်း ကွင်းဆင်းစစ်ဆေးမှုကို အချိန်ယူလုပ်ဆောင်နေကြောင်း သိရသည်။

မင်းဘူးခရိုင်အတွင်းရှိ အုတ်၊သဲ၊ကျောက် လုပ်ငန်းရှင်များ လိုင်စင်သက်တမ်းတိုးရန်အတွက် စိစစ်မှုများပြု လုပ်နေချိန်တွင် လုပ်ငန်းများ ယာယီ ပိတ်ထားရန် မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ မေလ( ၈) ရက်နေ့ က လုပ်ငန်းရှင်များထံသို့ အကြောင်းကြားထားသဖြင့် အုတ်၊သဲ၊ကျောက်ဈေးနှုန်းများ နှစ်ဆကျော် မြင့်တက်လာကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

“အုတ်၊သဲ၊ကျောက် လုပ်ငန်းလိုင်စင်သက်တမ်းတိုးနေခိုက်မှာ လုပ်ငန်းတွေပိတ်ထားရလို့ ပစ္စည်းလက်ကျန် ရှိနေသေးတဲ့ လုပ်ငန်းရှင်တွေက ဈေးမြှင့်ရောင်းကြတော့တာပေါ့။ ဒါတောင် လက်ကျန်သိပ်မရှိကြတော့လို့ ဒီရက်ပိုင်း မှာပဲ ပစ္စည်းပြတ်လပ်သွားနိုင်ပါတယ်”ဟု သဲ ကျောက်လုပ်ငန်းရှင် ဦးဖြိုးဝေက ပြောသည်။

လုပ်ငန်းများရပ်နားရသဖြင့် ယခင်က သဲ(၁)ကျင်းလျှင် (၁၂၀၀၀) ကျပ်မှ ယခု (၂၅၀၀၀)မှ (၃၀၀၀၀)ကျပ်အထိ၊ ယခင် ကျောက်စရစ် (၁)ကျင်းလျှင် (၂၅၀၀၀)ကျပ်မှ ယခု (၆၀၀၀၀)ကျပ်၊ အုတ် တစ်လုံးလျှင် ယခင်က (၉၀)ကျပ်မှ ယခု (၁၂၀)ကျပ် ဖြစ်နပြေီး ပစ္စည်းမှာလည်း လိုသလောက်မရဖြစ်နေကြောင်း သိရသည်။

“အုတ်၊သဲ၊ကျောက် ပစ္စည်းက လုပ်ငန်းရပ်ထားရတာကြောင့် ဆက်လက်ထုတ်လုပ်နိုင်ခြင်းမရှိတော့လို့ လုပ်ငန်းရှင်တွေရဲ့လက်ဝယ်မှာ ပစ္စည်းနည်းနပြေီး ဝယ်လိုအားကမြင့်နေတဲ့အတွက် အရေးကြီးတဲ့ လုပ်ငန်းတွေဆို ဈေးကြီးပေးဝယ်ရတော့တာပေါ့။နေလို့ရတဲ့ လုပ်ငန်းတွေဆို ခဏနားနေရတယ်”ဟု ပန်းရန်ဆရာ ဦးတင်ဝင်းက ပြောသည်။

အုတ်၊သဲ၊ကျောက် လုပ်ငန်းများအား ဥပဒေအရ လုပ်ငန်းလိုင်စင် ပြန်လည်ချထားပေးနိုင်ရန်အတွက် စိစစ်မှုများလုပ်နေရသဖြင့် ပိတ်ထားရခြင်းဖြစ်ပြီး လုပ်ငန်းလုပ်ကွက်များအား ကွင်းဆင်းစစ်ဆေးကာ စစ်ဆေးရရှိသည်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြ၍ လုပ်ငန်းလိုင်စင်များကို အမြန်ချ ပေးမည်ဖြစ်ကြောင်း မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ထံမှ သိရသည်။

မကွေးမြို့နယ်တွင်လည်း အုတ်၊သဲ၊ကျောက်လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးရန်အတွက် ကွင်းဆင်း စစ်ဆေးခြင်းအား နှစ်ပေါင်း(၄၀)အတွင်း စတင်လုပ်ဆောင်လာကြောင်း မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~