တာခ်ီလိတ္ခရိုင္စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕မရိွေသး၍ စစ္ေဆးမႈႏွင့္ ပညာေပးမထိေရာက္

တာခ်ီလိတ္ခရိုင္စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕မရိွေသး၍ စစ္ေဆးမႈႏွင့္ ပညာေပးမထိေရာက္
မေ 23, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) တာခ်ီလိတ္ခရိုင္တြင္ ခရိုင္စားသုံးသူအျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ ့ကို ဖြဲ႔စည္းႏိုင္ျခင္း မရိွေသးသည့္ အတြက္ ေစ်းကြက္အတြင္း စားသုံးရန္မသင့္သည့္ စားေသာက္ကုန္မ်ားကို စစ္ေဆး အေရးယူျခင္းႏွင့္ စားသုံးသူ အသိပညာေပးျခင္းဆိုင္ရာ လုပ္ငန္းမ်ားကို ထိထိေရာက္ လုပ္ေဆာင္ႏိုင္ျခင္း မရိွေသးေၾကာင္း သိရသည္။

"တာခ်ီလိတ္မွာကေတာ့ အားနည္းတာ မွန္ပါတယ္။ ေစ်းကြက္အတြင္းမွ စားသုံးရန္မသင့္တဲ့ စားေသာက္ကုန္ေတြကို ေျမျပင္ကြင္းဆင္းတာတို ့၊ ထုတ္ကုန္လုံျခဳံစိတ္ခ်ရမႈ အပိုင္းမွာက်ေတာ့ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေဆာင္တဲ့ ခရိုင္စားသုံးသူ အျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ ့ရဲ ့ အစည္းအေ၀း ဆုံးျဖတ္ခ်က္နဲ ့ပဲ ကၽြန္ေတာ္တို႔က လုပ္ရတာျဖစ္ပါတယ္။ ဒါေပမယ့္ တာခ်ီလိတ္မွာက ကၽြန္ေတာ္တို ့ ဌာနအေနနဲ ့ ၿမိဳ ့နယ္အဆင့္ပဲ ရိွေသးတယ္။ ခရိုင္အဆင့္မရိွေသးေတာ့ ခရိုင္စားသုံးသူအျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ ့ကို ဖြဲ ့ဖို ့ခက္ေနပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ့္အေနနဲ ့ ဒီကိစၥကို ရွမ္းျပည္နယ္ အစိုးရကိုလည္း တင္ထားတယ္။ ကၽြန္ေတာ္တို ့ရဲ႕ ဗဟိုေကာ္မတီ(ရုံးခ်ဳပ္)ကိုလည္း တင္ထားပါတယ္"ဟု စားသုံးသူေရးရာဦးစီးဌာနမွ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးလွစိုးက ေျပာသည္။

လက္ရိွတြင္ တာခ်ီလိတ္ၿမိဳ႕နယ္စားသုံးသူေရးရာဦးစီးဌာနအဆင့္ျဖင့္ လုပ္ငန္းေဆာင္ရြက္ေနၿပီး ၀န္ထမ္းအင္အားလည္း နည္းပါးသျဖင့္ ပညာေပးလုပ္ငန္းမ်ားကို က်ိဳင္းတုံခရိုင္ဦးစီးအဖြဲ ့၊ တာခ်ီလိတ္ခရိုင္ က်န္းမာေရး ဦးစီးဌာနတို႔နွင့္ ပူးေပါင္းလုပ္ေဆာင္ေနရေၾကာင္း သိရသည္။

"ဒီဘ႑ာႏွစ္အတြင္းမွာလည္း စားသုံးသူေရးရာ၀န္ႀကီးဌာနကေနၿပီးေတာ့လည္း လမ္းညႊန္ခ်က္ေတြ လာတယ္။ အခုက ပညာေပးတာနဲ ့တင္ မလုံေလာက္ေတာ့ဘူး။ သိမ္းဆည္းဖို ့၊ တားျမစ္ဖို ့တို႔ကိုလည္း လုပ္ရမယ္။ ဒါေၾကာင့္ တာခ်ီလိတ္မွာက ခရိုင္စားသုံးသူ အျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ ့ကို ဖြဲ ့ကိုဖြဲ႔ရမယ္။ဒါမွ ဒီအဖြဲ ့ကေနၿပီးေတာ့ တစ္လတစ္ခါ အစည္းအေ၀းေတြလုပ္မယ္။ ေစ်းကြက္ေတြ ကြင္းဆင္းမယ္။ ေရသန္႔ေတြ စစ္မယ္။ ပညာေပးတာေတြလုပ္မယ္။ ေထာက္ခံခ်က္ မရေသးတဲ ့လုပ္ငန္းေတြကို ေထာက္ခံခ်က္ရေအာင္ ကူညီေပးမယ္။ ဒါေတြ လုပ္ေပးႏိုင္မွာပါ"ဟု ၎က ဆက္ေျပာသည္။

