စီမံကိန္းႏွင္႔ ဘ႑ာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး မေကြးတိုင္းလုပ္ငန္းရွင္မ်ားႏွင္႔ ေတြ႔ဆံု

စီမံကိန္းႏွင္႔ ဘ႑ာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး မေကြးတိုင္းလုပ္ငန္းရွင္မ်ားႏွင္႔ ေတြ႔ဆံု
မေ 30, 2017
By Tachileik News Agency

စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး၊ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ႏွင္႔ လုပ္ငန္းရွင္မ်ား ေမလ(၃၀)ရက္ေန႔က မေကြးၿမိဳ႕တြင္ ေတြ႔ဆံုၿပီး ေဒသတြင္း စီးပြားေရး လုပ္ငန္း ေဖၚေဆာင္မႈမ်ားႏွင့္ ပတ္သက္၍ ေဆြးေႏြးေၾကာင္း သိရသည္။

နိမ္႔က်ေနသည့္ ျမန္မာႏိုင္ငံ၏ စီးပြားေရး ျပန္လည္ဦးေမာ့လာေစေရးအတြက္ စီးပြားေရးလုပ္ငန္းရွင္မ်ား ပူးေပါင္း ေဆာင္ရြက္ၾကရန္ အခမ္းအနားတြင္ စီမံကိန္းႏွင္႔ ဘ႑ာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္ဝင္းက တုိက္တြန္းသြားၿပီး မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳ က ေဒသတြင္း စီးပြားေရး ရင္းႏွီးျမႇပ္ႏွံမႈမ်ားအား  အမ်ိဳးသားလံုျခံဳေရးကိုလည္း ထည့္သြင္း စဥ္းစား ခြင့္ျပဳေပးေနၿပီး စီးပြားေရးလုပ္ငန္းမ်ား ေကာင္းစြာလည္ပတ္ေရးအတြက္ တုိင္းေဒသႀကီးအစုိုးရအေနျဖင့္ ကူညီပံ့ပိုးေပးသြားမည္ျဖစ္ေၾကာင္း ေဆြးေႏြးသည္။

 “ျပည္ေထာင္စုဝန္ႀကီးနဲ႔ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္တို႔ရဲ႕ ေျပာၾကားခ်က္ေတြအေပၚ အလြန္အားရပါ တယ္။ ကၽြန္ေတာ္တို႔လုပ္ငန္းရွင္ေတြအေနနဲ႔လည္း ကိုယ္႔တိုင္း ကိုယ္႔ႏိုင္ငံရဲ႕စီးပြားေရး ျပန္လည္ဦးေမာ႔လာ ေအာင္၊ ႏိုင္ငံတကာမွာ ကၽြန္ေတာ္တို႔ရဲ႕ထုတ္ကုန္ပစၥည္း မ်က္ႏွာပန္းလွေအာင္ တန္ဘိုးျမႇင္႔ထုတ္ကုန္ေတြ အျဖစ္ ထုတ္လုပ္သြားႏိုင္ဖို႔ ႀကိဳးစားၾကရမွာပါ”ဟု မေကြးၿမိဳ႕မွ ဆီထြက္သီးႏွံလုပ္ငန္းရွင္ ဦးထြန္းလွက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ေတြ႔ဆံုပြဲတြင္ အေသးစားအလတ္စားလုပ္ငန္းမ်ားဖံြ႔ၿဖိဳးတိုးတက္ေရးဌာန၊ ရင္းႏွီး ျမွဳပ္ႏွံမႈကုမၸဏီမ်ား ညႊန္ၾကားမႈဦးစီးဌာနႏွင္႔ စားသံုးသူေရးရာဦးစီးဌာနတို႔မွ ရွင္းလင္းတင္ျပျခင္းမ်ားျပဳလုပ္ ၿပီး ဆန္၊ ပဲအမ်ိဳးမ်ိဳးႏွင့္ ဆီထြက္သီးႏွံ၊ ခရီးသြား၊ ေမြးျမဴေရး၊ လက္ယက္ေရနံတြင္းႏွင္႔ သစ္ေတာထြက္၊ အထည္ အလိပ္၊ စက္မႈဇံု စသည္႔လုပ္ငန္းအသီးသီးမွ တင္သြင္းေသာစာတမ္းမ်ားအေပၚ အၾကံေပးအဖဲြ႔မွ အၾကံျပဳေဆြးေႏြးေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လုပ်ငန်းရှင်များ မေလ(၃၀)ရက်နေ့က မကွေးမြို့တွင် တွေ့ဆုံပြီး ဒေသတွင်း စီးပွားရေး လုပ်ငန်း ဖော်ဆောင်မှုများနှင့် ပတ်သက်၍ ဆွေးနွေးကြောင်း သိရသည်။

နိမ့်ကျနေသည့် မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်ကြရန် အခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက တိုက်တွန်းသွားပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ဒေသတွင်း စီးပွားရေး ရင်းနှီးမြှပ်နှံမှုများအား အမျိုးသားလုံခြုံရေးကိုလည်း ထည့်သွင်း စဉ်းစား ခွင့်ပြုပေးနပြေီး စီးပွားရေးလုပ်ငန်းများ ကောင်းစွာလည်ပတ်ရေးအတွက် တိုင်းဒေသကြီးအစိုးရအနဖြေင့် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးသည်။

 “ပြည်ထောင်စုဝန်ကြီးနဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ရဲ့ ပြောကြားချက်တွေအပေါ် အလွန်အားရပါ တယ်။ ကျွန်တော်တို့လုပ်ငန်းရှင်တွေအနေနဲ့လည်း ကိုယ့်တိုင်း ကိုယ့်နိုင်ငံရဲ့စီးပွားရေး ပြန်လည်ဦးမော့လာ အောင်၊ နိုင်ငံတကာမှာ ကျွန်တော်တို့ရဲ့ထုတ်ကုန်ပစ္စည်း မျက်နှာပန်းလှအောင် တန်ဘိုးမြှင့်ထုတ်ကုန်တွေ အဖြစ် ထုတ်လုပ်သွားနိုင်ဖို့ ကြိုးစားကြရမှာပါ”ဟု မကွေးမြို့မှ ဆီထွက်သီးနှံလုပ်ငန်းရှင် ဦးထွန်းလှက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ တွေ့ဆုံပွဲတွင် အသေးစားအလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ရင်းနှီး မြှုပ်နှံမှုကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ရှင်းလင်းတင်ပြခြင်းများပြုလုပ် ပြီး ဆန်၊ ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံ၊ ခရီးသွား၊ မွေးမြူရေး၊ လက်ယက်ရေနံတွင်းနှင့် သစ်တောထွက်၊ အထည် အလိပ်၊ စက်မှုဇုံ စသည့်လုပ်ငန်းအသီးသီးမှ တင်သွင်းသောစာတမ်းများအပေါ် အကြံပေးအဖွဲ့မှ အကြံပြုဆွေးနွေးကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~