ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသရွိ ခဲသြပ္သတၱဳထုတ္လုပ္ေရးလုပ္ငန္းအား ေခတၱဆိုင္းငံ့ထား

ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသရွိ ခဲသြပ္သတၱဳထုတ္လုပ္ေရးလုပ္ငန္းအား ေခတၱဆိုင္းငံ့ထား
မေ 15, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဆီဆိုင္ၿမိဳ႕နယ္ နားသန္ေက်း႐ြာအုပ္စု လံုးတာေဒသအတြင္းရွိ မင္းသားႀကီး ထုတ္လုပ္မႈကုမၸဏီလီမိတက္မွ ခဲသြပ္ေရာရာ သတၱဳအေသးစား ထုတ္လုပ္မႈေၾကာင့္ ေဒသခံမ်ား ထိခိုက္မႈရိွသည့္ အေျခအေနမ်ားအား ျပည္နယ္အစိုးရက ျပည္ေထာင္စုသို႔ တင္ျပထားေၾကာင္း သိရသည္။

သတၱဳတူးေဖာ္ျခင္းေၾကာင့္ ေက်းရြာမ်ားတြင္ ထိခိုက္မႈအတြက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညြန္႔လြင္ႏွင့္ အဖြဲ႕တို႔က ေမလ (၁၃) ရက္ေန႔တြင္ ေဒသခံမ်ားႏွင့္ ေတြ႕ဆံုခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

"သက္တမ္းတိုး တတိယအႀကိမ္ ေလွ်ာက္ထားတဲ့ အခါမွာက်ေတာ့ ရြာေဒသခံေတြက ေတာင္းဆိုတယ္။ သတၱဳလုပ္တဲ့အတြက္ေၾကာင့္ ရြာလမ္းပ်က္စီးမႈ၊ သဘာဝပတ္၀န္းက်င္ပ်က္စီးျခင္း၊ စိုက္ပ်ဳိးေရး ယာေျမပ်က္စီးျခင္း စတာေတြကို တင္ျပခဲ့တယ္။ ရြာေဒသခံေတြကလည္း ဒီလုပ္ငန္းႀကီးကို ကန္႔ကြက္စာ တင္ထားတယ္။ ဒီတင္ျပမႈေတြကို ကၽြန္ေတာ္တို႔ ရွမ္းျပည္အစိုးရအေနနဲ႔ ကြင္းဆင္းစစ္ေဆးေဆာင္ရြက္ၿပီး စစ္ေဆးတယ္။ အမ်ားဆႏၵကန္႔ကြက္ထားတဲ့အေၾကာင္းကို သယံဇာတႏွင့္ သဘာဝပတ္၀န္းက်င္ ထိန္းသိမ္းေရး၀န္ႀကီးက ေမလ (၈)ရက္ေန႔က ေဒသခံေတြကန္႔ကြက္တဲ့စာကို ျပည္ေထာင္စုအစိုးရဆီကို ရွမ္းျပည္နယ္အစိုးရအေနနဲ႔ တင္ျပထားပါတယ္” ဟု ရွမ္းျပည္နယ္စီမံကိန္းႏွင့္စီးပြားေရး၀န္ႀကီး ဦးစိုးညြန္႔လြင္က ေျပာသည္။

အဆိုပါလုပ္ငန္းမွာ ေျမဧရိယာ (၄၉.၅) ဧက အက်ယ္အ၀န္းတြင္ ခဲသြပ္ေရာရာ သတၱဳအေသးစား ထုတ္လုပ္ခြင့္ကို ခြင့္ျပဳမိန္႔အမွတ္(၂၅၁/၂၀၁၁)ျဖင့္ မင္းသားႀကီး ထုတ္လုပ္မႈကုမၸဏီလီမိတက္မွ ၂၀၁၇ ခုႏွစ္ မတ္လ (၁၇) ရက္ေန႔ အထိ ခြင့္ျပဳခ်က္ရထားၿပီး သက္တမ္းတိုး ဆက္လက္ေလွ်ာက္ထားျခင္းကို ဆိုင္းငံ့ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို
ဓာတ္ပံု -  Soe Nyunt Lwin (FB)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နားသန်ကျေးရွာအုပ်စု လုံးတာဒေသအတွင်းရှိ မင်းသားကြီး ထုတ်လုပ်မှုကုမ္ပဏီလီမိတက်မှ ခဲသွပ်ရောရာ သတ္တုအသေးစား ထုတ်လုပ်မှုကြောင့် ဒေသခံများ ထိခိုက်မှုရှိသည့် အခြေအနေများအား ပြည်နယ်အစိုးရက ပြည်ထောင်စုသို့ တင်ပြထားကြောင်း သိရသည်။

သတ္တုတူးဖော်ခြင်းကြောင့် ကျေးရွာများတွင် ထိခိုက်မှုအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် အဖွဲ့တို့က မေလ (၁၃) ရက်နေ့တွင် ဒေသခံများနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"သက်တမ်းတိုး တတိယအကြိမ် လျှောက်ထားတဲ့ အခါမှာကျတော့ ရွာဒေသခံတွေက တောင်းဆိုတယ်။ သတ္တုလုပ်တဲ့အတွက်ကြောင့် ရွာလမ်းပျက်စီးမှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း၊ စိုက်ပျိုးရေး ယာမြေပျက်စီးခြင်း စတာတွေကို တင်ပြခဲ့တယ်။ ရွာဒေသခံတွေကလည်း ဒီလုပ်ငန်းကြီးကို ကန့်ကွက်စာ တင်ထားတယ်။ ဒီတင်ပြမှုတွေကို ကျွန်တော်တို့ ရှမ်းပြည်အစိုးရအနေနဲ့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီး စစ်ဆေးတယ်။ အများဆန္ဒကန့်ကွက်ထားတဲ့အကြောင်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက မေလ (၈)ရက်နေ့က ဒေသခံတွေကန့်ကွက်တဲ့စာကို ပြည်ထောင်စုအစိုးရဆီကို ရှမ်းပြည်နယ်အစိုးရအနေနဲ့ တင်ပြထားပါတယ်” ဟု ရှမ်းပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

အဆိုပါလုပ်ငန်းမှာ မြေဧရိယာ (၄၉.၅) ဧက အကျယ်အဝန်းတွင် ခဲသွပ်ရောရာ သတ္တုအသေးစား ထုတ်လုပ်ခွင့်ကို ခွင့်ပြုမိန့်အမှတ်(၂၅၁/၂၀၁၁)ဖြင့် မင်းသားကြီး ထုတ်လုပ်မှုကုမ္ပဏီလီမိတက်မှ ၂၀၁၇ ခုနှစ် မတ်လ (၁၇) ရက်နေ့ အထိ ခွင့်ပြုချက်ရထားပြီး သက်တမ်းတိုး ဆက်လက်လျှောက်ထားခြင်းကို ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို
ဓာတ်ပုံ - Soe Nyunt Lwin (FB) 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~