တာခ်ီလိတ္မွ ေစတနာရွင္လူငယ္မ်ားစုေပါင္း၍ တာခ်ီလိတ္ၿမိဳ႕မသုသာန္ဇရပ္အား ျပဳျပင္

တာခ်ီလိတ္မွ ေစတနာရွင္လူငယ္မ်ားစုေပါင္း၍ တာခ်ီလိတ္ၿမိဳ႕မသုသာန္ဇရပ္အား ျပဳျပင္
မေ 22, 2017
By Tachileik News Agency

တာခ်ီလိတ္မွ ေစတနာရွင္လူငယ္မ်ား၏ လုပ္အား၊ ေငြအားမ်ားျဖင့္ စုေပါင္းကာ တာခ်ီလိတ္ၿမိဳ႕မသုသာန္(ေက်ာက္ေတာင္)ဇရပ္အား ျပဳျပင္မႈမ်ား ေဆာင္ရြက္ေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕မသုသာန္ဇရပ္ ႏွင့္ နာေရးလိုက္ပါပို႔ေဆာင္ရာ သုသာန္အ၀င္ အႀကိဳတဲတို႔အား ေဆးသုတ္ျခင္းအျဖစ္ ကို Sai Jefy ႏွင့္ ေစတနာရွင္လူငယ္မ်ားမွ ေမလ(၁၉)ရက္ေန႔က စတင္ကာ ေမလ(၂၂)ရက္ေန႔အထိ ေဆာင္ရြက္ၾကၿပီး တာခ်ီလိတ္ၿမိဳ႕ ကလ်ာဏမိတၱ(ရွင္မႈကူညီေရးအသင္း)မွ ဥကၠဌ ကိုေမာင္ေဇာ္ ႏွင့္အဖြဲ႔က ဇရပ္အေဆာက္အဦ၏ အေပၚမ်က္ႏွာျပင္အား ေရစိမ့္ယိုမႈ မျဖစ္ေပၚေစရန္ အတြက္ ျဗင္ေလာင္းျခင္း ႏွင့္ ဇရပ္အေဆာက္အဦ၏ အခ်ဳိ႕ပ်က္စီးေနသည့္ ေနရာမ်ားအား မြမ္းမံမႈမ်ားကို စုေပါင္း ေဆာင္ရြက္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕မသုသာန္အတြင္း မီးရႈိ႕အုတ္ခံုမ်ားအား မဇၥ်ိမလူမႈကူညီေရးအသင္းမွ (၁)လံုး၊ တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ (၂)လံုး ႏွင့္ ေမတၱာရွင္ သာေရး/နာေရးကူညီမႈအသင္းမွ (၁)လံုး စုစုေပါင္း အုတ္ခံု(၄)လံုး လွဴဒါန္းထားေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မှ စေတနာရှင်လူငယ်များ၏ လုပ်အား၊ ငွေအားများဖြင့် စုပေါင်းကာ တာချီလိတ်မြို့မသုသာန်(ကျောက်တောင်)ဇရပ်အား ပြုပြင်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

တာချီလိတ်မြို့မသုသာန်ဇရပ် နှင့် နာရေးလိုက်ပါပို့ဆောင်ရာ သုသာန်အဝင် အကြိုတဲတို့အား ဆေးသုတ်ခြင်းအဖြစ် ကို Sai Jefy နှင့် စေတနာရှင်လူငယ်များမှ မေလ(၁၉)ရက်နေ့က စတင်ကာ မေလ(၂၂)ရက်နေ့အထိ ဆောင်ရွက်ကြပြီး တာချီလိတ်မြို့ ကလျာဏမိတ္တ(ရှင်မှုကူညီရေးအသင်း)မှ ဥက္ကဌ ကိုမောင်ဇော် နှင့်အဖွဲ့က ဇရပ်အဆောက်အဦ၏ အပေါ်မျက်နှာပြင်အား ရေစိမ့်ယိုမှု မဖြစ်ပေါ်စေရန် အတွက် ဗြင်လောင်းခြင်း နှင့် ဇရပ်အဆောက်အဦ၏ အချို့ပျက်စီးနေသည့် နေရာများအား မွမ်းမံမှုများကို စုပေါင်း ဆောင်ရွက်ကြောင်း သိရသည်။

တာချီလိတ်မြို့မသုသာန်အတွင်း မီးရှို့အုတ်ခုံများအား မဇ္ဈိမလူမှုကူညီရေးအသင်းမှ (၁)လုံး၊ တာချီလိတ်နာရေးကူညီမှုအသင်းမှ (၂)လုံး နှင့် မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်းမှ (၁)လုံး စုစုပေါင်း အုတ်ခုံ(၄)လုံး လှူဒါန်းထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~