မေကြးတိုင္း ေရနံေမွာ္အခ်ိဳ႕ ေရနံထြက္ႏွဳန္း ထက္ဝက္ေက်ာ္က်ဆင္း

မေကြးတိုင္း ေရနံေမွာ္အခ်ိဳ႕ ေရနံထြက္ႏွဳန္း ထက္ဝက္ေက်ာ္က်ဆင္း
မေ 16, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအတြင္း ေရနံမ၊ ဓာတ္ကုန္းေရနံေမွာ္မ်ား၌ ၂၀၁၇ ခုႏွစ္အတြင္း ေရနံအထြက္ႏႈန္းမွာ ထက္ဝက္ေက်ာ္ က်ဆင္းလာေၾကာင္း ေရနံလုပ္ငန္း လုပ္ကိုင္သူမ်ားထံမွ သိရသည္။

“ေရနံထြက္႐ွိမႈဟာ ၂၀၁၆ ခုႏွစ္က တစ္ရက္ကို ေပပါ(၂၀၀၀)ေလာက္ထြက္႐ွိခဲ႔ရာက အခုဆိုရင္ တစ္ရက္ ကို ေပပါ (၈၀၀) ေလာက္ပဲ ထြက္ေတာ႔တာေၾကာင္႔ သိသိသာသာ ေလ်ာ့နည္းက်ဆင္းလာတဲ႔အတြက္ ေရနံမ၊ ဓာတ္ကုန္း ေရနံေမွာ္ကို မွီခိုလုပ္ကိုင္ စားေသာက္ေနၾကသူေတြအေနနဲ႔ ဆက္လက္ရပ္တည္ဖို႔ အခက္အခဲနဲ႔ ၾကံဳေတြ႕႔ရမွာကို စိုးရိမ္ေနၾကပါတယ္”ဟု ေရနံဝယ္ေရာင္းလုပ္ငန္းရွင္ ဦးေအာင္ၿငိမ္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ယက္တြင္းတိမ္ ေရနံတူးေဖာ္ျခင္းလုပ္ငန္းမ်ားကို ေရနံမေဒသ၌ ၂၀၀၄ ခုႏွစ္မွစတင္ခဲ့ျခင္းျဖစ္ၿပီး ၂၀၁၅ ခုႏွစ္မွစတင္၍ စက္ျဖင့္တူးေဖာ္ျခင္းအား စတင္လုပ္ကိုင္လာျခင္းျဖစ္ေၾကာင္း သိရသည္။

“ေရနံဟာ ေျမေအာက္သယံဇာတ ျဖစ္တဲ႔အတြက္ တြင္းတူးတဲ႔အေတြ႔အႀကံဳေပၚမူတည္ၿပီး ခန္႔မွန္တူးၾကရတာေၾကာင္႔ ကံတရားအေပၚမူတည္ၿပီး ေအာင္ျမင္သူ႐ွိသလို အ႐ႈံးႏွင့္ရင္ဆိုင္ရသူေတြလည္း အမ်ားအျပား႐ွိပါတယ္”ဟု ေရနံလက္ယက္တြင္းတူးသူ ဦးဟန္ဝင္းေအာင္က ေျပာသည္။

ေရနံမ၊ဓာတ္ကုန္းေဒသတြင္ ေရနံဝယ္ေရာင္းလုပ္ကိုင္ေသာ ဆီျခံ (၂၀)ခန္႔႐ွိၿပီး ေရနံတူးေဖာ္ျခင္းႏွင့္ ဆက္စပ္လုပ္ငန္းမ်ားအား ေဒသအသီးသီးမွ လာေရာက္လုပ္ကိုင္ေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“ေရနံေမွာ္ စည္ကားမႈအေပၚ ေရႊ႔ေျပာင္းလုပ္ကိုင္စားေသာက္ၾကရတဲ႔ ေစ်းသည္ေတြအေနနဲ႔လည္း ေရနံ အထြက္မ်ားလို႔လူစည္ကားရင္ အေရာင္းအဝယ္ေကာင္းတယ္။ အခုဆိုရင္ ေရနံကလည္းအထြက္နည္း၊ ေမွာ္သစ္ကလည္းမေပၚေတာ့ ေစ်းေရာင္းမေကာင္းေတာ႔တာေၾကာင္႔ ေမွာ္သစ္ေပၚဖို႔ ကိုပဲ ေမ်ွာ္လင့္ေနရတယ္”ဟု ေရနံေမွာ္အတြင္း ေစ်းေရာင္းသူ ဦးေအာင္ျမင့္ကေျပာသည္။

