ရွမ္းျပည္နယ္တြင္း စာသင္ေက်ာင္းမ်ားတြင္ စားသံုးသူေရးရာလုပ္ငန္းမ်ား သင္ၾကားႏုိင္ရန္ စီစဥ္မည္

ရွမ္းျပည္နယ္တြင္း စာသင္ေက်ာင္းမ်ားတြင္ စားသံုးသူေရးရာလုပ္ငန္းမ်ား သင္ၾကားႏုိင္ရန္ စီစဥ္မည္
မေ 23, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း စာသင္ေက်ာင္းမ်ားတြင္ အစားအေသာက္မ်ား အႏၱရာယ္ကင္းရွင္းေစနိုင္ရန္အတြက္ စားသံုးသူေရးရာ လုပ္ငန္းကို ေက်ာင္းသားမ်ားထံသို႔ ျပန္လည္သင္ၾကားနိုင္ရန္ ဆရာ၊ဆရာမမ်ားအား စားသံုးသူေရးရာႏွင့္ FDA အေၾကာင္းအရာတို႔ကို သက္ဆိုင္ရာဌာနတို႕မွ ပူးေပါင္း၍ သင္ၾကားေပးသြားမည္ ျဖစ္ေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညြန္႔လြင္ထံမွ သိရသည္။

“စားသံုးသူေရးရာနဲ႔ ပတ္သက္ၿပီးေတာ့ ရွမ္းျပည္မွာက တရားမ၀င္အေပါက္ေတြက မ်ားတယ္။ အိမ္နီးနားခ်င္းနိုင္ငံေတြ ကလည္း စားေသာက္ကုန္ေတြ လိွမ့္၀င္တာမ်ားတယ္။ FDA အားနည္းခ်က္ေတြက ထိထိေရာက္ေရာက္ မေဆာင္ရြက္ႏုိင္တာကို ေတြ႕ရတယ္။ ရွိတဲ့ဓာတ္ခြဲခန္းကလည္း တရား၀င္ ၀င္လာေအာင္လို႔ လုပ္ရင္လည္း ရက္ၾကာတာေတြျဖစ္ကုန္တယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ဂ်ပန္နိင္ငံက FDA စက္တစ္လံုး ကူညီမယ္ဆိုၿပီး ႏႈတ္အားျဖင့္ သေဘာတူထားပါတယ္။ ဒါေပမယ့္ အဲဒီစက္ႀကီးကို ေစာင့္ေနအံုးမယ္ဆိုရင္ အခ်ိန္ ထပ္ၾကာအံုးမယ္။ စားသံုးသူဖက္ ကလည္း ဥပေဒဆိုတာရွိတယ္။ ဒါေပမယ့္ နည္းဥပေဒဆိုတာ မထြက္ေသးေတာ့ အားနည္းခ်က္ရွိတယ္။ စားသံုးသူေရးရာနဲ႔ FDA ပူးေပါင္းၿပီးေတာ့ ေဆာင္ရြက္ေနပါတယ္”ဟု ဦးစိုးညြန္႔လြင္က ေျပာသည္။

စားသံုးသူ အကာအကြယ္ေပးေရး အသိပညာေပးလုပ္ငန္းမ်ားကို ေက်ာင္းသင္ရိုးညြန္းတမ္းမ်ား မထည့္သြင္းမီ ျပည္နယ္ပညာေရးႏွင့္ပူးေပါင္း၍ ဆရာ၊ဆရာမမ်ားအား သင္တန္းပို႕ခ်ေပးၿပီး ၎တို႔မွ တစ္ဆင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို အသိပညာေပး ေဆာင္ရြက္သြားမည္ျဖစ္သည္။

“ထိထိေရာက္ေရာက္ လုပ္ကိုင္နိုင္ဖို႔ဆိုရင္ ေက်ာင္းသင္ခန္းစာ၊ သင္ရိုးညြန္းတမ္းမွာထည့္သြင္းေရးဆြဲနိုင္ဖို႕ ေဆာင္ရြက္နိုင္ဖို႔ ရည္ရြယ္တယ္။ သင္ရိုးညြန္းတမ္းမွာထည့္နိုင္ဖို႔က ညိွႏိႈင္းေဆာင္ရြက္ေနတုန္းပါ။ သို႔ေသာ္လည္း သင္ရိုးညြန္းတမ္းမွာေရးဆြဲနိုင္ဖို႕က ေက်ာင္းေတြမွာအမိန္႕ေၾကာ္ျငာစာနဲ႕ သူတို႕ရဲ႕ အားလပ္ခ်ိန္ေတြမွာ ဆရာ၊ ဆရာမေတြကို သင္ၾကားနိုင္ဖို႕ စီစဥ္ေနပါတယ္။ ေက်ာင္းေတြမွာလည္း ေဆးလိပ္မေသာက္ရ တားျမစ္ခ်က္ေတြနဲ႕ စားသံုးသူ ေဟာေျပာပြဲေတြ ပူးေပါင္းေဆာင္ရြက္သြားဖို႕ အစီအစဥ္ရွိပါတယ္” ဟု ဝန္ႀကီးက ေျပာသည္။

