ကုန္ေျခာက္သားငါးေစ်း ယာယီဆိုင္ခန္းမ်ား ၿဖိဳဖ်က္ရန္အတြက္ တင္ဒါေခၚယူသြားမည္

ကုန္ေျခာက္သားငါးေစ်း ယာယီဆိုင္ခန္းမ်ား ၿဖိဳဖ်က္ရန္အတြက္ တင္ဒါေခၚယူသြားမည္
မေ 19, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕မေစ်းေဘးရွိ ွကုန္ေျခာက္သားငါးေစ်း ယာယီဆိုင္ခန္း(၄၆၆)ခန္းအား ၿမိဳ႕မေစ်းေရွ႕ Taunggyi City Square Shopping Center သို႕ ေျပာင္းေရႊ႕ၿပီးေနာက္ က်န္ခဲ့သည့္ ဆိုင္ခန္းမ်ား ၿဖိဳဖ်က္ရန္ တင္ဒါေခၚယူသြားမည္ျဖစ္ေၾကာင္း ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးေအးကို ထံမွ သိရသည္။

“အရင္ေဆာက္ထားတာကေတာ့ လုပ္ငန္းလုပ္တဲ့ ေကာ္မတီက ေဆာက္ေပးတာပါ။ အခုဖ်က္မွာက တင္ဒါေခၚ ယူမွာပါ။ တင္ဒါေခၚယူဖို႕အတြက္ကိုေတာ့ ၾကမ္းခင္းေစ်းေတြသတ္မွတ္ရမွာဆိုေတာ့ ျပည္နယ္ကို အတည္ျပဳခ်က္ ေတာင္းထားပါတယ္။ ဘယ္ေတာ့ေလာက္ ဖ်က္မယ္ဆိုတာေတာ့ မေျပာနိင္ေသးပါဘူး။ ကၽြန္ေတာ္တို႔ သတ္မွတ္ထားတဲ့ ေစ်းနဲ႕ ဘယ္သူလုပ္နိုင္မလဲဆိုတာ ၾကည့္ရအံုးမွာပါ”ဟု ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးေအးကို က ေျပာသည္။

ယခင္တည္ရွိေသာ ၿမိဳ႕မေစ်းေရွ႕ ကုန္ေျခာက္သားငါးေစ်း သည္ ၁၉၉၃ ခုႏွစ္တြင္ ၿမိဳ႕အေနအထားအရ လူဦးေရမ်ားလာေသာေၾကာင့္ ေနရာေျပာင္းေရႊ႕လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ျပည္နယ္က ညြန္ၾကားခ်က္နဲ႕ ေရာက္လာတဲ႕အေပၚမွာမူတည္ၿပီးလုပ္ရမွာပါ။ ၾကမ္းခင္း ေစ်းထြက္လာရင္ေတာ့ အက်ဳိးရွိတဲ့သူ ဒါမွမဟုတ္ ဘယ္သူမဆိုယူနိုင္တယ္ဆိုရင္ေတာ့ ေကာင္းပါတယ္။ ေစ်းသည္ေတြကေတာ့ အကုန္ေျပာင္းေရႊ႕သြားပါၿပီ” ဟု ဦးေအးကိုကေျပာသည္။

ယာယီဆိုင္ခန္းမ်ားမွာ ၿမိဳ႕မေစ်းေရွ႕ရိွ ေျမဧက ( ၁.၄၁)ဧကတြင္ တည္ေဆာက္ထားျခင္းျဖစ္ၿပီး ၁၉၉၃ ခုႏွစ္တြင္ ၿမိဳ႕အေနအထားအရ ေျပာင္းေရႊ႕ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ မြို့မဈေးဘေးရှိှကုန်ခြောက်သားငါးဈေး ယာယီဆိုင်ခန်း(၄၆၆)ခန်းအား မြို့မဈေးရှေ့ Taunggyi City Square Shopping Center သို့ ပြောင်းရွှေ့ပြီးနောက် ကျန်ခဲ့သည့် ဆိုင်ခန်းများ ဖြိုဖျက်ရန် တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကို ထံမှ သိရသည်။

“အရင်ဆောက်ထားတာကတော့ လုပ်ငန်းလုပ်တဲ့ ကော်မတီက ဆောက်ပေးတာပါ။ အခုဖျက်မှာက တင်ဒါခေါ် ယူမှာပါ။ တင်ဒါခေါ်ယူဖို့အတွက်ကိုတော့ ကြမ်းခင်းဈေးတွေသတ်မှတ်ရမှာဆိုတော့ ပြည်နယ်ကို အတည်ပြုချက် တောင်းထားပါတယ်။ ဘယ်တော့လောက် ဖျက်မယ်ဆိုတာတော့ မပြောနိင်သေးပါဘူး။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ဈေးနဲ့ ဘယ်သူလုပ်နိုင်မလဲဆိုတာ ကြည့်ရအုံးမှာပါ”ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကို က ပြောသည်။

ယခင်တည်ရှိသော မြို့မဈေးရှေ့ ကုန်ခြောက်သားငါးဈေး သည် ၁၉၉၃ ခုနှစ်တွင် မြို့အနေအထားအရ လူဦးရေများလာသောကြောင့် နေရာပြောင်းရွှေ့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်နယ်က ညွန်ကြားချက်နဲ့ ရောက်လာတဲ့အပေါ်မှာမူတည်ပြီးလုပ်ရမှာပါ။ ကြမ်းခင်း ဈေးထွက်လာရင်တော့ အကျိုးရှိတဲ့သူ ဒါမှမဟုတ် ဘယ်သူမဆိုယူနိုင်တယ်ဆိုရင်တော့ ကောင်းပါတယ်။ ဈေးသည်တွေကတော့ အကုန်ပြောင်းရွှေ့သွားပါပြီ” ဟု ဦးအေးကိုကပြောသည်။

ယာယီဆိုင်ခန်းများမှာ မြို့မဈေးရှေ့ရှိ မြေဧက ( ၁.၄၁)ဧကတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ၁၉၉၃ ခုနှစ်တွင် မြို့အနေအထားအရ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~