အဆိုပါေဒသတြင္ ေရနံတြင္းမ်ားအား ယာခင္းမ်ားတြင္ အမ်ားစုတူးေဖာ္ႀကျခင္းျဖစ္ၿပီး ယာခင္းပိုင္ရွင္ႏွင့္ ေရနံတြင္းတူးသူတို႔ အခ်ိဳးက်ခံစားခြင့္ျဖင့္ တူးေဖာ္ႀကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီးအတွင်း ရေနံမ၊ ဓာတ်ကုန်းရေနံမှော်များ၌ ၂၀၁၇ ခုနှစ်အတွင်း ရေနံအထွက်နှုန်းမှာ ထက်ဝက်ကျော် ကျဆင်းလာကြောင်း ရေနံလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

“ရေနံထွက်ရှိမှုဟာ ၂၀၁၆ ခုနှစ်က တစ်ရက်ကို ပေပါ(၂၀၀၀)လောက်ထွက်ရှိခဲ့ရာက အခုဆိုရင် တစ်ရက် ကို ပေပါ (၈၀၀) လောက်ပဲ ထွက်တော့တာကြောင့် သိသိသာသာ လျော့နည်းကျဆင်းလာတဲ့အတွက် ရေနံမ၊ ဓာတ်ကုန်း ရေနံမှော်ကို မှီခိုလုပ်ကိုင် စားသောက်နကြေသူတွေအနေနဲ့ ဆက်လက်ရပ်တည်ဖို့ အခက်အခဲနဲ့ ကြုံတွေ့ရမှာကို စိုးရိမ်နကြေပါတယ်”ဟု ရေနံဝယ်ရောင်းလုပ်ငန်းရှင် ဦးအောင်ငြိမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ယက်တွင်းတိမ် ရေနံတူးဖော်ခြင်းလုပ်ငန်းများကို ရေနံမဒေသ၌ ၂၀၀၄ ခုနှစ်မှစတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်မှစတင်၍ စက်ဖြင့်တူးဖော်ခြင်းအား စတင်လုပ်ကိုင်လာခြင်းဖြစ်ကြောင်း သိရသည်။

“ရေနံဟာ မြေအောက်သယံဇာတ ဖြစ်တဲ့အတွက် တွင်းတူးတဲ့အတွေ့အကြုံပေါ်မူတည်ပြီး ခန့်မှန်တူးကြရတာကြောင့် ကံတရားအပေါ်မူတည်ပြီး အောင်မြင်သူရှိသလို အရှုံးနှင့်ရင်ဆိုင်ရသူတွေလည်း အများအပြားရှိပါတယ်”ဟု ရေနံလက်ယက်တွင်းတူးသူ ဦးဟန်ဝင်းအောင်က ပြောသည်။

ရေနံမ၊ဓာတ်ကုန်းဒေသတွင် ရေနံဝယ်ရောင်းလုပ်ကိုင်သော ဆီခြံ (၂၀)ခန့်ရှိပြီး ရေနံတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများအား ဒေသအသီးသီးမှ လာရောက်လုပ်ကိုင်နကြခြေင်းဖြစ်ကြောင်း သိရသည်။

“ရေနံမှော် စည်ကားမှုအပေါ် ရွှေ့ပြောင်းလုပ်ကိုင်စားသောက်ကြရတဲ့ ဈေးသည်တွေအနေနဲ့လည်း ရေနံ အထွက်များလို့လူစည်ကားရင် အရောင်းအဝယ်ကောင်းတယ်။ အခုဆိုရင် ရေနံကလည်းအထွက်နည်း၊ မှော်သစ်ကလည်းမပေါ်တော့ ဈေးရောင်းမကောင်းတော့တာကြောင့် မှော်သစ်ပေါ်ဖို့ ကိုပဲ မျှော်လင့်နေရတယ်”ဟု ရေနံမှော်အတွင်း ဈေးရောင်းသူ ဦးအောင်မြင့်ကပြောသည်။

အဆိုပါဒေသတွင် ရေနံတွင်းများအား ယာခင်းများတွင် အများစုတူးဖော်ကြခြင်းဖြစ်ပြီး ယာခင်းပိုင်ရှင်နှင့် ရေနံတွင်းတူးသူတို့ အချိုးကျခံစားခွင့်ဖြင့် တူးဖော်ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~