အမ်ားအတြက္ဆိုၿပီး ယံုၾကည္မႈေတြ မလြန္ကဲပါေစနဲ႔

အမ်ားအတြက္ဆိုၿပီး ယံုၾကည္မႈေတြ မလြန္ကဲပါေစနဲ႔
မေ 28, 2017
By Tachileik News Agency
အမ်ားအတြက္ဆိုၿပီး ယံုၾကည္မႈေတြ မလြန္ကဲပါေစနဲ႔
ေငြေၾကာင့္ လုယက္ခံရသူ အမ်ဳိးသမီး၀န္ထမ္းတစ္ဦးႏွင့္ ေတြ႕ဆံုျခင္း
{ ေနၿဖဳိးျမင့္ }

“ငါ့ေဒသပဲ ငါသိတဲ့သူေတြ ေနတဲ့ေနရာပဲဆိုၿပီး  ကြ်န္မလို အရမ္းႀကီး မယံုၾကည္မိၾကဖို႔ရယ္  ကိုယ္မသိႏိုင္တဲ့ ေျပာင္းလဲမႈေတြဟာ အခ်ိန္မေရြး ျဖစ္ေပၚလာႏိုင္တယ္ဆိုတာ  ကြ်န္မလို မိန္းကေလး ဝန္ထမ္းေတြအျပင္ ခရီးထြက္ အလုပ္ လုပ္ေနရတဲ့သူေတြ အားလံုးကို  အသိေပးခ်င္ပါတယ္။  ေနာက္ဆံုးမွာ ကြ်န္မ အသက္ရွင္ က်န္ေနခဲ့ႏိုင္တာက ေကာင္းတဲ့ အေျခအေန တစ္ခုလို႔ပဲ မွတ္ယူ လိုက္ပါတယ္”

ေဒသခံမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ကူညီေနသည့္ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္း Pact Myanmar အေသးစား ေငြေခ်းလုပ္ငန္း၏ ဝန္ထမ္းတစ္ဦးျဖစ္သည့္ မခိုင္ညီလာထြန္းက လည္ပင္းမွ ဒဏ္ရာ အမာရြတ္အား လက္ျဖင့္ပြတ္သပ္ရင္း ေျပာသည္။

“ကြ်န္မလုပ္ေနတဲ့ အလုပ္က အဲဒီနားက ေက်းရြာေဒသခံေတြအတြက္ အကူအညီေပးေနတဲ့ လုပ္ငန္းတစ္ခု ျဖစ္ပါတယ္။ ဒါေၾကာင့္ ကြ်န္မကိုလည္း သူတို႔တေတြက ေမတၱာရွိၾကမယ္။ ေစာင့္ေရွာက္ၾကမယ္လို႔ ကြ်န္မ ယံုၾကည္တယ္။ တစ္ကယ္လည္း အံုးငန္းရြာက ေဒသခံေတြေၾကာင့္ အခုလို အသက္ရွင္ေနႏိုင္တာပါ”ဟု မခိုင္ညီလာထြန္းက ဆိုသည္။

Pact Myanmar အေသးစားေငြေခ်းလုပ္ငန္း၏ ေက်ာက္မဲရံုးမွ အသက္ (၂၆)ႏွစ္အရြယ္ မခိုင္ညီလာထြန္း တစ္ေယာက္ လုပ္ငန္းတာဝန္ ထမ္းေဆာင္ရင္း ၂၀၁၇ ခုႏွစ္ ေဖေဖာ္ဝါရီလ (၂၈) ရက္ေန႔တြင္ ေက်ာက္မဲခရိုင္ မုိင္းလံုၿမိဳ႕နယ္ အတြင္းရွိ မန္ကန္ေက်းရြာႏွင့္ အံုးငန္း ေက်းရြာခ်င္းဆက္လမ္း၌ တိုက္ခိုက္ လုယက္ခံခဲ့ရၿပီး အသက္ရွင္သန္ေအာင္ ႀကိဳးစားခဲ့ရသည့္ အေၾကာင္းအား ျပန္လည္ ေျပာျပေနျခင္း ျဖစ္သည္။

မန္ကန္ေက်းရြာမွ အံုငန္းေက်းရြာသို႔ သြားသည့္ေက်းရြာခ်င္းဆက္ ေတာင္ေပၚလမ္းတစ္ေနရာတြင္ ဆိုင္ကယ္ ေမာင္းႏွင္လာသည့္ မခိုင္ညီလာထြန္းကို လမ္းတစ္ေနရာရွိသစ္ပင္ခ်ံဳပုတ္အၾကားမွ ထင္းတံုး တစ္တံုးျဖင့္ မ်က္ႏွာအား ပစ္ေပါက္သည့္အတြက္ ဒဏ္ရာျဖင့္လဲက်သြားခ်ိန္တြင္ ဆိုင္ကယ္ခြၾကားရွိ ေက်ာပိုးအိတ္အား လုယက္သူက ယူေဆာင္သြားခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။

“အဲဒီလမ္းမွာ ကြ်န္မသြားလာေနတာက သြားေနက် ထံုးစံလိုျဖစ္ေနၿပီ။ ကြ်န္မအေဖကလည္း အဲဒီေဒသက ေဒသခံ တစ္ဦးျဖစ္တယ္။ ကြ်န္မကိုယ္တိုင္ကလည္း အဲဒီေဒသက ေဒသခံေတြကို အကူအညီေပးေနတဲ့ လုပ္ငန္းတစ္ခုကို လုပ္ေဆာင္ေနတဲ့ သူတစ္ေယာက္ျဖစ္တဲ့အတြက္ လမ္းခရီးရယ္၊ ေဒသရယ္ကို လံုးဝယံုၾကည္ထားမိတာက ပထမဦးဆံုး အမွားတစ္ခုလို႔ ေျပာရမွာပဲ “ဟု မခိုင္ညီလာထြန္းက ေျပာသည္။

