ေတာ့ဖယ္ေက်းရြာမွ စစ္ေဘးေရွာင္ ၉၅ ဦး ေက်ာက္မဲၿမိဳ႕ထဲသို႔ လာေရာက္ခိုလံႈေန

ေတာ့ဖယ္ေက်းရြာမွ စစ္ေဘးေရွာင္ ၉၅ ဦး ေက်ာက္မဲၿမိဳ႕ထဲသို႔ လာေရာက္ခိုလံႈေန
မေ 21, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ ကြန္ေကာ္ေက်းရြာအုပ္စု၊ ေတာ့ဖယ္ေက်းရြာမွ ေဒသခံ(၉၅)ဦး ေမလ (၂၀) ရက္ ညေနပိုင္းတြင္ ေက်ာက္မဲၿမိဳ႕သို႔ စစ္ေဘးတိမ္းေရွာင္လာရာ စားနပ္ရိကၡာ လိုအပ္ေနေၾကာင္း သိရသည္။

“လူေတြခ်ည္းပဲ လာခ့ဲၾကတာဆိုေတာ့ သူတို႔မွာ ဘာမွပါမလာဘူး။ ဒီေန႔လည္း ထပ္ေရာက္လာဖို႔ရွိတယ္လို႔ ေျပာတယ္။ အဓိကလိုအပ္ေနတာကေတာ့ ဆန္တို႔၊ စားနပ္ရိကၡာတို႔လိုတယ္။ လက္ရွိ ရွိေနတ့ဲ လူဦးေရအတြက္ ႏွစ္ရက္စာေလာက္ပဲ ရွိထားတယ္” ဟု ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဌာနမွ ေဒၚျမင့္ျမင့္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရွိေရာက္ရွိေနသည့္ အိမ္ေထာင္စု (၂၈) စုမွ အမ်ိဳးသား (၃၉) ဦးႏွင့္ အမ်ိဳးသမီး (၅၆) ဦးတို႔အတြက္ စားနပ္ရိကၡာအျပင္ ေစာင္၊အခင္း၊ေခါင္းအံုးစသည့္အသံုးအေဆာင္ပစၥည္းမ်ားလည္း လိုအပ္လ်က္ ရွိေနေၾကာင္း သိရသည္။

“ဒီလ (၁၅) ရက္ေန႔က ရြာနားမွာ TNLA နဲ႕ RCSS တိုက္ပြဲျဖစ္တယ္။ လက္နက္က်ည္ေတြ ရြာထဲကို လာၾကတယ္။ စစ္ေဘးေရွာင္ဖို႕ ရြာကလူေတြကိုေပးမသြားဘူး။ အခုက သက္ႀကီးရြယ္အိုေတြကို ေက်ာက္မဲခဏ လိုက္ပို႕မယ္။ ကေလးငယ္ေတြကို ကိုရင္ေတြ သီလရွင္ ေတြဝတ္ေပးဖို႕ဆိုၿပီး ခြင့္ေတာင္းၿပီး ေက်ာက္မဲကိုေျပးလာတာ။ ေျခလ်င္ေလ်ွာက္လာၾကတာမ်ားတယ္။ ဆိုင္ကယ္နဲ႕နည္းနည္းလာတယ္” ဟု ေတာ့ဖယ္ေက်းရြာမွ အမ်ိဳးသား တစ္ဦးက ေျပာသည္။

စစ္ေဘးေရွာင္မ်ားသည္ ေမလ (၂၀) ရက္ေန႔ ညေန (၃) နာရီတြင္ ေက်ာက္မဲသို႕ ေရာက္ရွိလာၾကျခင္းျဖစ္ၿပီး အဆိုပါေက်းရြာတြင္ လူဦးေရ (၂၀၀) ခန္႕က်န္ရွိေနေသးေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

