မိုင္းျဖတ္ၿမိဳ႕မေစ်း၌ ယာဥ္ရပ္နားခ ေကာက္သူမ်ား ေစ်းဧရိယာျပင္ပတြင္ ေကာက္ခံေန၍ စည္ပင္မွ သတိေပးထား

မိုင္းျဖတ္ၿမိဳ႕မေစ်း၌ ယာဥ္ရပ္နားခ ေကာက္သူမ်ား ေစ်းဧရိယာျပင္ပတြင္ ေကာက္ခံေန၍ စည္ပင္မွ သတိေပးထား
မေ 19, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ မိုင္းျဖတ္ၿမိဳ႕မေစ်းတြင္ စက္ဘီး၊ ဆိုင္ကယ္ရပ္နားခြန္မ်ားအား စည္းကမ္းမဲ့ ေကာက္ယူေနမႈမ်ားရွိေနသည့္ အတြက္ ဘီးခြန္ေကာက္ခံသူမ်ား သတ္မွတ္ဝတ္စံုျဖင့္သာ ဘီးခြန္ေကာက္ခံျခင္းကို ေမလ (၂၂)ရက္ေန႔ေနာက္ဆံုးထား လိုက္နာေဆာင္ရြက္ၾကရန္
ၿမိဳ႕နယ္ စည္ပင္သာယာေရး ေကာ္မတီမွ သတိေပးထားေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ စည္ပင္သာယာ ေကာ္မတီအေနနဲ႔ ယာဥ္အပ္ႏွံခ ေကာက္ခံသူေတြဟာ အခြန္ထမ္း ျပည္သူေတြကို ဆက္ဆံတဲ့အခါ ေျပျပစ္စြာ ဆက္ဆံဖို႔၊ စည္းကမ္းေတြကို လိုက္နာဖို႔ အၿမဲတမ္း ေစာင့္ၾကည့္ၿပီး ေျပာေနတာပါ။ အခုလည္း စည္းကမ္းမဲ့ေနတဲ့အတြက္ သတ္မွတ္ ေနရာအတြင္း ေကာက္ခံဖို႔နဲ႔ ဗီႏိုင္းစေတြ ကပ္ဖို႔ကေတာ့ လုိအပ္ခ်က္အရ ထပ္တိုးကပ္ရန္ အခြန္ထမ္းျပည္သူမ်ားက တုိင္ၾကားခ်က္ ျဖစ္ေပၚလို႔ ေခၚယူေျပာၾကားၿပီး သတ္မွတ္၀တ္စံု၀တ္ၿပီး ေကာက္ခံဖို႔အတြက္ နဲ႔ ကတ္ျပားေတြ ျပဳလုပ္ဖို႔ကို ေမလ (၂၂)ရက္ေန႔ေနာက္ဆံုးထားလုပ္ေဆာင္ဖို႔မွာထားပါတယ္ ” ဟု စည္ပင္သာယာေရး ေကာ္မတီအတြင္းေရးမွဴး၊ ၿမိဳ႕နယ္အမႈေဆာင္အရာရွိ ဦးတိုးေဇာ္ထြန္း က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

လက္ရိွတြင္ စက္ဘီး၊ ဆိုင္ကယ္မ်ား ရပ္နားခြန္ေကာက္ခံေနေသာ္လည္း အေထာက္အထား လက္မွတ္ျဖင့္ ေကာက္ခံျခင္း မဟုတ္သည့္အတြက္ ေစ်းသို႔လာေရာက္သူမ်ားႏွင့္ ေစ်းအနီးရွိဆိုင္မ်ားသို႔ ေခတၱ၊ ခဏ လာေရာက္သူမ်ားအတြက္ အဆင္မေျပမႈမ်ား ရွိေနရေၾကာင္း သိရသည္။

