မိုင္းဆတ္တြင္ န၀ေဒးကြန္ကရစ္ တံတားသစ္ စတင္ ဖြင့္လွစ္

မိုင္းဆတ္တြင္ န၀ေဒးကြန္ကရစ္ တံတားသစ္ စတင္ ဖြင့္လွစ္
မေ 18, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ၿမိဳ႕တြင္ ၁၉၆၂ ခုႏွစ္ကတည္းက တည္ေဆာက္ခဲ့သည့္ မယ္ဆြမ္ေျမာက္ ရပ္ကြက္ႏွင့္ မယ္ဆြမ္ေတာင္ရပ္ကြက္ကို ဆက္သြယ္ထားၿပီး  ျပန္လည္ တည္ေဆာက္ၿပီးစီးသည့္ န၀ေဒးကြန္ကရစ္တံတားသစ္ ဖြင့္ပြဲအခမ္းအနားကို ေမလ (၁၈) ရက္ေန႔ နံနက္ ၈ နာရီက က်င္းပသည္။

ယခင္ န၀ေဒးသစ္သား တံတားသည္ ၁၉၆၂ခုႏွစ္က တည္ေဆာက္ခဲ့ၿပီး ရန္ပုံေငြအရ သာမန္ျပဳျပင္ ထိန္းသိမ္းေရးလုပ္ငန္း အဆင့္သာ ေဆာင္ရြက္ႏိုင္ေသာေၾကာင့္ ၂၀၁၅ခုႏွစ္ကစၿပီး အခ်ိန္မေရြးၿပိဳက် ပ်က္စီးႏိုင္သည့္ အေျခအေန ျဖစ္လာသျဖင့္ ၂၀၁၆ခုႏွစ္၊ ဇြန္လတြင္ ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္၏ မိုင္းဆတ္ခရီးစဥ္တြင္ တင္ျပခဲ့ရာမွ ရွမ္းျပည္နယ္ စည္ပင္သာယာေရးဌာန၊ ၂၀၁၆-၂၀၁၇ဘ႑ာႏွစ္၊ ျဖည့္စြက္ ရန္ပုံေငြမွ က်ပ္သိန္း(၉၅၀) ခြင့္ျပဳခ်က္ျဖင့္ တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တံတားဖြင့္ပြဲသို႔ ရွမ္းျပည္နယ္စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္း၊ ျပည္နယ္ဥပေဒခ်ဳပ္ ဦးထြန္းဦး၊ ရွမ္းျပည္နယ္အစိုးရအဖဲြ႔၊ အတြင္းေရးမွဴး ဦးစိုးစိုးေဇာ္၊ ရွမ္းျပည္နယ္စည္ပင္သာယာေရးဌာန၊ အင္ဂ်င္နီယာမွဴးႀကီး ဦးစိုးသန္းႏွင့္ မိုင္းဆတ္ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ဳိးေအာင္၊ ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန၊ အမႈေဆာင္အရာရိွ ဦးမ်ဳိး၀င္းေဇာ္၊ ရွမ္းျပည္နယ္စည္ပင္သာယာေရးဌာန၊ အင္ဂ်င္နီယာမွဴးႀကီး ဦးစိုးသန္း ႏွင့္ ၿမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီဥကၠဌ ဦးစိုင္းေက်ာ္ေအာင္တို႔ တက္ေရာက္ၾကေၾကာင္းသိရသည္။

သတင္း / ဓာတ္ပံု - သန္းေဇာ္ဦး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့တွင် ၁၉၆၂ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သည့် မယ်ဆွမ်မြောက် ရပ်ကွက်နှင့် မယ်ဆွမ်တောင်ရပ်ကွက်ကို ဆက်သွယ်ထားပြီး ပြန်လည် တည်ဆောက်ပြီးစီးသည့် နဝဒေးကွန်ကရစ်တံတားသစ် ဖွင့်ပွဲအခမ်းအနားကို မေလ (၁၈) ရက်နေ့ နံနက် ၈ နာရီက ကျင်းပသည်။

ယခင် နဝဒေးသစ်သား တံတားသည် ၁၉၆၂ခုနှစ်က တည်ဆောက်ခဲ့ပြီး ရန်ပုံငွေအရ သာမန်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်း အဆင့်သာ ဆောင်ရွက်နိုင်သောကြောင့် ၂၀၁၅ခုနှစ်ကစပြီး အချိန်မရွေးပြိုကျ ပျက်စီးနိုင်သည့် အခြေအနေ ဖြစ်လာသဖြင့် ၂၀၁၆ခုနှစ်၊ ဇွန်လတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ မိုင်းဆတ်ခရီးစဉ်တွင် တင်ပြခဲ့ရာမှ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန၊ ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်၊ ဖြည့်စွက် ရန်ပုံငွေမှ ကျပ်သိန်း(၉၅၀) ခွင့်ပြုချက်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားဖွင့်ပွဲသို့ ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်ဥပဒေချုပ် ဦးထွန်းဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ အင်ဂျင်နီယာမှူးကြီး ဦးစိုးသန်းနှင့် မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ မြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးမျိုးဝင်းဇော်၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ အင်ဂျင်နီယာမှူးကြီး ဦးစိုးသန်း နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးစိုင်းကျော်အောင်တို့ တက်ရောက်ကြကြောင်းသိရသည်။

သတင်း / ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~