တိုက္ခိုက္ခံရၿပီးေနာက္ ေခတၱမူးေမ့ကာ လမ္းနံေဘးသို႔ လဲက်သြားၿပီး အခ်ိန္အနည္းငယ္အတြင္း သတိဝင္လာသည့္ အခ်ိန္၌ သူမ၏ လည္ပင္းတြင္လည္း ျပတ္ရွဒဏ္ရာတစ္ခု ရရွိထားကာ ေသြးမ်ားပန္းက် ေနသည္ကို ျမင္ေတြ႔ ခံစားလိုက္ရေၾကာင္း သူမက ျပန္လည္ေျပာျပသည္။

“ထင္းတံုး လာမွန္တဲ့အခ်ိန္မွာ လူက မူးေမ့လဲက်သြားတယ္။ အဲဒီတဒဂၤမွာ အိပ္မက္လို႔ေတာင္ ထင္လိုက္မိတယ္။ ဒါေပမယ့္ ခ်က္ခ်င္း သတိျပန္ဝင္လာေတာ့ ေမးရိုးက်ိဳးသြားတာရယ္၊ လည္ပင္းမွာ ရထားတဲ့ ဒဏ္ရာက ေသြးေတြ ပန္းထြက္ေနတာရယ္ကို သတိထားမိတယ္။ ကြ်န္မအကၤ် ီရင္ဘတ္တစ္ခုလံုး ေသြးေတြ နစ္ေနေအာင္ျဖစ္ေနတာ” ဟု သူမက ေျပာသည္။

လုယက္သူ ယူေဆာင္သြားသည့္ ေက်ာပိုးအိတ္အတြင္း လက္ကိုင္ဖုန္း၊ ဘဏ္စာအုပ္၊ လုပ္ငန္းစာရြက္ စာတမ္းမ်ား၊ မွတ္ပံုတင္၊ ဝန္ထမ္းကတ္၊ ယာဥ္ေမာင္းလိုင္စင္ႏွင့္ ေငြစုေငြေခ်းလုပ္ငန္းအသံုးျပဳေငြေၾကး ေျခာက္သိန္းေက်ာ္ ပါသြားခဲ့ၿပီး ဆိိုင္ကယ္ခ်န္ထားခဲ့သည့္အတြက္ အသက္ရွင္သန္ႏုိင္ခဲ့ျခင္းျဖစ္သည္ဟု သူမက ဆိုသည္။

“ရုတ္တရက္ ကြ်န္မသတိရလိုက္မိတာက ဆိုင္ကယ္ခြၾကားက ေက်ာပိုးအိတ္။ ဒါေပမယ့္ သူကယူသြားၿပီ။ ဆိုင္ကယ္ကေတာ့ လမ္းေဘးမွာ လဲေနတယ္။ ကြ်န္မစဥ္းစားလိုက္တာက မန္ကန္ရြာကို ျပန္လွည့္သြားရင္ေတာ့ အဆင္းလမ္း ဒါေပမယ့္ ေဝးတယ္။ အံုးငန္းရြာအထိ ေရာက္ေအာင္သြားႏိုင္ရင္ ကြ်န္မအသက္ဆက္ ရွင္ႏိုင္မယ္လို႔ ယံုၾကည္တယ္။ ဒါေပမယ့္ လည္ပင္းကထြက္ေနတဲ့ေသြးေတြ ေမးရိုးက်ိဳးသြားလို႔ ထြက္ေနတဲ့ေသြးေတြေၾကာင့္ ကၽြန္မ မူးေဝေနတယ္။ အားလည္းမရွိေတာ့ဘူး။ ေနာက္ဆံုးအားတင္းၿပီး ဆိုင္ကယ္နားအထိေရာက္ေအာင္ သြားႏိုင္ခဲ့တာကေတာ့ မွတ္မိတယ္”ဟု သူမက ေျပာသည္။

ဆိုင္ကယ္အား ကိုယ္တိုင္ျပန္လည္ေမာင္းႏွင္၍ အနီးဆံုးေက်းရြာသို႔သြားရန္အတြက္ ဆိုင္ကယ္သံၾကားပါက သူမ မေသမွန္းသိၿပီး လုယက္သူက အႏၱရာယ္ထပ္ေပးႏိုင္သည္ဟု စဥ္းစားမိခဲ့ေသာ္လည္း အံုးငန္းေက်းရြာ အထိ သူမကိုယ္တိုင္ ဆိုင္ကယ္ေမာင္းႏွင္သြားရန္ဆံုးျဖတ္ခဲ့သည္ဟု ဆိုသည္။

အံုငန္းေက်းရြာအဝင္လမ္းတြင္ ဆိုင္ကယ္လဲေနသည္ကို ေက်းရြာေဒသခံအခ်ိဳ႕ကေတြ႔ရွိခဲ့ၿပီး ေလျပြန္ ျပတ္ရွဒဏ္ရာေၾကာင့္ စကားမေျပာႏိုင္သည့္ အတြက္ လမ္းတြင္ျဖစ္ပြားခဲ့သည့္ ျဖစ္စဥ္အား စာျဖင့္ေရး၍ ရြာသူရြာသားမ်ားကို ရွင္းျပလိုက္တဲ့အခါမွာ လုယက္ခံရမႈကို သိရွိသြားၾကသည္ဟု ဆိုသည္။