သတင္း - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အတွင်း စာသင်ကျောင်းများတွင် အစားအသောက်များ အန္တရာယ်ကင်းရှင်းစေနိုင်ရန်အတွက် စားသုံးသူရေးရာ လုပ်ငန်းကို ကျောင်းသားများထံသို့ ပြန်လည်သင်ကြားနိုင်ရန် ဆရာ၊ဆရာမများအား စားသုံးသူရေးရာနှင့် FDA အကြောင်းအရာတို့ကို သက်ဆိုင်ရာဌာနတို့မှ ပူးပေါင်း၍ သင်ကြားပေးသွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်ထံမှ သိရသည်။

“စားသုံးသူရေးရာနဲ့ ပတ်သက်ပြီးတော့ ရှမ်းပြည်မှာက တရားမဝင်အပေါက်တွေက များတယ်။ အိမ်နီးနားချင်းနိုင်ငံတွေ ကလည်း စားသောက်ကုန်တွေ လှိမ့်ဝင်တာများတယ်။ FDA အားနည်းချက်တွေက ထိထိရောက်ရောက် မဆောင်ရွက်နိုင်တာကို တွေ့ရတယ်။ ရှိတဲ့ဓာတ်ခွဲခန်းကလည်း တရားဝင် ဝင်လာအောင်လို့ လုပ်ရင်လည်း ရက်ကြာတာတွဖြေစ်ကုန်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျပန်နိင်ငံက FDA စက်တစ်လုံး ကူညီမယ်ဆိုပြီး နှုတ်အားဖြင့် သဘောတူထားပါတယ်။ ဒါပေမယ့် အဲဒီစက်ကြီးကို စောင့်နေအုံးမယ်ဆိုရင် အချိန် ထပ်ကြာအုံးမယ်။ စားသုံးသူဖက် ကလည်း ဥပဒေဆိုတာရှိတယ်။ ဒါပေမယ့် နည်းဥပဒေဆိုတာ မထွက်သေးတော့ အားနည်းချက်ရှိတယ်။ စားသုံးသူရေးရာနဲ့ FDA ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်”ဟု ဦးစိုးညွန့်လွင်က ပြောသည်။

စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေးလုပ်ငန်းများကို ကျောင်းသင်ရိုးညွန်းတမ်းများ မထည့်သွင်းမီ ပြည်နယ်ပညာရေးနှင့်ပူးပေါင်း၍ ဆရာ၊ဆရာမများအား သင်တန်းပို့ချပေးပြီး၎င်းတို့မှ တစ်ဆင့် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေး ဆောင်ရွက်သွားမည်ဖြစ်သည်။

“ထိထိရောက်ရောက် လုပ်ကိုင်နိုင်ဖို့ဆိုရင် ကျောင်းသင်ခန်းစာ၊ သင်ရိုးညွန်းတမ်းမှာထည့်သွင်းရေးဆွဲနိုင်ဖို့ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တယ်။ သင်ရိုးညွန်းတမ်းမှာထည့်နိုင်ဖို့က ညှိနှိုင်းဆောင်ရွက်နေတုန်းပါ။ သို့သော်လည်း သင်ရိုးညွန်းတမ်းမှာရေးဆွဲနိုင်ဖို့က ကျောင်းတွေမှာအမိန့်ကြော်ငြာစာနဲ့ သူတို့ရဲ့ အားလပ်ချိန်တွေမှာ ဆရာ၊ ဆရာမတွေကို သင်ကြားနိုင်ဖို့ စီစဉ်နေပါတယ်။ ကျောင်းတွေမှာလည်း ဆေးလိပ်မသောက်ရ တားမြစ်ချက်တွေနဲ့ စားသုံးသူ ဟောပြောပွဲတွေ ပူးပေါင်းဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်” ဟု ဝန်ကြီးက ပြောသည်။

သတင်း - နိုနို 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~