နမ္မတူမြို့သို့ ဆိုက်ခေါင်ကျေးရွာနှင့်အနီးတစ်ဝိုက်မှ စစ်ကြိုရှောင်သူများ ရောက်လာနေ
နမ္မတူမြို့သို့ ဆိုက်ခေါင်ကျေးရွာနှင့်အနီးတစ်ဝိုက်မှ စစ်ကြိုရှောင်သူများ ရောက်လာနေ
မေ 13, 2017
By Tachileik News Agency
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ဆိုက်ခေါင်ကျေးရွာနှင့် အနီးအနားကျေးရွာများမှဒေသခံ(၂၅၀)ခန့်သည် ဒေသအခြေအနေ မတည်ငြိမ်သဖြင့် စစ်ကြိုရှောင်သည့်အနေဖြင့် နမ္မတူမြို့ရှိ ရွှေမြင်သာ ဘုန်းတော်ကြီး ကျောင်းသို့ မေလ (၁၂) ရက်နေ့တွင် ရောက်ရှိလာကြောင်း သိရသည်။
စစ်ကြိုရှောင်လာကြသည့်ဒေသခံများမှာ နမ္မတူမြို့နယ် ဆိုက်ခေါင်ကျေးရွာအုပ်စုမှ ဆိုင်ခေါင်(ဗမာရွာ)၊ နမ္မိုင်းဆော့ရွာ၊ ပန်ဝိုးရွာ၊ ပိန်းလောင်းရွာ၊ ကုန်းဆာရွာ၊ နန့်ကန်ရွာ စသည့်ကျေးရွာများမှ ဒေသခံ အမျိုးသား (၁၂၀)ဦးနှင့် အမျိုးသမီး(၁၃၀)ဦး တို့ဖြစ်ပြီး အဆိုပါကျေးရွာများတွင် လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက် လှုပ်ရှားမှုများရှိနေသည့်အတွက် စစ်ဘေးကြိုတင်တိမ်းရှောင်သည့်အနေဖြင့် ရောက်ရှိလာခြင်း ဖြစ်ကြောင်း နမ္မတူ မြို့မရဲစခန်းမှ သိရသည်။
သတင်း - နေဖြိုးမြင့်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ဆိုက်ခေါင်ကျေးရွာနှင့် အနီးအနားကျေးရွာများမှဒေသခံ(၂၅၀)ခန့်သည် ဒေသအခြေအနေ မတည်ငြိမ်သဖြင့် စစ်ကြိုရှောင်သည့်အနဖြေင့် နမ္မတူမြို့ရှိ ရွှမြေင်သာ ဘုန်းတော်ကြီး ကျောင်းသို့ မေလ (၁၂) ရက်နေ့တွင် ရောက်ရှိလာကြောင်း သိရသည်။
“သူတို့နေထိုင်ဖို့အတွက်က အရင်ကဆောက်ထားတဲ့ စစ်ရှောင်စခန်းအဆောက်အဦတွေလည်း ရှိတယ်။ လတ်တလောအတွက်တော့ အဆင်ပြေသေးတယ်။ ဘယ်လောက်ကြာကြာသူတို့နေမယ်ဆိုတာ မသိရသေးတဲ့ အတွက် စားနပ်ရိက္ခါပဲ အဓိကလိုအပ်မယ်။ ကျန်တဲ့ ရေတို့၊ အိမ်သာတို့ စတာတွေကတော့ ပြည့်ပြည့်စုံစုံ ရှိပါတယ်။ သောက်သုံးရေအတွက်ကတော့ မြို့နယ်ကတာဝန်ရှိသူတွေကလည်း ထောက်ပံ့မှုတွေ ပေးနေပါတယ်” ဟု ရွှမြေင်သာဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ စစ်ရှောင်စခန်း တာဝန်ခံ ဦးအောင်ဆန်းမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
စစ်ကြိုရှောင်လာကြသည့်ဒေသခံများမှာ နမ္မတူမြို့နယ် ဆိုက်ခေါင်ကျေးရွာအုပ်စုမှ ဆိုင်ခေါင်(ဗမာရွာ)၊ နမ္မိုင်းဆော့ရွာ၊ ပန်ဝိုးရွာ၊ ပိန်းလောင်းရွာ၊ ကုန်းဆာရွာ၊ နန့်ကန်ရွာ စသည့်ကျေးရွာများမှ ဒေသခံ အမျိုးသား (၁၂၀)ဦးနှင့် အမျိုးသမီး(၁၃၀)ဦး တို့ဖြစ်ပြီး အဆိုပါကျေးရွာများတွင် လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက် လှုပ်ရှားမှုများရှိနေသည့်အတွက် စစ်ဘေးကြိုတင်တိမ်းရှောင်သည့်အနဖြေင့် ရောက်ရှိလာခြင်း ဖြစ်ကြောင်း နမ္မတူ မြို့မရဲစခန်းမှ သိရသည်။
“မေလ (၁၂) ရက်နေ့ မနက်ပိုင်းလောက်ကနေ စဝင်လာကြတာလို့ပြောရမှာပဲ။ အဲဒီနေ့ ည (၈) နာရီထိ ဝင်ရောက်လာတာကတော့ စုစုပေါင်း (၂၅၀)ဦး ရှိတယ်။ သူတို့ဒေသတွေမှာ နယ်မြေမလုံခြုံလို့ ရွှမြေင်သာ ဘုန်းတော်ကြီးကျောင်းကိုပြေးလာကြတာဖြစ်ပါတယ်”ဟု နမ္မတူမြို့မရဲစခန်းမှ မြို့နယ်ရဲမှူး မြရွှေက ပြောသည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာလမှစတင်၍ နမ္မတူမြို့နယ်အတွင်းရှိ ကျေးရွာငယ်ပေါင်း (၃၀) ကျော်မှ လူဦးရေ (၂၀၀၀) ဝန်းကျင်မှာ နမ္မတူမြို့အတွင်း စစ်ဘေးတိမ်းရှောင်လာကာ စခန်းများဖွင့်လှစ်နေထိုင်ခဲ့ကြပြီး ၂၀၁၇ ခုနှစ် မေလအထိ နမ္မတူမြို့အတွင်း စစ်ဘေးရှောင်ဦးရေ (၅၅၀) ခန့် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~