ေဒသခံမ်ားက သူမအလုပ္ လုပ္ကိုင္ေနသည့္ ေငြစုေငြေခ်းလုပ္ငန္းမွ လုပ္ေဖာ္ကိုင္ဖက္ဝန္ထမ္းမ်ားအား အေၾကာင္းၾကားျခင္း၊ ေက်ာက္မဲရွိ ရံုးအား အေၾကာင္းၾကားျခင္းတို႔ကို လုပ္ေဆာင္ေပးၿပီး ေက်ာက္မဲၿမိဳ႕ ျပည္သူ႔ေဆးရံုသို႔ အခင္းျဖစ္ပြားသည့္ ညေနပိုင္းတြင္ ပို႔ေဆာင္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

“ေအာက္ေမးရိုး က်ိဳးသြားတယ္။ သြားေတြလည္း မညီမညာျဖစ္ကုန္တယ္။ အဲဒါကိုေဆးရံုက အရင္ဆံုးကုသေပး တယ္။ လည္ပင္းက ဒဏ္ရာကိုေတာ့ ေဘးႏွစ္ဖက္ကို ခ်ဳပ္တယ္။ အလယ္မွာ အေပါက္ေသးေသး တစ္ေပါက္ခ်န္ၿပီး ပိုက္ထည့္ထားတယ္။ စကားေျပာဖို႔ မေျပာနဲ႔ ေရေတာင္ မေသာက္ႏိုင္ေတာ့တဲ့ အေျခအေနျဖစ္သြားတယ္။ အဲဒီေန႔ကေန မတ္လ(၂၄) ရက္ေန႔အထိ ေမးရိုးကို ကုသတာေတြ သြားေတြကို ျပန္ညိႇတာ၊ ျပန္ထိန္းတာေတြ လုပ္ရတယ္။ လည္ပင္းဒဏ္ရာကေတာ့ (၂၈) ရက္ေန႔အထိ ပတ္တီးနဲ႔ေန ေနရတာ”ဟု ကုသမႈခံယူရပံုမ်ားကို ျပန္လည္ေျပာျပသည္။

ေက်ာက္မဲၿမိဳ႕ ျပည္သူ႔ေဆးရံုတြင္ ကုသမႈမ်ားအား ဆက္တိုက္လုပ္ေဆာင္ခဲ့ရၿပီး ကုသေနစဥ္ကာလ၌ သူမအေနျဖင့္ လုယက္ခံရသည့္ျဖစ္စဥ္ႏွင့္ပတ္သက္၍ မည္သူတစ္ဦးတစ္ေယာက္ကိုမွ ျပန္လည္ေျဖၾကား ႏိုင္ျခင္း ေျပာျပႏိုင္ျခင္း မရွိခဲ့ေၾကာင္း သိရသည္။

“တိုက္ခိုက္ခံရသူအမ်ိဳးသမီးက ေအာက္ေမးရိုး ပ်က္စီးသြားတယ္။ သြားေတြ ထပ္ကုန္တာဆိုေတာ့ ဒီမွာကုလို႔ရရင္လည္း ဒီမွာပဲကုသေပးမယ္။ ေလျပြန္ျပတ္ရွဒဏ္ရာေတြလည္း ရထားတယ္။ ေလျပြန္ ကေတာ့ ဒဏ္ရာအေနအထားကို ေသခ်ာစစ္ေဆးၿပီးမွ ဒီမွာကုသႏိုင္မလား မကုသႏိုင္ဘူးလားဆိုတာ ၾကည့္ရမွာ။ တစ္ကယ္လို႔ ဒဏ္ရာအေနအထားအရ ဒီမွာကုသဖို႔မျဖစ္ႏိုင္ဘူးဆိုရင္ေတာ့ မႏၱေလးကို လႊဲေျပာင္းေပးဖို႔ စီစဥ္ထားပါတယ္။ စကားေတာ့ မေျပာႏိုင္ေသးဘူး။ ဒါေပမယ့္ အသက္အႏၱရာယ္ေတာ့ မစိုးရိမ္ရေတာ့ပါဘူး” ဟု ေက်ာက္မဲၿမိဳ႕ ျပည္သူ႔ေဆးရံု ေဆးရံုအုပ္ႀကီး ေဒါက္တာေအာင္ေအာင္က သူမအား ကုသမႈမ်ား ျပဳလုပ္ေပးေနသည့္ မတ္လ(၆) ရက္ေန႔က ေျပာသည္။

Pact Myanmar ရံုးမွ တာဝန္ရွိသူမ်ားက သူမေဆးကုသမႈခံယူေနသည့္ကာလတစ္ေလွ်ာက္တြင္ ပံ့ပိုးမႈမ်ား ျပဳလုပ္ေပးခဲ့ၾကၿပီး မိုင္းလံုၿမိဳ႕နယ္ရဲဌာနမွ တာဝန္ခံတစ္ဦးကလည္း သူမစကားျပန္ေျပာႏိုင္သည့္ အခ်ိန္တြင္ အမႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ လာေရာက္ေမးျမန္းမႈတစ္ခု ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

