ေရပူဂိတ္တြင္ အေကာက္ခြန္မဲ့ပစၥည္းမ်ား သယ္လာသည့္ ကားသံုးစီး ေန႔တစ္ဝက္အတြင္း စစ္ေဆးေတြ႔ရိွ

ေရပူဂိတ္တြင္ အေကာက္ခြန္မဲ့ပစၥည္းမ်ား သယ္လာသည့္ ကားသံုးစီး ေန႔တစ္ဝက္အတြင္း စစ္ေဆးေတြ႔ရိွ
မေ 29, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)သိန္းနီၿမိဳ႕နယ္ရွိ ေရပူစစ္ေဆးေရးဂိတ္တြင္ ေမလ (၂၉) ရက္ေန႔ ေန႔တစ္ဝက္ အခ်ိန္အတြင္း အေကာက္ခြန္မ့ဲပစၥည္းမ်ား သယ္ေဆာင္လာသည့္ ကားသံုးစီးအား ဆက္တိုက္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

“ေမလ ၂၈ ရက္ေန႔ကတည္းက ဘယ္ကားမွာ ဘယ္္ေနရာ ဘာေတြ တင္လာတယ္ဆိုတာ ႀကိဳတင္ သတင္းရထားတယ္။ ဒါေပမယ့္ အဲဒီဲဖုန္းေတြ တင္လာတ့ဲကားက ဂိတ္ကို မေရာက္ခင္ ႏွစ္မိုင္ေလာက္ အလိုမွာ ေလအိတ္ေပါက္တယ္ဆိုၿပီး ရပ္ထားၿပီး အခ်ိန္ဆြဲေနတ့ဲ အတြက္ အဖြဲ႕က ကားတစ္စီးနဲ႔ အဲဒီနားမွာ သြားေစာင့္ေနတယ္။ ဒီမနက္ အေစာပိုင္းမွာ ပစၥည္းေတြ ေနရာေျပာင္းတင္ၿပီး ဂိတ္ကိုျဖတ္တ့ဲ အခ်ိန္မွာ ဖမ္းဆီး မိတာျဖစ္ပါတယ္”ဟု စစ္ေဆးေရး အဖြဲ႕ေခါင္းေဆာင္ ဦးတက္ထြန္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေမလ (၂၉) ရက္ေန႔ နံနက္ (၂ ) နာရီမွ (၁၁) နာရီအတြင္း မူဆယ္မွ မႏၱေလးသို႔ ေမာင္းႏွင္လာသည့္ ခရီးသည္ တင္ကားတြင္ အေကာက္ခြန္မ့ဲ သယ္ေဆာင္လာသည့္ ဟန္းဆက္မ်ား၊ ကုန္တင္ကားႏွစ္စီးတြင္ GI ပိုက္ တန္ (၃၀)ႏွင့္ စားသံုးရန္မသင့္ အစားအစာမ်ား တင္ေဆာင္လာသည္ကို စစ္ေဆး ေတြ႔ရျခင္းျဖစ္ေၾကာင္းသိရသည္။

“ဖမ္းဆီးေရးအဖြဲ႕ေတြ နားတ့ဲအခ်ိန္ကို ေစာင့္ၿပီး ျဖတ္ဖို႔လုပ္ေနၾကတာ။ မ်ားတ့ဲအတြက္ ကၽြန္ေတာ္တို႔မွာ အိပ္ခ်ိန္ နားခ်ိန္ မသတ္မွတ္ထားရေတာ့ဘူး။ အခုဖမ္းမိတ့ဲ အခ်ိန္ေတြကို ၾကည့္ပါ။ ကၽြန္ေတာ္တို႕ အဖြဲ႕လည္း အဲဒီလို အပင္ပန္းခံၿပီး ဖမ္းဆီးေနရတာျဖစ္ပါတယ္” ဟု ဦးတက္ထြန္းေအာင္က ေျပာသည္။

ေရႊၿငိမ္းခ်မ္း မူဆယ္-မႏၱေလး ခရီးသည္တင္ကားျဖင့္ သယ္ေဆာင္လာသည့္ အေကာက္ခြန္မ့ဲ ဟန္းဆက္မ်ားအား အမိ်ဳးအစားႏွင့္ အေရအတြက္ စိစစ္ေနဆဲဲျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - ေရပူအျမဲတမ္းစစ္ေဆးေရးစခန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း)သိန်းနီမြို့နယ်ရှိ ရေပူစစ်ဆေးရေးဂိတ်တွင် မေလ (၂၉) ရက်နေ့ နေ့တစ်ဝက် အချိန်အတွင်း အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်လာသည့် ကားသုံးစီးအား ဆက်တိုက် ဖမ်းဆီးရမိကြောင်း သိရသည်။

“မေလ ၂၈ ရက်နေ့ကတည်းက ဘယ်ကားမှာ ဘယ်နေရာ ဘာတွေ တင်လာတယ်ဆိုတာ ကြိုတင် သတင်းရထားတယ်။ ဒါပေမယ့် အဲဒီဲဖုန်းတွေ တင်လာတဲ့ကားက ဂိတ်ကို မရောက်ခင် နှစ်မိုင်လောက် အလိုမှာ လေအိတ်ပေါက်တယ်ဆိုပြီး ရပ်ထားပြီး အချိန်ဆွဲနေတဲ့ အတွက် အဖွဲ့က ကားတစ်စီးနဲ့ အဲဒီနားမှာ သွားစောင့်နေတယ်။ ဒီမနက် အစောပိုင်းမှာ ပစ္စည်းတွေ နေရာပြောင်းတင်ပြီး ဂိတ်ကိုဖြတ်တဲ့ အချိန်မှာ ဖမ်းဆီး မိတာဖြစ်ပါတယ်”ဟု စစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ဦးတက်ထွန်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မေလ (၂၉) ရက်နေ့ နံနက် (၂ ) နာရီမှ (၁၁) နာရီအတွင်း မူဆယ်မှ မန္တလေးသို့ မောင်းနှင်လာသည့် ခရီးသည် တင်ကားတွင် အကောက်ခွန်မဲ့ သယ်ဆောင်လာသည့် ဟန်းဆက်များ၊ ကုန်တင်ကားနှစ်စီးတွင် GI ပိုက် တန် (၃၀)နှင့် စားသုံးရန်မသင့် အစားအစာများ တင်ဆောင်လာသည်ကို စစ်ဆေး တွေ့ရခြင်းဖြစ်ကြောင်းသိရသည်။

“ဖမ်းဆီးရေးအဖွဲ့တွေ နားတဲ့အချိန်ကို စောင့်ပြီး ဖြတ်ဖို့လုပ်နကြေတာ။ များတဲ့အတွက် ကျွန်တော်တို့မှာ အိပ်ချိန် နားချိန် မသတ်မှတ်ထားရတော့ဘူး။ အခုဖမ်းမိတဲ့ အချိန်တွေကို ကြည့်ပါ။ ကျွန်တော်တို့ အဖွဲ့လည်း အဲဒီလို အပင်ပန်းခံပြီး ဖမ်းဆီးနေရတာဖြစ်ပါတယ်” ဟု ဦးတက်ထွန်းအောင်က ပြောသည်။

ရွှငြေိမ်းချမ်း မူဆယ်-မန္တလေး ခရီးသည်တင်ကားဖြင့် သယ်ဆောင်လာသည့် အကောက်ခွန်မဲ့ ဟန်းဆက်များအား အမျိုးအစားနှင့် အရေအတွက် စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~