တာချီလိတ်ခရိုင်အတွင်း ဒေသခံတိုင်းရင်းသားတောင်သူများဖြင့် စိုက်ပျိုး နည်းစနစ် လေ့လာရေးခရီးတွင် တောင်သူ ၃၆ ဦးပါဝင်

တာချီလိတ်ခရိုင်အတွင်း ဒေသခံတိုင်းရင်းသားတောင်သူများဖြင့် စိုက်ပျိုး နည်းစနစ် လေ့လာရေးခရီးတွင် တောင်သူ ၃၆ ဦးပါဝင်
မေ 12, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့ ဟွေခိုက်ကျေးရွာနှင့် နားအွန်ကျေးရွာများမှ အာခါနှင့် လားဟူ ဒေသခံတိုင်းရင်းသား အကျိုးဆောင်တောင်သူ (၃၆)ဦးအား စိုက်ပျိုးနည်းစနစ် လေ့လာရေးခရီးစဉ်ကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနက မေလ (၁၁)ရက်နေ့တွင် ဦးဆောင်စီစဉ်ပေးကြောင်း သိရသည်။




တောင်သူများအား စိုက်ပျိုးနည်းစနစ်လေ့လာရေးခရီးစဉ်အတွင်း တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှဝင်း၊ ပါလျှံသစ်သီးဝလံနှင့် ဥယျာဉ်ခြံမှ ခြံဦးစီးမှူး ဒေါ်နွယ်နွယ်အောင်၊ နှစ်ရှည်သီးနှံ ဌာနခွဲမှ ဦးသန်းစိန်၊ တာလေမြို့ စိုက်ပျိုးရေးဌာနဦးစီးမှူး ဦးလွှမ်းမိုးသူတို့က တောင်သူများအား ရှင်းလင်းပြသကြကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလမြေို့ ဟွေခိုက်ကျေးရွာနှင့် နားအွန်ကျေးရွာများမှ အာခါနှင့် လားဟူ ဒေသခံတိုင်းရင်းသား အကျိုးဆောင်တောင်သူ (၃၆)ဦးအား စိုက်ပျိုးနည်းစနစ် လေ့လာရေးခရီးစဉ်ကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနက မေလ (၁၁)ရက်နေ့တွင် ဦးဆောင်စီစဉ်ပေးကြောင်း သိရသည်။

အဆိုပါ လေ့လာရေးခရီးစဉ်တွင် ကော်မယ်လိကျေးရွာမှ နွေစပါးစံပြစိုက်ခင်း၊ စပါးအစွမ်းရှိ စိုက်နည်းစံပြစိုက်ခင်းများသို့ သွားရောက်ပြီး စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်ထိ လုပ်ဆောင်ချက်များအား လက်တွေ့ရှင်းလင်းပြသကြောင်း သိရသည်။

စပါးစိုက်ခင်းများအပြင် ပါလျှံသစ်သီးဝလံနှင့် ဥယျာဉ်ခြံမှ သစ်သီးဝလံသီးပင်စားပင်များ ပျိုးထောင်ပုံမှ စိုက်ပျိုးနည်းစနစ်အထိ အသေးစိတ်ရှင်းလင်းပြသကြောင်း သိရသည်။

တောင်သူများအား နှစ်ရှည်သီးနှံဖြစ်သည့် ရာဘာပျိုးထောင်၊ ကိုင်းကူး၊ စိုက်ပျိုးခြင်း ကော်ဖီပျိုးထောင်နည်း စနစ်များကို သရုပ်ပြရှင်းလင်းကြောင်း သိရသည်။

တောင်သူများအား စိုက်ပျိုးနည်းစနစ်လေ့လာရေးခရီးစဉ်အတွင်း တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှဝင်း၊ ပါလျှံသစ်သီးဝလံနှင့် ဥယျာဉ်ခြံမှ ခြံဦးစီးမှူး ဒေါ်နွယ်နွယ်အောင်၊ နှစ်ရှည်သီးနှံ ဌာနခွဲမှ ဦးသန်းစိန်၊ တာလမြေို့ စိုက်ပျိုးရေးဌာနဦးစီးမှူး ဦးလွှမ်းမိုးသူတို့က တောင်သူများအား ရှင်းလင်းပြသကြကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~