စစ္ေဘးတိမ္းေရွာင္လာသူမ်ားအတြက္ ျမန္မာႏိုင္ငံ လူမႈဝန္ထမ္းကယ္ဆယ္ေရး ႏွင့္ ျပန္လည္ေနရာခ်ထားေရးမွ အိုးခြက္ပစၥည္းမ်ားပါဝင္သည့္ အဓိက လိုအပ္ခ်က္ပစၥည္း (၉) မ်ိဳး လာေရာက္ ေထာက္ပ့ံေပးထားၿပီး လူမႈေရးအဖြဲ႕မ်ားမွ လာေရာက္လွဴဒါန္းမႈမ်ား မရွိေသးေၾကာင္း စစ္ေဘးေရွာင္စခန္း တာဝန္ရွိသူမ်ားထံမွ သိရသည္။

သတင္း / ဓာတ္ပံု - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် ကွန်ကော်ကျေးရွာအုပ်စု၊ တော့ဖယ်ကျေးရွာမှ ဒေသခံ(၉၅)ဦး မေလ (၂၀) ရက် ညနေပိုင်းတွင် ကျောက်မဲမြို့သို့ စစ်ဘေးတိမ်းရှောင်လာရာ စားနပ်ရိက္ခါ လိုအပ်နေကြောင်း သိရသည်။

“လူတွေချည်းပဲ လာခဲ့ကြတာဆိုတော့ သူတို့မှာ ဘာမှပါမလာဘူး။ ဒီနေ့လည်း ထပ်ရောက်လာဖို့ရှိတယ်လို့ ပြောတယ်။ အဓိကလိုအပ်နေတာကတော့ ဆန်တို့၊ စားနပ်ရိက္ခါတို့လိုတယ်။ လက်ရှိ ရှိနေတဲ့ လူဦးရေအတွက် နှစ်ရက်စာလောက်ပဲ ရှိထားတယ်” ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဒေါ်မြင့်မြင့်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိရောက်ရှိနေသည့် အိမ်ထောင်စု (၂၈) စုမှ အမျိုးသား (၃၉) ဦးနှင့် အမျိုးသမီး (၅၆) ဦးတို့အတွက် စားနပ်ရိက္ခါအပြင် စောင်၊အခင်း၊ခေါင်းအုံးစသည့်အသုံးအဆောင်ပစ္စည်းများလည်း လိုအပ်လျက် ရှိနေကြောင်း သိရသည်။

“ဒီလ (၁၅) ရက်နေ့က ရွာနားမှာ TNLA နဲ့ RCSS တိုက်ပွဲဖြစ်တယ်။ လက်နက်ကျည်တွေ ရွာထဲကို လာကြတယ်။ စစ်ဘေးရှောင်ဖို့ ရွာကလူတွေကိုပေးမသွားဘူး။ အခုက သက်ကြီးရွယ်အိုတွေကို ကျောက်မဲခဏ လိုက်ပို့မယ်။ ကလေးငယ်တွေကို ကိုရင်တွေ သီလရှင် တွေဝတ်ပေးဖို့ဆိုပြီး ခွင့်တောင်းပြီး ကျောက်မဲကိုပြေးလာတာ။ ခြေလျင်လျှောက်လာကြတာများတယ်။ ဆိုင်ကယ်နဲ့နည်းနည်းလာတယ်” ဟု တော့ဖယ်ကျေးရွာမှ အမျိုးသား တစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များသည် မေလ (၂၀) ရက်နေ့ ညနေ (၃) နာရီတွင် ကျောက်မဲသို့ ရောက်ရှိလာကြခြင်းဖြစ်ပြီး အဆိုပါကျေးရွာတွင် လူဦးရေ (၂၀၀) ခန့်ကျန်ရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ဘေးတိမ်းရှောင်လာသူများအတွက် မြန်မာနိုင်ငံ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးမှ အိုးခွက်ပစ္စည်းများပါဝင်သည့် အဓိက လိုအပ်ချက်ပစ္စည်း (၉) မျိုး လာရောက် ထောက်ပံ့ပေးထားပြီး လူမှုရေးအဖွဲ့များမှ လာရောက်လှူဒါန်းမှုများ မရှိသေးကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများထံမှ သိရသည်။

သတင်း / ဓာတ်ပုံ - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~