ေနာင္ခ်ဳိၿမိဳ႕နယ္ ဟိုခိုေက်းရြာတြင္ ေကာလာဟလထြက္ေပၚေသာ္လည္း ခရီးသြားမ်ား ပံုမွန္အတိုင္း သြားလာေန

ေနာင္ခ်ဳိၿမိဳ႕နယ္ ဟိုခိုေက်းရြာတြင္ ေကာလာဟလထြက္ေပၚေသာ္လည္း ခရီးသြားမ်ား ပံုမွန္အတိုင္း သြားလာေန
မေ 24, 2017
By Tachileik News Agency

မိုးကုတ္ - ျပင္ဦးလြင္လမ္းပိုင္းရွိ ေက်ာက္မဲခရိုင္ ေနာင္ခ်ိဳၿမိဳ႕နယ္ ဟိုခိုေက်းရြာတြင္ ေမလ(၂၄) ရက္ နံနက္ (၄)နာရီဝန္းက်င္က လက္နက္ကိုင္ အဖြဲ႔တစ္ဖြဲ႕ ဝင္ေရာက္လႈပ္ရွားေနေၾကာင္း ေကာလာဟလမ်ား ထြက္ေပၚခဲ့ေသာ္လည္း ခရီးသည္ယာဥ္လိုင္းမ်ား ပံုမွန္အတိုင္းသာေျပးဆြဲလ်က္ရွိေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ယာဥ္လိုင္းက ဒီမနက္ခရီးစဥ္ပံုမွန္အတိုင္းပဲ ထြက္ပါတယ္။ ျပင္ဦးလြင္ကေန မိုးကုတ္ကိုသြားတဲ့ ခရီးသည္ေတြလည္း မိုးကုတ္ကိုေရာက္ကုန္ပါၿပီ။ တျခားယာဥ္လိုင္းေတြလည္း ဒီလိုပဲ ပံုမွန္အတိုင္း သြားၾကပါတယ္။ လက္နက္ကိုင္အဖြဲ႔ဝင္တယ္ဆိုတာ မၾကားပါဘူး။ လမ္းခရီးမွာလည္း ထူးျခားတာ ဘာမွမရွိဘူးလို႔ သြားတဲ့ သူေတြဆီက သိရပါတယ္”ဟု မႏၱေလး-ျပင္ဦးလြင္-မိုးကုတ္ ခရီးသည္ယာဥ္လိုင္း တစ္ခုျဖစ္သည့္ လဲ့လဲ့ ယာဥ္လိုင္းမွ ဦးေနာ္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေမလ (၂၄)ရက္ ေန႔လယ္ပိုင္းတြင္ ေျပာသည္။

မႏၱေလးတိုင္းေဒသႀကီး မိုးကုတ္ၿမိဳ႕နယ္ႏွင့္ ျပင္ဦးလြင္ၿမိဳ႕နယ္လမ္းပိုင္းရွိ ေက်ာက္မဲခရိုင္ ေနာင္ခ်ိဳၿမိဳ႕နယ္ ဟိုခိုေက်းရြာတြင္ ေမလ (၂၄) ရက္ေန႔ နံနက္ပိုင္းက လက္နက္ကိုင္ တပ္ဖြဲ႔တစ္ဖြဲ႕ ဝင္ေရာက္ လႈပ္ရွားေနေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့ေသာ္လည္း အတည္ျပဳႏိုင္ျခင္း မရွိေသးေၾကာင္း သက္ဆိုင္ရာနယ္ေျမရဲစခန္းမ်ားမွ သိရသည္။