ၿပီးခဲ့သည့္ ႏွစ္ကျပဳလုပ္ခဲ့သည့္ အသိပညာေပး ေဟာေျပာပြဲမ်ားတြင္ စားသုံးရန္ မသင့္သည္မ်ားႏွင့္ စားသုံးသူေရးရာ ဥပေဒအေၾကာင္းအရာမ်ားကိုသာ ေဟာေျပာခဲ့ေသာ္လည္း ယခုႏွစ္မွ စတင္ကာ Aflatoxinႏွင့္ ပတ္သက္သည့္ အေၾကာင္းအရာမ်ားကိုလည္း ေဟာေျပာသြားမည္ျဖစ္ေၾကာင္း သိရသည္။

"တာခ်ီလိတ္မွာက ကၽြန္ေတာ္တို ့ ဌာနရဲ ့ ၀န္ထမ္းအင္အားနည္းတဲ့အတြက္ မႏွစ္က ကၽြန္ေတာ္တို ့ အဖြဲ႕ေတြ တာခ်ီလိတ္က ေက်ာင္းေတြ၊ ေစ်းေတြမွာ ပညာေပးတာတို ့ကို သြားၿပီးလုပ္ခဲ့သလို ေစ်းေတြမွာလည္း ကြင္းဆင္း စစ္ေဆးတာေတြ လုပ္ခဲ့ပါတယ္။ ဒီႏွစ္အတြင္းမွာလည္း သြားဖို ့ရိွပါတယ္။ တာခ်ီလိတ္ၿမိဳ႕ ဆိုတာက နယ္စပ္ၿမိဳ႕ျဖစ္ေနတဲ့အတြက္ ခရိုင္စားသုံးသူ အျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ ့က ရိွကို ရိွသင့္ပါတယ္။ ဒါေၾကာင့္ ဒီအဖြဲ ့ဖြဲ ့ႏိုင္ဖို ့ကို ကၽြန္ေတာ္တို ့ဌာနက ႀကိဳးစားေနပါတယ္"ဟု က်ိဳင္းတုံခရိုင္ စားသုံးသူေရးရာဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးသန္းစိုးက ေျပာသည္။

စားသုံးသူေရးရာ အျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ ့ကို ၂၀၁၄ ခုႏွစ္တြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ျပည္နယ္အဆင့္မ်ားတြင္သာ ဖြဲ ့စည္းခဲ့ၿပီး ၂၀၁၆ ခုႏွစ္ေရာက္မွသာ စားသုံးသူ အကာအကြယ္ေပးေရး ဆိုင္ရာ လုပ္ငန္းမ်ားကို ထဲထဲ၀င္၀င္လုပ္ေဆာင္ႏိုင္ရန္အတြက္ ခရိုင္အဆင့္မ်ားတြင္ လိုက္လံဖြဲ ့စည္းလ်က္ ရိွၿပီး ရွမ္းျပည္နယ္အေရွ ့ပိုင္းအတြင္း က်ိဳင္းတုံခရိုင္တစ္ခုတည္းတြင္သာ ဖြဲ ့စည္းႏိုင္ေသးေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်တွင် ခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ကို ဖွဲ့စည်းနိုင်ခြင်း မရှိသေးသည့် အတွက် ဈေးကွက်အတွင်း စားသုံးရန်မသင့်သည့် စားသောက်ကုန်များကို စစ်ဆေး အရေးယူခြင်းနှင့် စားသုံးသူ အသိပညာပေးခြင်းဆိုင်ရာ လုပ်ငန်းများကို ထိထိရောက် လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

"တာချီလိတ်မှာကတော့ အားနည်းတာ မှန်ပါတယ်။ ဈေးကွက်အတွင်းမှ စားသုံးရန်မသင့်တဲ့ စားသောက်ကုန်တွေကို မြပြေင်ကွင်းဆင်းတာတို့၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု အပိုင်းမှာကျတော့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ ခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ရဲ့ အစည်းအေဝး ဆုံးဖြတ်ချက်နဲ့ပဲ ကျွန်တော်တို့က လုပ်ရတာဖြစ်ပါတယ်။ ဒါပေမယ့် တာချီလိတ်မှာက ကျွန်တော်တို့ ဌာနအနေနဲ့ မြို့နယ်အဆင့်ပဲ ရှိသေးတယ်။ ခရိုင်အဆင့်မရှိသေးတော့ ခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ကို ဖွဲ့ဖို့ခက်နေပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီကိစ္စကို ရှမ်းပြည်နယ် အစိုးရကိုလည်း တင်ထားတယ်။ ကျွန်တော်တို့ရဲ့ ဗဟိုကော်မတီ(ရုံးချုပ်)ကိုလည်း တင်ထားပါတယ်"ဟု စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှစိုးက ပြောသည်။

