တာခ်ီလိတ္ၿမိဳ႕ေပၚ ရပ္ကြက္အခ်ဳိ႕တြင္ လွ်ပ္စစ္ႀကိဳးႏွင့္ မလြတ္ကင္းသည့္ သစ္ပင္ သစ္ကိုင္းမ်ား ခုတ္ထြင္ရွင္းလင္း

တာခ်ီလိတ္ၿမိဳ႕ေပၚ ရပ္ကြက္အခ်ဳိ႕တြင္ လွ်ပ္စစ္ႀကိဳးႏွင့္ မလြတ္ကင္းသည့္ သစ္ပင္ သစ္ကိုင္းမ်ား ခုတ္ထြင္ရွင္းလင္း
မေ 5, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးရံုး(ေရႊတိဂံုေအာက္)မွ လွ်ပ္စစ္မီးႀကိဳးႏွင့္ မလြတ္ကင္းသည့္ သစ္ပင္ သစ္ကိုင္းမ်ားအား ခုတ္ထြင္ရွင္းလင္းမႈအျဖစ္ ေမလ(၅)ရက္ေန႔ နံနက္ပိုင္းက ျပဳလုပ္ရာ လုပ္ငန္းေဆာင္ရြက္ျခင္း မျပဳလုပ္မီ တစ္ရက္အလိုက ႀကိဳတင္အသိေပးခဲ့သည့္အတိုင္း လွ်ပ္စစ္မီး ေခတၱျဖတ္ေတာက္၍ ေဆာင္ရြက္ခဲ့ၿပီး သတ္မွတ္အခ်ိန္တြင္ လွ်ၽပ္စစ္မီးအား ျပန္လည္ လႊတ္ေပးခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးရံုး(ေရႊတိဂံုေအာက္)မွ တာ၀န္ရွိသူမ်ားက တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္ရွိ ရုပ္သံကုန္း၊ ပုန္းထြန္ရပ္ကြက္ရွိ ေငြေတာင္ဦးကမၼ႒ာန္းေက်ာင္းလမ္း ႏွင့္ ေငြေစတီလမ္း၊ ေက်ာက္ေတာင္ရွိ ၀မ္မိုင္ရြာလမ္းတစ္ေလွ်ာက္ စသည့္ေနရာမ်ားတြင္ လွ်ပ္စစ္မီးႀကိဳးႏွင့္ မလြတ္ကင္းသည့္ သစ္ပင္သစ္ကိုင္းမ်ားကို ခုတ္ထြင္ရွင္းလင္းမည္ျဖစ္ေၾကာင္း သိရသည္။

"သတ္မွတ္ထားတဲ့ေနရာေတြမွာ မနက္ပိုင္းက ခုတ္ထြင္ရွင္းလင္းခဲ့ပါတယ္။ လုပ္ငန္းၿပီးေတာ့ လွ်ပ္စစ္မီးကို (၁၁)နာရီ (၄၅)မိနစ္ေလာက္မွာ ျပန္လႊတ္ေပးလိုက္ပါတယ္။ ""ဟု တာခ်ီလိတ္မီးလင္းေရးမွ ျပင္ပဆက္ဆံေရးတာ၀န္ခံ ဦးစိုင္းခမ္းမြန္းက ေျပာသည္။

 လုပ္ငန္းေဆာင္ရြက္ခ်ိန္တြင္ လွ်ပ္စစ္မီးႏွင့္ပတ္သက္၍ အသက္ႏၱရာယ္ကင္းေစရန္အတြက္ လွ်ပ္စစ္မီးအား ေခတၱျဖတ္ေတာက္ကာ ေဆာင္ရြက္ရျခင္း ျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပံု - ေအာင္ေက်ာ္၀င္းစိန္


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့မီးလင်းရေးရုံး(ရွှေတိဂုံအောက်)မှ လျှပ်စစ်မီးကြိုးနှင့် မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းမှုအဖြစ် မေလ(၅)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ရာ လုပ်ငန်းဆောင်ရွက်ခြင်း မပြုလုပ်မီ တစ်ရက်အလိုက ကြိုတင်အသိပေးခဲ့သည့်အတိုင်း လျှပ်စစ်မီး ခေတ္တဖြတ်တောက်၍ ဆောင်ရွက်ခဲ့ပြီး သတ်မှတ်အချိန်တွင် လျှပ်စစ်မီးအား ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့မီးလင်းရေးရုံး(ရွှေတိဂုံအောက်)မှ တာဝန်ရှိသူများက တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ ရုပ်သံကုန်း၊ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းလမ်း နှင့် ငွေစေတီလမ်း၊ ကျောက်တောင်ရှိ ဝမ်မိုင်ရွာလမ်းတစ်လျှောက် စသည့်နေရာများတွင် လျှပ်စစ်မီးကြိုးနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းမည်ဖြစ်ကြောင်း သိရသည်။

"သတ်မှတ်ထားတဲ့နေရာတွေမှာ မနက်ပိုင်းက ခုတ်ထွင်ရှင်းလင်းခဲ့ပါတယ်။ လုပ်ငန်းပြီးတော့ လျှပ်စစ်မီးကို (၁၁)နာရီ (၄၅)မိနစ်လောက်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။ ""ဟု တာချီလိတ်မီးလင်းရေးမှ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးစိုင်းခမ်းမွန်းက ပြောသည်။

 လုပ်ငန်းဆောင်ရွက်ချိန်တွင် လျှပ်စစ်မီးနှင့်ပတ်သက်၍ အသက်န္တရာယ်ကင်းစေရန်အတွက် လျှပ်စစ်မီးအား ခေတ္တဖြတ်တောက်ကာ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~