“ နယ္ေျမထဲမွာကေတာ့ ဘာမွ ေထြေထြထူးထူး မရွိပါဘူး။ မိုးကုတ္ - ျပင္ဦးလြင္ ခရီးစဥ္ေတြလည္း မနက္ ညေန ေတြသြားေနၾကပါတယ္။ ကြ်န္ေတာ္တို႔ဆီကိုေတာ့ အဲဒီလို လက္နက္ကိုင္ အဖြဲ႔ဝင္ေနတယ္ဆိုတာမ်ိဳး အေၾကာင္းၾကားလာတာေတြမရွိပါဘူး”ဟု မိုးကုတ္ၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ ဒုတပ္ၾကပ္ ေအာင္ေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေမလ ( ၂၄ ) ရက္မနက္ပိုင္းတြင္ ထြက္ေပၚခဲ့သည့္ အဆိုပါေကာလာဟလေၾကာင့္ မိုးကုတ္ - ျပင္ဦးလြင္ လမ္းပိုင္း တြင္ ခရီးသြားလာမည့္သူမ်ားအေနျဖင့္ စိုးရိမ္မႈမ်ားျဖစ္ေပၚခဲ့ရေသာ္လည္း ခရီးသည္တင္ ယာဥ္လိုင္းမ်ားမွာ ပံုမွန္အတိုင္း ေျပးဆြဲလ်က္ရွိၿပီး နယ္ေျမအေျခအေနမွာလည္း ေအးခ်မ္းတည္ၿငိမ္ေနဆဲ အေျခအေနသာ ျဖစ္ေၾကာင္း ခရီးသည္တင္ယာဥ္လိုင္းမ်ားမွ သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

မိုးကုတ် - ပြင်ဦးလွင်လမ်းပိုင်းရှိ ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ဟိုခိုကျေးရွာတွင် မေလ(၂၄) ရက် နံနက် (၄)နာရီဝန်းကျင်က လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဝင်ရောက်လှုပ်ရှားနေကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း ခရီးသည်ယာဉ်လိုင်းများ ပုံမှန်အတိုင်းသာပြေးဆွဲလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ယာဉ်လိုင်းက ဒီမနက်ခရီးစဉ်ပုံမှန်အတိုင်းပဲ ထွက်ပါတယ်။ ပြင်ဦးလွင်ကနေ မိုးကုတ်ကိုသွားတဲ့ ခရီးသည်တွေလည်း မိုးကုတ်ကိုရောက်ကုန်ပါပြီ။ တခြားယာဉ်လိုင်းတွေလည်း ဒီလိုပဲ ပုံမှန်အတိုင်း သွားကြပါတယ်။ လက်နက်ကိုင်အဖွဲ့ဝင်တယ်ဆိုတာ မကြားပါဘူး။ လမ်းခရီးမှာလည်း ထူးခြားတာ ဘာမှမရှိဘူးလို့ သွားတဲ့ သူတွေဆီက သိရပါတယ်”ဟု မန္တလေး-ပြင်ဦးလွင်-မိုးကုတ် ခရီးသည်ယာဉ်လိုင်း တစ်ခုဖြစ်သည့် လဲ့လဲ့ ယာဉ်လိုင်းမှ ဦးနော်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ မေလ (၂၄)ရက် နေ့လယ်ပိုင်းတွင် ပြောသည်။

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်လမ်းပိုင်းရှိ ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ဟိုခိုကျေးရွာတွင် မေလ (၂၄) ရက်နေ့ နံနက်ပိုင်းက လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့ ဝင်ရောက် လှုပ်ရှားနေကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သက်ဆိုင်ရာနယ်မြေရဲစခန်းများမှ သိရသည်။

“ နယ်မြေထဲမှာကတော့ ဘာမှ ထွေထွေထူးထူး မရှိပါဘူး။ မိုးကုတ် - ပြင်ဦးလွင် ခရီးစဉ်တွေလည်း မနက် ညနေ တွေသွားနကြေပါတယ်။ ကျွန်တော်တို့ဆီကိုတော့ အဲဒီလို လက်နက်ကိုင် အဖွဲ့ဝင်နေတယ်ဆိုတာမျိုး အကြောင်းကြားလာတာတွေမရှိပါဘူး”ဟု မိုးကုတ်မြို့ မြို့မရဲစခန်းမှ ဒုတပ်ကြပ် အောင်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မေလ ( ၂၄ ) ရက်မနက်ပိုင်းတွင် ထွက်ပေါ်ခဲ့သည့် အဆိုပါကောလာဟလကြောင့် မိုးကုတ် - ပြင်ဦးလွင် လမ်းပိုင်း တွင် ခရီးသွားလာမည့်သူများအနဖြေင့် စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ရသော်လည်း ခရီးသည်တင် ယာဉ်လိုင်းများမှာ ပုံမှန်အတိုင်း ပြေးဆွဲလျက်ရှိပြီး နယ်မြေအခြေအနေမှာလည်း အေးချမ်းတည်ငြိမ်နေဆဲ အခြေအနေသာ ဖြစ်ကြောင်း ခရီးသည်တင်ယာဉ်လိုင်းများမှ သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~