“ကြ်န္မကို တိုက္ခိုက္ခံရတဲ့ေနရာကေန ကိုယ့္ဘာသာဆိုင္ကယ္ေမာင္းၿပီးထြက္ေျပးမယ္ဆိုရင္ ဆိုင္ကယ္သံ ၾကားၿပီး ကၽြြန္မ မေသေသးမွန္းသိရင္ ျပန္လာသတ္ခံရမွာကို ေၾကာက္မိတယ္။ ဒါေပမယ့္ တစ္ေယာက္ ေယာက္က လာေတြ႔တဲ့အထိ အဲဒီေနရာမွာပဲ လဲေနခဲ့မယ္ဆိုရင္လည္း ဒဏ္ရာႏွစ္ခုက ထြက္တဲ့ေသြးေတြေၾကာင့္ ေသြးထြက္လြန္ၿပီး ကြ်န္မေသသြားခဲ့မွာပဲ။ အဲဒီလုယက္မႈနဲ႔ပတ္သက္ၿပီး လုယက္သူကို ဖမ္းမိလိမ့္မယ္လို႔လည္း ေမွ်ာ္လင့္မထားဘူး။ ဒီေန႔ပဲ (၃)လတိတိ ျပည့္ခဲ့ၿပီေလ။ ကြ်န္မအတြက္ သတင္းေကာင္း မၾကားရေသးပါဘူး။ အဲဒါက ဒီေဒသရဲ့ အားနည္းခ်က္တစ္ခုလို႔ အစကတည္းက သိထားၿပီးသားလည္းျဖစ္တယ္”ဟု မခိုင္ညီလာထြန္းက ေျပာသည္။

၎လုယက္မႈႏွင့္ ပတ္သက္၍ ေဒသခံမ်ားက အမ်ိဳးမ်ိဳး ခန္႔မွန္းေနၾကေသာ္လည္း သက္ဆုိင္ရာရဲတပ္ဖြဲ႕မွ အဆိုပါအမႈႏွင့္ ပတ္သက္၍ သတင္းမၾကားရေသးေၾကာင္း  သူမက ဆိုသည္။

“အေၾကာင္းသိထဲကျဖစ္မယ္လို႔ ထင္ဖို႔ေတာ့ ခက္တယ္။ ဘာလို႔လဲဆို အဲဒီတစ္ေခါက္က ေငြေၾကးပါတာ အနည္းဆံုး ျဖစ္ေနတယ္ေလ။ ဆိုင္ကယ္ကို ဘာလို႔ယူမသြားတာလဲဆိုတာကေတာ့ ဒီဆိုင္ကယ္နဲ႔သာ လုယက္သူက ထြက္ေျပးရင္ ခဏအတြင္းတစ္ေယာက္ေယာက္ကျမင္ၿပီး ကြ်န္မဆိုင္ကယ္မွန္းသိမယ္။ သူ႔ကို ျမန္ျမန္ဖမ္းမိမယ္။ ေနာက္ဆံုးေက်းဇူးတင္ရမယ့္ အခ်က္ကေတာ့ သူသာဆိုင္ကယ္ကိုယူေျပးရင္ သူ႔ကို မိမယ္ဆိုေပမယ့္ အဲဒီေနရာမွာ ကြ်န္မလည္း ေသြးထြက္လြန္ၿပီး ေသမွာပဲ။ ခုလိုလည္း ျပန္ေျပာျပႏိုင္မွာ မဟုတ္ဘူး”ဟု သူမေျပာေနသည္ကို မွတ္တမ္းယူေနသည့္ ဖုန္းအား ေတြေတြ ေငးၾကည့္ရင္းသူမက ေျပာသည္။

အဆိုပါ လုယက္မႈႏွင့္ပတ္သက္၍ မိုင္းလံုၿမိဳ႕နယ္ရဲစခန္းသို႔ ဖုန္းျဖင့္ဆက္သြယ္ေမးျမန္းရာတြင္ ျပန္လည္ ေျဖၾကားမႈ မရွိခဲ့ေသာ္လည္း ေက်ာက္မဲၿမိဳ႕နယ္ ရဲစခန္းအား ဆက္သြယ္ေမးျမန္းခဲ့ရာ “ျဖစ္တာကေတာ့ မိုင္းလံုၿမိဳ႕နယ္ အပိုင္ထဲမွာ ျဖစ္တာဆိုေတာ့ မိုင္းလံုၿမိဳ႕နယ္ ရဲစခန္းမွာပဲ အမႈဖြင့္တာနဲ႔ ပတ္သက္တာေတြ လုပ္ထားပါတယ္။ ျပစ္မႈက်ဴးလြန္တဲ့ တရားခံေတြကိုေတာ့ စံုစမ္းေနဆဲ အေနအထားပဲ ရွိပါေသးတယ္။ လတ္တေလာ အေျခအေနကေတာ့ အဲဒီလိုပဲ သိရပါေသးတယ္”ဟု ေက်ာက္မဲၿမိဳ႕နယ္ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျဖသည္။

လုယက္မႈ ျဖစ္ပြားရာ ေနရာေဒသသည္ ေဒသတြင္း လက္နက္ကိုင္အဖြဲ႕မ်ား၏ လႊမ္းမိုးသည့္ ေဒသျဖစ္သျဖင့္ တရားဥပေဒစိုးမိုးမႈ အားနည္းသျဖင့္ အမႈအား စံုစမ္းေဖာ္ထုတ္ရန္ ခက္ခဲမည္ဟု သူမကသံုးသပ္သည္။

