မယ်ဆိုင် - တာချီလိတ် နယ်စပ်တွင် ထိုင်းတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးသယ်ဆောင်သူတစ်စုတို့ ပစ်ခတ်မှုဖြစ်ပွား

မယ်ဆိုင် - တာချီလိတ် နယ်စပ်တွင် ထိုင်းတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးသယ်ဆောင်သူတစ်စုတို့ ပစ်ခတ်မှုဖြစ်ပွား
မေ 15, 2017
By Tachileik News Agency



အဆိုပါ ပစ်ခတ်မှုမှာ မေလ(၁၃)ရက်နေ့ ညပိုင်းက ဖြစ်ပွားခြင်းဖြစ်ပြီး ပစ်ခတ်ချိန် (၁၀)မိနစ်ဝန်းကျင် ကြာခဲ့ရာ အမှောင်ကို မှီခို၍ အချို့မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း နှင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ အဖွဲ့မှ (၉)ဦးမှာ ပစ်ခတ်မှုကြောင့် သေဆုံးသွားပြီး ကျောပိုးအိတ်(၇)အိတ်ထဲတွင် ပါရှိသည့် စိတ်ကြွဆေးပြား (၇)သိန်းအား တွေ့ရှိရပြီး AK47 အမျိုးအစား သေနတ် ()လက် နှင့် M16 သေနတ်(၃)လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသည် မယ်ဆိုင် နှင့် တာချီလိတ်၏ နယ်နိမိတ် အကွာအဝေး (၂)ကီလိုမီတာ ၀န်းကျင်ခန့်သာ ကွာဝေးကြောင်း သိရသည်။

Photo: แม่สายเออีซี - สื่อสร้างสรรค์


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်း - မြန်မာ နယ်စပ် မယ်ဆိုင်ဘက်တွင် ထိုင်းရဲတပ်ဖွဲ့နှင့် ကျောပိုးအိတ်ဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်သူ တစ်စု ပစ်ခတ်မှု ဖြစ်ပွားရာ မူးယစ်ဆေးဝါး သယ်ဆောင်သူ (၉)ဦးမှာ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့၊ ဝိန်းဖန်းခမ်းရပ်ကွက်၊ ဖာမီကျေးရွာ၏ မြောက်ဘက် တောင်ကြားတွင် ထိုင်းဘက်မှ ပူးပေါင်း အင်အား (၃)ဖွဲ့တို့က တစ်ဖက်မှ မူးယစ်ဆေးဝါးများ သယ်ဆောင်လာမည် ဖြစ်ကြောင်း အခိုင်အမာ သတင်းရရှိထားသည့်အတွက် စောင့်ဆိုင်းနေစဉ် နယ်စပ်တစ်လျှောက်တွင် ကျောပိုးအိတ်နှင့် လက်နက်များပါသည့် လမ်းလျှောက်လာသူ (၁၅)ဦးအား အဆိုပါ ပူးပေါင်းအဖွဲ့မှ စစ်ဆေးရန် တားမြစ်ရာမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံ မယ်ဆိုင် အခြေချ မီဒီယာများက ဖော်ပြထားရှိသည်။

အဆိုပါ ပစ်ခတ်မှုမှာ မေလ(၁၃)ရက်နေ့ ညပိုင်းက ဖြစ်ပွားခြင်းဖြစ်ပြီး ပစ်ခတ်ချိန် (၁၀)မိနစ်ဝန်းကျင် ကြာခဲ့ရာ အမှောင်ကို မှီခို၍ အချို့မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း နှင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ အဖွဲ့မှ (၉)ဦးမှာ ပစ်ခတ်မှုကြောင့် သေဆုံးသွားပြီး ကျောပိုးအိတ်(၇)အိတ်ထဲတွင် ပါရှိသည့် စိတ်ကြွဆေးပြား (၇)သိန်းအား တွေ့ရှိရပြီး AK47 အမျိုးအစား သေနတ် (၁)လက် နှင့် M16 သေနတ်(၃)လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသည် မယ်ဆိုင် နှင့် တာချီလိတ်၏ နယ်နိမိတ် အကွာအေဝး (၂)ကီလိုမီတာ ဝန်းကျင်ခန့်သာ ကွောဝးကြောင်း သိရသည်။

Photo: แม่สายเออีซี - สื่อสร้างสรรค์
Ref;แม่สายเออีซี - สื่อสร้างสรรค์

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~