နမ့္ဖတ္ကာေက်းရြာအနီးတြင္ ခရီးသည္တင္ကားတစ္စီးမီးေလာင္

နမ့္ဖတ္ကာေက်းရြာအနီးတြင္ ခရီးသည္တင္ကားတစ္စီးမီးေလာင္
မေ 19, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္လမ္းပိုင္း ၊ နမ့္ဖတ္ကာေက်းရြာအုပ္စုရွိ ျပည္ေထာင္စု လမ္းမႀကီးေပၚတြင္ ေမလ (၁၉) ရက္ေန႔ ညေန (၃) နာရီခြဲ၀န္းက်င္အခ်ိန္က ခရီးသည္တင္ ယာဥ္တစ္စီး မီးေလာင္ေနေၾကာင္း သိရၿပီး မီးေလာင္ရသည့္ အေၾကာင္းရင္းကို မသိရေသးေၾကာင္း နမ့္ဖတ္ကာေက်းရြာရွိ လူမႈကူညီေရးအသင္းတစ္သင္းထံမွ သိရသည္။

"မီးေလာင္ေနတာကေတာ့ ဟုတ္တယ္။ ခရီးသည္တင္ကားကို မီးေလာင္ေနတာပါ။ ဘယ္လိုေၾကာင့္ ျဖစ္ရတယ္ဆိုတာရယ္ ျဖစ္စဥ္အေသးစိတ္ကိုေတာ့ ကြ်န္မတို႔အဖဲြ႔ေတြ သြားၿပီး စံုစမ္းေနတုန္းပဲ ရွိပါေသးတယ္"ဟု နမ့္ဖတ္ကာေက်းရြာရွိ ေမတၱာရွင္ လူမႈကူညီေရးအသင္းမွ ေဒၚေက်ာ့မ်ိဳးခိုင္ က တာခ်ီလိတ္သတင္းေအဂ်င္စီသိ႔ို ေျပာသည္။

ေမလ ၁၉ ရက္ ညေန ၃ နာရီခြဲ၀န္းက်င္ အခ်ိန္တြင္ နမ့္ဖတ္ကာေက်းရြာအုပ္စုအတြင္းရွိ ခိုမုန္းေက်းရြာတြင္ ခရီးသည္တင္ကားတစ္စီးမီးေလာင္ေနသည့္ သတင္းအရ သက္ဆိုင္ရာဌာနမ်ားက သြားေရာက္စံုစမ္းစစ္ေဆးေနေၾကာင္းလည္း သိရသည္။

"အဲ့ဒီ သတင္းကိုေတာ့ ၾကားပါတယ္ခင္ဗ်။ နမ့္ဖတ္ကာ ရဲကင္းကို ဆက္သြယ္ရမယ့္ ဖုန္းကလည္း ပ်က္ေနတဲ့အတြက္ ကြ်န္ေတာ္တို႔အဖြဲ႔ေတြလည္း သြားၿပီးစစ္ေဆးေနပါတယ္။ ျဖစ္စဥ္ကို အတည္မျပဳႏိုင္ေသးပါဘူးခင္ဗ်၊ ကြ်န္ေတာ္တို႔ဆီကို ေၾကးနန္းအေၾကာင္းၾကားတာလည္း မေရာက္လာေသးတဲ့အတြက္ အတည္ျပဳဖို႔ကေတာ့ အခုခ်ိန္မွာဘာမွမေျပာႏိုင္ေသးပါဘူး"ဟု ကြတ္ခိုင္ၿမိဳ့နယ္ရဲတပ္ဖြဲ႔မွ ရဲအရာရွိတစ္ဦးက ေျပာသည္။

မူဆယ္လမ္းပိုင္း ကားမီးေလာင္သည့္ေနရာတြင္ ခရီးသြားမ်ား လံုၿခံဳေရးအတြက္ တပ္မေတာ္မွ ကူညီေပးေနေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - Maung Mon Aung


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်လမ်းပိုင်း၊ နမ့်ဖတ်ကာကျေးရွာအုပ်စုရှိ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် မေလ (၁၉) ရက်နေ့ ညနေ (၃) နာရီခွဲဝန်းကျင်အချိန်က ခရီးသည်တင် ယာဉ်တစ်စီး မီးလောင်နေကြောင်း သိရပြီး မီးလောင်ရသည့် အကြောင်းရင်းကို မသိရသေးကြောင်း နမ့်ဖတ်ကာကျေးရွာရှိ လူမှုကူညီရေးအသင်းတစ်သင်းထံမှ သိရသည်။

"မီးလောင်နေတာကတော့ ဟုတ်တယ်။ ခရီးသည်တင်ကားကို မီးလောင်နေတာပါ။ ဘယ်လိုကြောင့် ဖြစ်ရတယ်ဆိုတာရယ် ဖြစ်စဉ်အသေးစိတ်ကိုတော့ ကျွန်မတို့အဖွဲ့တွေ သွားပြီး စုံစမ်းနေတုန်းပဲ ရှိပါသေးတယ်"ဟု နမ့်ဖတ်ကာကျေးရွာရှိ မေတ္တာရှင် လူမှုကူညီရေးအသင်းမှ ဒေါ်ကျော့မျိုးခိုင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မေလ ၁၉ ရက် ညနေ ၃ နာရီခွဲဝန်းကျင် အချိန်တွင် နမ့်ဖတ်ကာကျေးရွာအုပ်စုအတွင်းရှိ ခိုမုန်းကျေးရွာတွင် ခရီးသည်တင်ကားတစ်စီးမီးလောင်နေသည့် သတင်းအရ သက်ဆိုင်ရာဌာနများက သွားရောက်စုံစမ်းစစ်ဆေးနေကြောင်းလည်း သိရသည်။

"အဲ့ဒီ သတင်းကိုတော့ ကြားပါတယ်ခင်ဗျ။ နမ့်ဖတ်ကာ ရဲကင်းကို ဆက်သွယ်ရမယ့် ဖုန်းကလည်း ပျက်နေတဲ့အတွက် ကျွန်တော်တို့အဖွဲ့တွေလည်း သွားပြီးစစ်ဆေးနေပါတယ်။ ဖြစ်စဉ်ကို အတည်မပြုနိုင်သေးပါဘူးခင်ဗျ၊ ကျွန်တော်တို့ဆီကို ကြေးနန်းအကြောင်းကြားတာလည်း မရောက်လာသေးတဲ့အတွက် အတည်ပြုဖို့ကတော့ အခုချိန်မှာဘာမှမပြောနိုင်သေးပါဘူး"ဟု ကွတ်ခိုင်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

မူဆယ်လမ်းပိုင်း ကားမီးလောင်သည့်နေရာတွင် ခရီးသွားများ လုံခြုံရေးအတွက် တပ်မတော်မှ ကူညီပေးနေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ္ပံု - Maung Mon Aung

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~