သူမ တိုက္ခိုက္ခံရသည့္ ျဖစ္စဥ္ေၾကာင့္ Pact Myanmar အေနျဖင့္ အဆိုပါေဒသတြင္ လုပ္ငန္းမ်ားေဆာင္ရြက္သည့္ ဝန္ထမ္းမ်ားလံုၿခံဳေရးကို တိုးျမႇင့္လိုက္ေၾကာင္း သိရသည္။

“ကြ်န္မကိစၥျဖစ္ပြားၿပီးတဲ့ေနာက္မွာ အဲဒီဖက္ကို သြားမယ့္ဝန္ထမ္းေတြကို ေယာက္်ားေလးဝန္ထမ္းေတြ ေျပာင္းလိုက္တယ္။ အင္အားလည္း တိုးလိုက္တယ္။ ရံုးကေနလည္း ေစာင့္ေရွာက္မႈေတြ ေပးတယ္လို႔ သိရပါတယ္”ဟု သူမက ဆိုသည္။

သူမတိုက္ခိုက္ခံရျခင္းေၾကာင့္ လုပ္ငန္းခြင္တြင္းမွ အမ်ိဳးသမီးမ်ားကိုလည္း သတိႏွင့္ယွဥ္ၿပီး လုပ္ကိုင္ ေဆာင္ရြက္ၾကရန္ မခို္င္ညီလာထြန္းက တိုက္တြန္းထားသည္။

လက္ရိွတြင္ ဒဏ္ရာ အေျခအေနအား ႏွစ္လၾကာ ေစာင့္ၾကည့္ကုသမႈခံယူၿပီး သက္သာလာၿပီ ျဖစ္ေသာ္လည္း သူမ၏ အလုပ္မွ ခြင့္ခံစားခြင့္ ေပးထားသျဖင့္ အနားယူေနၿပီး လုပ္ငန္းခြင္ ျပန္လည္ ဝင္ေရာက္ရန္ ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း သိရသည္။

 ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
“ငါ့ဒေသပဲ ငါသိတဲ့သူတွေ နေတဲ့နေရာပဲဆိုပြီး ကျွန်မလို အရမ်းကြီး မယုံကြည်မိကြဖို့ရယ် ကိုယ်မသိနိုင်တဲ့ ပြောင်းလဲမှုတွေဟာ အချိန်မရွေး ဖြစ်ပေါ်လာနိုင်တယ်ဆိုတာ ကျွန်မလို မိန်းကလေး ဝန်ထမ်းတွေအပြင် ခရီးထွက် အလုပ် လုပ်နေရတဲ့သူတွေ အားလုံးကို အသိပေးချင်ပါတယ်။ နောက်ဆုံးမှာ ကျွန်မ အသက်ရှင် ကျန်နေခဲ့နိုင်တာက ကောင်းတဲ့ အခြေအနေ တစ်ခုလို့ပဲ မှတ်ယူ လိုက်ပါတယ်”

ဒေသခံများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီနေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်း Pact Myanmar အသေးစား ငွေချေးလုပ်ငန်း၏ ဝန်ထမ်းတစ်ဦးဖြစ်သည့် မခိုင်ညီလာထွန်းက လည်ပင်းမှ ဒဏ်ရာ အမာရွတ်အား လက်ဖြင့်ပွတ်သပ်ရင်း ပြောသည်။

“ကျွန်မလုပ်နေတဲ့ အလုပ်က အဲဒီနားက ကျေးရွာဒေသခံတွေအတွက် အကူအညီပေးနေတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မကိုလည်း သူတို့တတွေက မေတ္တာရှိကြမယ်။ စောင့်ရှောက်ကြမယ်လို့ ကျွန်မ ယုံကြည်တယ်။ တစ်ကယ်လည်း အုံးငန်းရွာက ဒေသခံတွေကြောင့် အခုလို အသက်ရှင်နေနိုင်တာပါ”ဟု မခိုင်ညီလာထွန်းက ဆိုသည်။

Pact Myanmar အသေးစားငွေချေးလုပ်ငန်း၏ ကျောက်မဲရုံးမှ အသက် (၂၆)နှစ်အရွယ် မခိုင်ညီလာထွန်း တစ်ယောက် လုပ်ငန်းတာဝန် ထမ်းဆောင်ရင်း ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ကျောက်မဲခရိုင် မိုင်းလုံမြို့နယ် အတွင်းရှိ မန်ကန်ကျေးရွာနှင့် အုံးငန်း ကျေးရွာချင်းဆက်လမ်း၌ တိုက်ခိုက် လုယက်ခံခဲ့ရပြီး အသက်ရှင်သန်အောင် ကြိုးစားခဲ့ရသည့် အကြောင်းအား ပြန်လည် ပြောပြနခြေင်း ဖြစ်သည်။

