Update News

တာချီလိတ် - မယ်ဆိုင်အကြား တာချီလိတ်ဘက်ရှိ နယ်ခြားမှတ်တိုင် နှင့် နယ်စပ်ချောင်းအခြေအနေအား ဆပ်ကော်မတီမှ စစ်ဆေး


မြန်မာ - ထိုင်းနယ်စပ် တာချီလိတ် - မယ်ဆိုင်အကြားရှိ မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွဲဝေ အသုံးချရေးနှင့် မြစ်ကြောင်းထိန်းသိမ်းရေးဆိုင်ရာဆပ်ကော်မတီမှ တာဝန်ရှိသူများက မေလ(၁၃)ရက်နေ့ နံနက်(၉)ခွဲဝန်းကျင်အချိန်က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ နယ်စပ်ချောင်းဘေးတွင် နယ်ခြားမှတ်တိုင် စိုက်ထူထားမှု အခြေအနေများနှင့် ချောင်းအနေအထားများကို လိုက်လံ ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထိုသို့သွားရောက်စစ်ဆေးရာတွင် မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွဲဝေအသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးစိုးစိုးဇော် နှင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနများ ပါဝင်ကြပြီး မြန်မာဘက်မှ ချောင်းအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ အဖွဲ့သည် မေလ(၁၂)ရက်နေ့က တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေး ခန်းမတွင် မြန်မာ - ထိုင်း နှစ်နိုင်ငံ နယ်နိမိတ်ဆိုင်ရာ ပူးတွဲကော်မတီ အစည်းအဝေးမှ သဘောတူညီချက်များကို ရှင်းလင်းကြောင်း သိရသည်။

ယင်းဆပ်ကော်မတီမှ နှစ်နိုင်ငံ ကတိက၀တ်များနှင့် အညီ မယ်ဆိုင် - မဲဟောက် ချောင်းရေကို သာတူညီမျှ ခွဲဝေ အသုံးပြုနိုင်ရေးအတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်ရန် ညှိနှိုင်းသဘောတူညီထားရှိကြောင်း သိရသည်။

ဓာတ်ပုံ - Tiger_Wan






~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ် - မယ်ဆိုင်အကြားရှိ မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွေဲဝ အသုံးချရေးနှင့် မြစ်ကြောင်းထိန်းသိမ်းရေးဆိုင်ရာဆပ်ကော်မတီမှ တာဝန်ရှိသူများက မေလ(၁၃)ရက်နေ့ နံနက်(၉)ခွဲဝန်းကျင်အချိန်က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ နယ်စပ်ချောင်းဘေးတွင် နယ်ခြားမှတ်တိုင် စိုက်ထူထားမှု အခြေအနေများနှင့် ချောင်းအနေအထားများကို လိုက်လံ ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထိုသို့သွားရောက်စစ်ဆေးရာတွင် မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွေဲဝအသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးစိုးစိုးဇော် နှင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနများ ပါဝင်ကြပြီး မြန်မာဘက်မှ ချောင်းအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ အဖွဲ့သည် မေလ(၁၂)ရက်နေ့က တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအေဝး ခန်းမတွင် မြန်မာ - ထိုင်း နှစ်နိုင်ငံ နယ်နိမိတ်ဆိုင်ရာ ပူးတွဲကော်မတီ အစည်းအေဝးမှ သဘောတူညီချက်များကို ရှင်းလင်းကြောင်း သိရသည်။

ယင်းဆပ်ကော်မတီမှ နှစ်နိုင်ငံ ကတိကဝတ်များနှင့် အညီ မယ်ဆိုင် - မဲဟောက် ချောင်းရေကို သာတူညီမျှ ခွေဲဝ အသုံးပြုနိုင်ရေးအတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်ရန် ညှိနှိုင်းသဘောတူညီထားရှိကြောင်း သိရသည်။

ဓာတ်ပုံ - Tiger_Wan
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::