လက်ရှိတွင် တာချီလိတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနအဆင့်ဖြင့် လုပ်ငန်းဆောင်ရွက်နပြေီး ဝန်ထမ်းအင်အားလည်း နည်းပါးသဖြင့် ပညာပေးလုပ်ငန်းများကို ကျိုင်းတုံခရိုင်ဦးစီးအဖွဲ့၊ တာချီလိတ်ခရိုင် ကျန်းမာရေး ဦးစီးဌာနတို့နှင့် ပူးပေါင်းလုပ်ဆောင်နေရကြောင်း သိရသည်။

"ဒီဘဏ္ဍာနှစ်အတွင်းမှာလည်း စားသုံးသူရေးရာဝန်ကြီးဌာနကနပြေီးတော့လည်း လမ်းညွှန်ချက်တွေ လာတယ်။ အခုက ပညာပေးတာနဲ့တင် မလုံလောက်တော့ဘူး။ သိမ်းဆည်းဖို့၊ တားမြစ်ဖို့တို့ကိုလည်း လုပ်ရမယ်။ ဒါကြောင့် တာချီလိတ်မှာက ခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ကို ဖွဲ့ကိုဖွဲ့ရမယ်။ဒါမှ ဒီအဖွဲ့ကနပြေီးတော့ တစ်လတစ်ခါ အစည်းအေဝးတွေလုပ်မယ်။ ဈေးကွက်တွေ ကွင်းဆင်းမယ်။ ရေသန့်တွေ စစ်မယ်။ ပညာပေးတာတွေလုပ်မယ်။ ထောက်ခံချက် မရသေးတဲ့လုပ်ငန်းတွေကို ထောက်ခံချက်ရအောင် ကူညီပေးမယ်။ ဒါတွေ လုပ်ပေးနိုင်မှာပါ"ဟု၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် နှစ်ကပြုလုပ်ခဲ့သည့် အသိပညာပေး ဟောပြောပွဲများတွင် စားသုံးရန် မသင့်သည်များနှင့် စားသုံးသူရေးရာ ဥပဒေအကြောင်းအရာများကိုသာ ဟောပြောခဲ့သော်လည်း ယခုနှစ်မှ စတင်ကာ Aflatoxinနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်း ဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။

"တာချီလိတ်မှာက ကျွန်တော်တို့ ဌာနရဲ့ ဝန်ထမ်းအင်အားနည်းတဲ့အတွက် မနှစ်က ကျွန်တော်တို့ အဖွဲ့တွေ တာချီလိတ်က ကျောင်းတွေ၊ ဈေးတွေမှာ ပညာပေးတာတို့ကို သွားပြီးလုပ်ခဲ့သလို ဈေးတွေမှာလည်း ကွင်းဆင်း စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။ ဒီနှစ်အတွင်းမှာလည်း သွားဖို့ရှိပါတယ်။ တာချီလိတ်မြို့ ဆိုတာက နယ်စပ်မြို့ဖြစ်နေတဲ့အတွက် ခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့က ရှိကို ရှိသင့်ပါတယ်။ ဒါကြောင့် ဒီအဖွဲ့ဖွဲ့နိုင်ဖို့ကို ကျွန်တော်တို့ဌာနက ကြိုးစားနေပါတယ်"ဟု ကျိုင်းတုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက ပြောသည်။

စားသုံးသူရေးရာ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ကို ၂၀၁၄ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်နယ်အဆင့်များတွင်သာ ဖွဲ့စည်းခဲ့ပြီး ၂၀၁၆ ခုနှစ်ရောက်မှသာ စားသုံးသူ အကာအကွယ်ပေးရေး ဆိုင်ရာ လုပ်ငန်းများကို ထဲထဲဝင်ဝင်လုပ်ဆောင်နိုင်ရန်အတွက် ခရိုင်အဆင့်များတွင် လိုက်လံဖွဲ့စည်းလျက် ရှိပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း ကျိုင်းတုံခရိုင်တစ်ခုတည်းတွင်သာ ဖွဲ့စည်းနိုင်သေးကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~