မန်ကန်ကျေးရွာမှ အုံငန်းကျေးရွာသို့ သွားသည့်ကျေးရွာချင်းဆက် တောင်ပေါ်လမ်းတစ်နေရာတွင် ဆိုင်ကယ် မောင်းနှင်လာသည့် မခိုင်ညီလာထွန်းကို လမ်းတစ်နေရာရှိသစ်ပင်ချုံပုတ်အကြားမှ ထင်းတုံး တစ်တုံးဖြင့် မျက်နှာအား ပစ်ပေါက်သည့်အတွက် ဒဏ်ရာဖြင့်လဲကျသွားချိန်တွင် ဆိုင်ကယ်ခွကြားရှိ ကျောပိုးအိတ်အား လုယက်သူက ယူဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“အဲဒီလမ်းမှာ ကျွန်မသွားလာနေတာက သွားနေကျ ထုံးစံလိုဖြစ်နပြေီ။ ကျွန်မအဖေကလည်း အဲဒီဒေသက ဒေသခံ တစ်ဦးဖြစ်တယ်။ ကျွန်မကိုယ်တိုင်ကလည်း အဲဒီဒေသက ဒေသခံတွေကို အကူအညီပေးနေတဲ့ လုပ်ငန်းတစ်ခုကို လုပ်ဆောင်နေတဲ့ သူတစ်ယောက်ဖြစ်တဲ့အတွက် လမ်းခရီးရယ်၊ ဒေသရယ်ကို လုံးဝယုံကြည်ထားမိတာက ပထမဦးဆုံး အမှားတစ်ခုလို့ ပြောရမှာပဲ “ဟု မခိုင်ညီလာထွန်းက ပြောသည်။

တိုက်ခိုက်ခံရပြီးနောက် ခေတ္တမူးမေ့ကာ လမ်းနံဘေးသို့ လဲကျသွားပြီး အချိန်အနည်းငယ်အတွင်း သတိဝင်လာသည့် အချိန်၌ သူမ၏ လည်ပင်းတွင်လည်း ပြတ်ရှဒဏ်ရာတစ်ခု ရရှိထားကာ သွေးများပန်းကျ နေသည်ကို မြင်တွေ့ ခံစားလိုက်ရကြောင်း သူမက ပြန်လည်ပြောပြသည်။

“ထင်းတုံး လာမှန်တဲ့အချိန်မှာ လူက မူးမေ့လဲကျသွားတယ်။ အဲဒီတဒင်္ဂမှာ အိပ်မက်လို့တောင် ထင်လိုက်မိတယ်။ ဒါပေမယ့် ချက်ချင်း သတိပြန်ဝင်လာတော့ မေးရိုးကျိုးသွားတာရယ်၊ လည်ပင်းမှာ ရထားတဲ့ ဒဏ်ရာက သွေးတွေ ပန်းထွက်နေတာရယ်ကို သတိထားမိတယ်။ ကျွန်မအင်္ကျီရင်ဘတ်တစ်ခုလုံး သွေးတွေ နစ်နေအောင်ဖြစ်နေတာ” ဟု သူမက ပြောသည်။

လုယက်သူ ယူဆောင်သွားသည့် ကျောပိုးအိတ်အတွင်း လက်ကိုင်ဖုန်း၊ ဘဏ်စာအုပ်၊ လုပ်ငန်းစာရွက် စာတမ်းများ၊ မှတ်ပုံတင်၊ ဝန်ထမ်းကတ်၊ ယာဉ်မောင်းလိုင်စင်နှင့် ငွေစုငွေချေးလုပ်ငန်းအသုံးပြုငွေကြေး ခြောက်သိန်းကျော် ပါသွားခဲ့ပြီး ဆိုင်ကယ်ချန်ထားခဲ့သည့်အတွက် အသက်ရှင်သန်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သူမက ဆိုသည်။

“ရုတ်တရက် ကျွန်မသတိရလိုက်မိတာက ဆိုင်ကယ်ခွကြားက ကျောပိုးအိတ်။ ဒါပေမယ့် သူကယူသွားပြီ။ ဆိုင်ကယ်ကတော့ လမ်းဘေးမှာ လဲနေတယ်။ ကျွန်မစဉ်းစားလိုက်တာက မန်ကန်ရွာကို ပြန်လှည့်သွားရင်တော့ အဆင်းလမ်း ဒါပေမယ့် ဝေးတယ်။ အုံးငန်းရွာအထိ ရောက်အောင်သွားနိုင်ရင် ကျွန်မအသက်ဆက် ရှင်နိုင်မယ်လို့ ယုံကြည်တယ်။ ဒါပေမယ့် လည်ပင်းကထွက်နေတဲ့သွေးတွေ မေးရိုးကျိုးသွားလို့ ထွက်နေတဲ့သွေးတွေကြောင့် ကျွန်မ မူးဝေနေတယ်။ အားလည်းမရှိတော့ဘူး။ နောက်ဆုံးအားတင်းပြီး ဆိုင်ကယ်နားအထိရောက်အောင် သွားနိုင်ခဲ့တာကတော့ မှတ်မိတယ်”ဟု သူမက ပြောသည်။

ဆိုင်ကယ်အား ကိုယ်တိုင်ပြန်လည်မောင်းနှင်၍ အနီးဆုံးကျေးရွာသို့သွားရန်အတွက် ဆိုင်ကယ်သံကြားပါက သူမ မသေမှန်းသိပြီး လုယက်သူက အန္တရာယ်ထပ်ပေးနိုင်သည်ဟု စဉ်းစားမိခဲ့သော်လည်း အုံးငန်းကျေးရွာ အထိ သူမကိုယ်တိုင် ဆိုင်ကယ်မောင်းနှင်သွားရန်ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။

အုံငန်းကျေးရွာအဝင်လမ်းတွင် ဆိုင်ကယ်လဲနေသည်ကို ကျေးရွာဒေသခံအချို့ကတွေ့ရှိခဲ့ပြီး လပြွေန် ပြတ်ရှဒဏ်ရာကြောင့် စကားမပြောနိုင်သည့် အတွက် လမ်းတွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အား စာဖြင့်ရေး၍ ရွာသူရွာသားများကို ရှင်းပြလိုက်တဲ့အခါမှာ လုယက်ခံရမှုကို သိရှိသွားကြသည်ဟု ဆိုသည်။

