မကွေးတွင် လေပြင်းတိုက်သစ်ပင်လဲကျသဖြင့် လူနှစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိ
မကွေးတွင် လေပြင်းတိုက်သစ်ပင်လဲကျသဖြင့် လူနှစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိ
မေ 22, 2017
By Tachileik News Agency
မကွေးမြို့တွင် မေလ (၂၁)ရက်နေ့ညနေက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းများ ကျိုးကျပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပြင်းထန်စွာဒဏ်ရာရသွားသဖြင့် မကွေးမြို့ ပြည်သူ့ဆေးရုံမှ နေပြည်တော်ပြည်သူ့ဆေးရုံနှင့် မန္တလေးပြည်သူ့ဆေးရုံများသို့ ပို့ဆောင်လိုက်ရကြောင်း မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရ သည်။
ဆုံရပ်ကွက်နေသူ မမြတ်နိုးပွင့်မှာ မြစ်ဆိပ်တွင်ရေချိုးရာမှအပြန်လမ်းတွင် လုံးပတ် (၁၁) ပေ၊ အရှည် ပေ (၇၀) ခန့်ရှိ သည့် ညောင်တမာပင် လဲကျရာမှ သစ်ကိုင်းနှင့်ရိုက်မိ၍ ဦးခေါင်းနောက်ဝဲဘက်ခြမ်း၌ ဒဏ်ရာရရှိခဲ့ကာ သိင်္ဂါဂီရိ ရပ်ကွက်နေသူ မောင်ဇော်နောင်ထွန်းမှာ ရွာသစ်ပွဲကြိုရပ်ကွက်ရှိ သူငယ်ချင်းများထံသွားရောက်စဉ် ကျိုးကျ လာသော ဗာဒံပင်ကိုင်းနှင့်ရိုက်မိ၍ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရရှိသွားခြင်းဖြစ်သဖြင့် မကွေးပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေရာမှ မောင်ဇော်နောင်ထွန်းအား နေပြည်တော်ပြည်သူ့ဆေးရုံသို့လည်းကောင်း မမြတ်နိုးပွင့်အား မန္တလေးပြည်သူ့ဆေးရုံသို့လည်းကောင်း အသီးသီးလွှဲပြောင်းပို့ဆောာင်ပေးခဲ့ကြောင်း သိရသည်။
မေလ(၂၁)ရက် ညနေ ၅နာရီအချိန်ခန့်က မိုးသက်လေပြင်းကျရောက်ခဲ့မှုကြောင့် မကွေးမြို့ရှိ နေရာအတော်များများမှ သစ်ပင်များ အမြစ်မှပြိုလဲခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများ ဖြစ်ပွားခဲ့ရာ မြို့ပေါ်ရပ်ကွက်အသီးသီးရှိ လူနေအိမ်(၃၀၀)ကျော်၊ မြသလွန်စေတီတော်မြတ်ကြီး၏ ပရဝဏ်အတွင်းရှိ သာသနိက အဆောက်အဦအချို့နှင့် ကားတစ်စီး၊ဆိုင်ကယ်နှစ်စီးတို့ ပျက်စီးမှုနှင့် ကြုံတွေ့ခဲ့ကြရကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှတ်တမ်းအရ သိရှိရသည်။
သတင်း- #ဖီးနစ်
ဓာတ်ပုံ- #ဦးသက်တင်
~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးမြို့တွင် မေလ (၂၁)ရက်နေ့ညနေက မိုးသက်လပြေင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းများ ကျိုးကျပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပြင်းထန်စွာဒဏ်ရာရသွားသဖြင့် မကွေးမြို့ ပြည်သူ့ဆေးရုံမှ နပြေည်တော်ပြည်သူ့ဆေးရုံနှင့် မန္တလေးပြည်သူ့ဆေးရုံများသို့ ပို့ဆောင်လိုက်ရကြောင်း မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရ သည်။
“ဆုံရပ်ကွက်နေသူ မိန်းကလေးတစ်ဦးနဲ့ သိင်္ဂါဂီရိရပ်ကွက်နေသူ ယောကျာ်းလေးတစ်ဦးတို့ ကျိုးကျတဲ့ သစ်ကိုင်းရိုက်မိတာကြောင့် ဦးခေါင်းတွေမှာ ဒဏ်ရာအသီးသီးရရှိသွားကြပါတယ်။ ကနဦး မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ရာမှာ ဒဏ်ရာအခြေအနေတွေက စိုးရိမ်ရလို့ နပြေည်တော်ပြည်သူ့ ဆေးရုံကိုတစ်ဦး၊ မန္တလေးပြည်သူ့ဆေးရုံကိုတစ်ဦး ဆက်လက်ပို့ဆောင်လိုက်ရပါတယ်”ဟု မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားသည်။
ဆုံရပ်ကွက်နေသူ မမြတ်နိုးပွင့်မှာ မြစ်ဆိပ်တွင်ရေချိုးရာမှအပြန်လမ်းတွင် လုံးပတ် (၁၁) ပေ၊ အရှည် ပေ (၇၀) ခန့်ရှိ သည့် ညောင်တမာပင် လဲကျရာမှ သစ်ကိုင်းနှင့်ရိုက်မိ၍ ဦးခေါင်းနောက်ဝဲဘက်ခြမ်း၌ ဒဏ်ရာရရှိခဲ့ကာ သိင်္ဂါဂီရိ ရပ်ကွက်နေသူ မောင်ဇော်နောင်ထွန်းမှာ ရွာသစ်ပွဲကြိုရပ်ကွက်ရှိ သူငယ်ချင်းများထံသွားရောက်စဉ် ကျိုးကျ လာသော ဗာဒံပင်ကိုင်းနှင့်ရိုက်မိ၍ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရရှိသွားခြင်းဖြစ်သဖြင့် မကွေးပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေရာမှ မောင်ဇော်နောင်ထွန်းအား နပြေည်တော်ပြည်သူ့ဆေးရုံသို့လည်းကောင်း မမြတ်နိုးပွင့်အား မန္တလေးပြည်သူ့ဆေးရုံသို့လည်းကောင်း အသီးသီးလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မေလ(၂၁)ရက် ညနေ ၅နာရီအချိန်ခန့်က မိုးသက်လပြေင်းကျရောက်ခဲ့မှုကြောင့် မကွေးမြို့ရှိ နေရာအတော်များများမှ သစ်ပင်များ အမြစ်မှပြိုလဲခြင်း၊ သစ်ကိုင်းကျိုးကျခြင်းများ ဖြစ်ပွားခဲ့ရာ မြို့ပေါ်ရပ်ကွက်အသီးသီးရှိ လူနေအိမ်(၃၀၀)ကျော်၊ မြသလွန်စေတီတော်မြတ်ကြီး၏ ပရဝဏ်အတွင်းရှိ သာသနိက အဆောက်အဦအချို့နှင့် ကားတစ်စီး၊ဆိုင်ကယ်နှစ်စီးတို့ ပျက်စီးမှုနှင့် ကြုံတွေ့ခဲ့ကြရကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှတ်တမ်းအရ သိရှိရသည်။
သတင်း- #ဖီးနစ်
ဓာတ်ပုံ- #ဦးသက်တင်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~