မိုင္းဆတ္၌ က်င္းပသည့္ စာဖတ္ရိွန္ျမႇင့္တင္ေရး ပုံေျပာၿပိဳင္ပြဲတြက္ ကေလးငယ္ ၁၀ ဦး ပါဝင္ယွဥ္ၿပိဳင္

မိုင္းဆတ္၌ က်င္းပသည့္ စာဖတ္ရိွန္ျမႇင့္တင္ေရး ပုံေျပာၿပိဳင္ပြဲတြက္ ကေလးငယ္ ၁၀ ဦး ပါဝင္ယွဥ္ၿပိဳင္
မေ 29, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ၿမိဳ႕တြင္ ေမလ(၂၉)ရက္ေန႔က နံနက္ပိုင္းက က်င္းပသည့္ စာဖတ္ရွိန္ျမင့္မားေရး ပံုေျပာၿပိဳင္ပြဲသို႔ အသက္(၁၀)ႏွစ္မွ (၁၅)ႏွစ္အတြင္း ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေက်ာင္းျပင္ပ ကေလးငယ္ (၁၀)ဦးတို႔က မိမိႀကိဳက္ႏွစ္သက္ရာ ေခါင္းစဥ္ျဖင့္ ပါ၀င္ ယွဥ္ၿပိဳင္ၾကေၾကာင္း သိရသည္။

''ယခုလို ပုံေျပာၿပိဳင္ပြဲ က်င္းပရတာဟာ ေက်ာင္းေနအရြယ္ ကေလးမ်ားနဲ႔ ေက်ာင္းျပင္ပကေလးေတြ စာဖတ္ခ်င္ စိတ္ရိွလာေအာင္၊ စာဖတ္ျခင္းကေနၿပီးရရိွလာတဲ့ အသိပညာဗဟုသုတေတြနဲ႔ မိမိတို႔ ေလွ်ာက္လွမ္းၾကရမယ့္ ဘဝေတြကို အေကာင္းဆုံးတည္ေဆာက္ႏိုင္ေအာင္နဲ႔ ယခင္မၿပိဳင္ဖူးတဲ့ ကေလးေတြလည္း ယခုလိုၿပိဳင္ပြဲကို လာေရာက္ၾကည့္႐ႈျခင္းအားျဖင့္ မိမိတို႔ကိုယ္တိုင္လည္း ပါ၀င္ယွဥ္ၿပိဳင္ခ်င္စိတ္ေတြ ျဖစ္ေပၚလာေအာင္လည္း က်င္းပ ျပဳလုပ္ေပးရျခင္းျဖစ္ပါတယ္။ ေနာက္လ ေတြမွာလည္း လစဥ္ၿပိဳင္ပြဲေတြ က်င္းပျပဳလုပ္ေပးသြားဦးမွာပါ''ဟု ခ႐ိုင္ ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန ဒုတိယဦးစီးမွဴး ေဒၚနန္းၾကည္ေအးက ေျပာသည္။

အဆိုပါ ပံုေျပာၿပိဳင္ပြဲအား မိုင္းဆတ္ခ႐ိုင္ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနႏွင့္ အျဖဴေရာင္ လူငယ္ပရဟိတအဖြဲ႔တို႔ ပူးေပါင္းစီစဥ္ျခင္းျဖစ္ၿပီး အခမ္းအနားကို အဆိုပါ႐ုံးရိွ Community Center ခန္းမ၌က်င္းပ ျပဳလုပ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲတြင္ ပထမဆုရရိွသူ ေမာင္ဟိန္းထက္ေအာင္အား ေငြက်ပ္(၁၅၀၀၀)တန္ဖိုးရိွ ေစာင္ႏွင့္ ေငြသား က်ပ္(၅၀၀၀)၊ ဒုတိယဆုရရိွသူ မေမသက္ႏွင္းအား ေငြက်ပ္ (၁၀၀၀၀)တန္ဖိုးရိွ ေစာင္ႏွင့္ ေငြသား က်ပ္(၅၀၀၀)၊ တတိယဆုရရိွသူ ေမာင္မိုးျမင့္ေအာင္အား ေငြက်ပ္(၈၀၀၀) တန္ဖိုးရိွ ေစာင္ႏွင့္ေငြသားက်ပ္(၅၀၀၀)တို႔အားအသီးသီးခ်ီးျမႇင့္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ယဥ္၀င္း(Iprd)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့တွင် မေလ(၂၉)ရက်နေ့က နံနက်ပိုင်းက ကျင်းပသည့် စာဖတ်ရှိန်မြင့်မားရေး ပုံပြောပြိုင်ပွဲသို့ အသက်(၁၀)နှစ်မှ (၁၅)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းပြင်ပ ကလေးငယ် (၁၀)ဦးတို့က မိမိကြိုက်နှစ်သက်ရာ ခေါင်းစဉ်ဖြင့် ပါဝင် ယှဉ်ပြိုင်ကြကြောင်း သိရသည်။

''ယခုလို ပုံပြောပြိုင်ပွဲ ကျင်းပရတာဟာ ကျောင်းနေအရွယ် ကလေးများနဲ့ ကျောင်းပြင်ပကလေးတွေ စာဖတ်ချင် စိတ်ရှိလာအောင်၊ စာဖတ်ခြင်းကနပြေီးရရှိလာတဲ့ အသိပညာဗဟုသုတတွေနဲ့ မိမိတို့ လျှောက်လှမ်းကြရမယ့် ဘဝတွေကို အကောင်းဆုံးတည်ဆောက်နိုင်အောင်နဲ့ ယခင်မပြိုင်ဖူးတဲ့ ကလေးတွေလည်း ယခုလိုပြိုင်ပွဲကို လာရောက်ကြည့်ရှုခြင်းအားဖြင့် မိမိတို့ကိုယ်တိုင်လည်း ပါဝင်ယှဉ်ပြိုင်ချင်စိတ်တွေ ဖြစ်ပေါ်လာအောင်လည်း ကျင်းပ ပြုလုပ်ပေးရခြင်းဖြစ်ပါတယ်။ နောက်လ တွေမှာလည်း လစဉ်ပြိုင်ပွဲတွေ ကျင်းပပြုလုပ်ပေးသွားဦးမှာပါ''ဟု ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းကြည်အေးက ပြောသည်။

အဆိုပါ ပုံပြောပြိုင်ပွဲအား မိုင်းဆတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အဖြူရောင် လူငယ်ပရဟိတအဖွဲ့တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး အခမ်းအနားကို အဆိုပါရုံးရှိ Community Center ခန်းမ၌ကျင်းပ ပြုလုပ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ပထမဆုရရှိသူ မောင်ဟိန်းထက်အောင်အား ငွေကျပ်(၁၅၀၀၀)တန်ဖိုးရှိ စောင်နှင့် ငွေသား ကျပ်(၅၀၀၀)၊ ဒုတိယဆုရရှိသူ မမေသက်နှင်းအား ငွေကျပ် (၁၀၀၀၀)တန်ဖိုးရှိ စောင်နှင့် ငွေသား ကျပ်(၅၀၀၀)၊ တတိယဆုရရှိသူ မောင်မိုးမြင့်အောင်အား ငွေကျပ်(၈၀၀၀) တန်ဖိုးရှိ စောင်နှင့်ငွေသားကျပ်(၅၀၀၀)တို့အားအသီးသီးချီးမြှင့်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ယဉ်ဝင်း(Iprd)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~