ဒေသခံများက သူမအလုပ် လုပ်ကိုင်နေသည့် ငွေစုငွေချေးလုပ်ငန်းမှ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများအား အကြောင်းကြားခြင်း၊ ကျောက်မဲရှိ ရုံးအား အကြောင်းကြားခြင်းတို့ကို လုပ်ဆောင်ပေးပြီး ကျောက်မဲမြို့ ပြည်သူ့ဆေးရုံသို့ အခင်းဖြစ်ပွားသည့် ညနေပိုင်းတွင် ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

“အောက်မေးရိုး ကျိုးသွားတယ်။ သွားတွေလည်း မညီမညာဖြစ်ကုန်တယ်။ အဲဒါကိုဆေးရုံက အရင်ဆုံးကုသပေး တယ်။ လည်ပင်းက ဒဏ်ရာကိုတော့ ဘေးနှစ်ဖက်ကို ချုပ်တယ်။ အလယ်မှာ အပေါက်သေးသေး တစ်ပေါက်ချန်ပြီး ပိုက်ထည့်ထားတယ်။ စကားပြောဖို့ မပြောနဲ့ ရေတောင် မသောက်နိုင်တော့တဲ့ အခြေအနဖြေစ်သွားတယ်။ အဲဒီနေ့ကနေ မတ်လ(၂၄) ရက်နေ့အထိ မေးရိုးကို ကုသတာတွေ သွားတွေကို ပြန်ညှိတာ၊ ပြန်ထိန်းတာတွေ လုပ်ရတယ်။ လည်ပင်းဒဏ်ရာကတော့ (၂၈) ရက်နေ့အထိ ပတ်တီးနဲ့နေ နေရတာ”ဟု ကုသမှုခံယူရပုံများကို ပြန်လည်ပြောပြသည်။

ကျောက်မဲမြို့ ပြည်သူ့ဆေးရုံတွင် ကုသမှုများအား ဆက်တိုက်လုပ်ဆောင်ခဲ့ရပြီး ကုသနေစဉ်ကာလ၌ သူမအနဖြေင့် လုယက်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်ကိုမှ ပြန်လည်ဖြကြေား နိုင်ခြင်း ပြောပြနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

“တိုက်ခိုက်ခံရသူအမျိုးသမီးက အောက်မေးရိုး ပျက်စီးသွားတယ်။ သွားတွေ ထပ်ကုန်တာဆိုတော့ ဒီမှာကုလို့ရရင်လည်း ဒီမှာပဲကုသပေးမယ်။ လပြွေန်ပြတ်ရှဒဏ်ရာတွေလည်း ရထားတယ်။ လပြွေန် ကတော့ ဒဏ်ရာအနေအထားကို သေချာစစ်ဆေးပြီးမှ ဒီမှာကုသနိုင်မလား မကုသနိုင်ဘူးလားဆိုတာ ကြည့်ရမှာ။ တစ်ကယ်လို့ ဒဏ်ရာအနေအထားအရ ဒီမှာကုသဖို့မဖြစ်နိုင်ဘူးဆိုရင်တော့ မန္တလေးကို လွှဲပြောင်းပေးဖို့ စီစဉ်ထားပါတယ်။ စကားတော့ မပြောနိုင်သေးဘူး။ ဒါပေမယ့် အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ပါဘူး” ဟု ကျောက်မဲမြို့ ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်အောင်က သူမအား ကုသမှုများ ပြုလုပ်ပေးနေသည့် မတ်လ(၆) ရက်နေ့က ပြောသည်။

Pact Myanmar ရုံးမှ တာဝန်ရှိသူများက သူမဆေးကုသမှုခံယူနေသည့်ကာလတစ်လျှောက်တွင် ပံ့ပိုးမှုများ ပြုလုပ်ပေးခဲ့ကြပြီး မိုင်းလုံမြို့နယ်ရဲဌာနမှ တာဝန်ခံတစ်ဦးကလည်း သူမစကားပြန်ပြောနိုင်သည့် အချိန်တွင် အမှုဖြစ်စဉ်နှင့် ပတ်သက်၍ လာရောက်မေးမြန်းမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်မကို တိုက်ခိုက်ခံရတဲ့နေရာကနေ ကိုယ့်ဘာသာဆိုင်ကယ်မောင်းပြီးထွက်ပြေးမယ်ဆိုရင် ဆိုင်ကယ်သံ ကြားပြီး ကျွန်မ မသေသေးမှန်းသိရင် ပြန်လာသတ်ခံရမှာကို ကြောက်မိတယ်။ ဒါပေမယ့် တစ်ယောက် ယောက်က လာတွေ့တဲ့အထိ အဲဒီနေရာမှာပဲ လဲနေခဲ့မယ်ဆိုရင်လည်း ဒဏ်ရာနှစ်ခုက ထွက်တဲ့သွေးတွေကြောင့် သွေးထွက်လွန်ပြီး ကျွန်မသေသွားခဲ့မှာပဲ။ အဲဒီလုယက်မှုနဲ့ပတ်သက်ပြီး လုယက်သူကို ဖမ်းမိလိမ့်မယ်လို့လည်း မျှော်လင့်မထားဘူး။ ဒီနေ့ပဲ (၃)လတိတိ ပြည့်ခဲ့ပြီလေ။ ကျွန်မအတွက် သတင်းကောင်း မကြားရသေးပါဘူး။ အဲဒါက ဒီဒေသရဲ့ အားနည်းချက်တစ်ခုလို့ အစကတည်းက သိထားပြီးသားလည်းဖြစ်တယ်”ဟု မခိုင်ညီလာထွန်းက ပြောသည်။

၎င်းလုယက်မှုနှင့် ပတ်သက်၍ ဒေသခံများက အမျိုးမျိုး ခန့်မှန်းနကြေသော်လည်း သက်ဆိုင်ရာရဲတပ်ဖွဲ့မှ အဆိုပါအမှုနှင့် ပတ်သက်၍ သတင်းမကြားရသေးကြောင်း သူမက ဆိုသည်။

“အကြောင်းသိထဲကဖြစ်မယ်လို့ ထင်ဖို့တော့ ခက်တယ်။ ဘာလို့လဲဆို အဲဒီတစ်ခေါက်က ငွေကြေးပါတာ အနည်းဆုံး ဖြစ်နေတယ်လေ။ ဆိုင်ကယ်ကို ဘာလို့ယူမသွားတာလဲဆိုတာကတော့ ဒီဆိုင်ကယ်နဲ့သာ လုယက်သူက ထွက်ပြေးရင် ခဏအတွင်းတစ်ယောက်ယောက်ကမြင်ပြီး ကျွန်မဆိုင်ကယ်မှန်းသိမယ်။ သူ့ကို မြန်မြန်ဖမ်းမိမယ်။ နောက်ဆုံးကျေးဇူးတင်ရမယ့် အချက်ကတော့ သူသာဆိုင်ကယ်ကိုယူပြေးရင် သူ့ကို မိမယ်ဆိုပေမယ့် အဲဒီနေရာမှာ ကျွန်မလည်း သွေးထွက်လွန်ပြီး သေမှာပဲ။ ခုလိုလည်း ပြန်ပြောပြနိုင်မှာ မဟုတ်ဘူး”ဟု သူမပြောနေသည်ကို မှတ်တမ်းယူနေသည့် ဖုန်းအား တွေတွေ ငေးကြည့်ရင်းသူမက ပြောသည်။

အဆိုပါ လုယက်မှုနှင့်ပတ်သက်၍ မိုင်းလုံမြို့နယ်ရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် ပြန်လည် ဖြကြေားမှု မရှိခဲ့သော်လည်း ကျောက်မဲမြို့နယ် ရဲစခန်းအား ဆက်သွယ်မေးမြန်းခဲ့ရာ “ဖြစ်တာကတော့ မိုင်းလုံမြို့နယ် အပိုင်ထဲမှာ ဖြစ်တာဆိုတော့ မိုင်းလုံမြို့နယ် ရဲစခန်းမှာပဲ အမှုဖွင့်တာနဲ့ ပတ်သက်တာတွေ လုပ်ထားပါတယ်။ ပြစ်မှုကျူးလွန်တဲ့ တရားခံတွေကိုတော့ စုံစမ်းနေဆဲ အနေအထားပဲ ရှိပါသေးတယ်။ လတ်တလော အခြေအနေကတော့ အဲဒီလိုပဲ သိရပါသေးတယ်”ဟု ကျောက်မဲမြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဖြေသည်။

လုယက်မှု ဖြစ်ပွားရာ နေရာဒေသသည် ဒေသတွင်း လက်နက်ကိုင်အဖွဲ့များ၏ လွှမ်းမိုးသည့် ဒေသဖြစ်သဖြင့် တရားဥပဒေစိုးမိုးမှု အားနည်းသဖြင့် အမှုအား စုံစမ်းဖော်ထုတ်ရန် ခက်ခဲမည်ဟု သူမကသုံးသပ်သည်။

သူမ တိုက်ခိုက်ခံရသည့် ဖြစ်စဉ်ကြောင့် Pact Myanmar အနဖြေင့် အဆိုပါဒေသတွင် လုပ်ငန်းများဆောင်ရွက်သည့် ဝန်ထမ်းများလုံခြုံရေးကို တိုးမြှင့်လိုက်ကြောင်း သိရသည်။

“ကျွန်မကိစ္စဖြစ်ပွားပြီးတဲ့နောက်မှာ အဲဒီဖက်ကို သွားမယ့်ဝန်ထမ်းတွေကို ယောက်ျားလေးဝန်ထမ်းတွေ ပြောင်းလိုက်တယ်။ အင်အားလည်း တိုးလိုက်တယ်။ ရုံးကနေလည်း စောင့်ရှောက်မှုတွေ ပေးတယ်လို့ သိရပါတယ်”ဟု သူမက ဆိုသည်။

သူမတိုက်ခိုက်ခံရခြင်းကြောင့် လုပ်ငန်းခွင်တွင်းမှ အမျိုးသမီးများကိုလည်း သတိနှင့်ယှဉ်ပြီး လုပ်ကိုင် ဆောင်ရွက်ကြရန် မခို်င်ညီလာထွန်းက တိုက်တွန်းထားသည်။

လက်ရှိတွင် ဒဏ်ရာ အခြေအနေအား နှစ်လကြာ စောင့်ကြည့်ကုသမှုခံယူပြီး သက်သာလာပြီ ဖြစ်သော်လည်း သူမ၏ အလုပ်မှ ခွင့်ခံစားခွင့် ပေးထားသဖြင့် အနားယူနပြေီး လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်ရန် ပြင်ဆင်နပြေီဖြစ်ကြောင်း သိရသည်။

 နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~