"ကၽြန္မေစ်းေရွ႕ ဆိုင္ကယ္ရပ္ၿပီး ေစ်း၀ယ္ပါတယ္ ။ ဆိုင္ကယ္ရပ္တဲ့အခါ လက္ခံထားေၾကာင္း ဘာအေထာက္ အထားမွ မေပးဘဲ ေစ်း၀ယ္ၿပီးျပန္ထြက္လာတဲ့အခါ ဆိုင္ကယ္အပ္ႏွံခလို႔ေျပာၿပီး ေငြႏွစ္ရာက်ပ္ ေကာက္တဲ့အတြက္ ကၽြန္မေပးခဲ့ပါတယ္ ။ ေဆးတစ္မ်ဳိး၀ယ္ဖို႔က်န္ေသးလို႔ ကၽြန္မေဆး၀ယ္ေနက်  ေစ်းနဲ႔ခပ္လွမ္းလွမ္းေဆးဆိုင္မွာ ေဆး၀ယ္ၿပီး ျပန္ထြက္လာေတာ့ ေနာက္ထပ္တစ္ခါ ဆိုင္ကယ္နားလာၿပီး ဆိုင္ကယ္အပ္ႏွံခဆိုၿပီးေတာ့ ေငြႏွစ္ရာလာေတာင္းပါတယ္။ ကၽြန္မကေစ်းေရွ႕မွာ ေပးခဲ့ပါၿပီဆိုေတာ့ ခုနက ေငြႏွစ္ရာလာေကာက္တဲ့ အမ်ဳိးသမီးက ကၽြန္မကို ဆဲဆိုၿပီးထြက္သြားပါတယ္" ဟု ဆုိင္ကယ္ျဖင့္ေစ်း၀ယ္လာသူ ေဒၚထီးေလက ေျပာသည္။

ဘီးခြန္ေကာက္ခံျခင္းအား ေစ်းဧရိယာျပင္ပေနရာမ်ားတြင္ပါ လုပ္ေဆာင္ေနၿပီး စက္ဘီး၊ ဆိုင္ကယ္ ရပ္နားခမ်ားအား လိုက္လံေကာက္ခံျခင္း၊ မေခ်မငံ ေျပာဆိုဆက္ဆံျခင္းမ်ားရွိသည့္ အတြက္ ေစ်းသို႔ လာေရာက္သူမ်ား ၊ ေစ်းအနီးရွိ ဆိုင္မ်ားသို႔လာေရာက္သူမ်ားႏွင့္ မၾကာခဏစကားမ်ားရေလ့ရွိေၾကာင္း ေစ်းဝယ္သူအခ်ိဳ႕ထံမွ သိရသည္။

“ ကၽြန္မအိမ္ဆိုရင္ ေစ်းကထြက္လာၿပီး လမ္းေကြ႔တစ္ခုေက်ာ္ပါၿပီ။ ကၽြန္မေယာင္းမက ကၽြန္မအိမ္လာေတာ့ ဆိုင္ကယ္ကို အိမ္ၿခံစည္း႐ိုးတံခါး၀မွာရပ္ထားခဲ့ပါတယ္။ မိသားစုေတြနဲ႔စကားေျပာၿပီး ျပန္ထြက္ေတာ့ ေစ်းဧရိယာနဲ႔ ဘာမွမဆိုင္ဘဲ ဆိုင္ကယ္ရပ္နားခြန္ ေငြႏွစ္ရာက်ပ္ဆိုၿပီး လာေကာက္ေတာ့ စကားမ်ားျဖစ္ပါေသးတယ္ ” ဟု အမည္မေဖာ္လိုသူ အမ်ဳိးသမီးတစ္ဦးက ေျပာသည္။

စက္ဘီး၊ ဆိုင္ကယ္ရပ္နားခကို ျပည္ေထာင္စုလမ္းမတစ္ေလွ်ာက္ သစၥာလမ္းထိပ္မွ စြယ္ေတာ္လမ္း ထိပ္အထိ ေကာက္ခံရန္ မိုင္းျဖတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီမွ ထုတ္ျပန္ထားၿပီး စက္ဘီး တစ္စီးလွ်င္(၁၀၀)က်ပ္၊ ဆိုင္ကယ္တစ္စီးလွ်င္(၂၀၀)က်ပ္၊ လက္တြန္းလွည္းတစ္စီးလွ်င္(၁၀၀)က်ပ္၊ ေမာ္ေတာ္ ယာဥ္၊ ေထာ္လာဂ်ီ၊ အီတန္ တစ္စီးလွ်င္(၅၀၀)က်ပ္ ျဖင့္ ႏႈန္းထားသတ္မွတ္ထားေၾကာင္း သိရွိရသည္။

လိုင္စင္အားရရွိ ထားသူသည္ ယာဥ္ရပ္နားခေကာက္ခံသည့္ လုပ္ငန္း လုပ္ကိုင္မည့္လုပ္သား စာရင္းကို စည္ပင္သာယာေရးေကာ္မတီသို႔ တင္ျပရမည္ျဖစ္ၿပီး သတ္မွတ္ထားေသာ ၀တ္စံုႏွင့္ေကာက္ခံ ျခင္း၊ လာေရာက္ အပ္ႏွံေသာ စက္ဘီး၊ ဆုိင္ကယ္မ်ားကို စနစ္တက် လက္ခံထားၿပီး အကယ္၍ ေပ်ာက္ဆံုး သြားျခင္း၊ လဲလွယ္သြားျခင္း၊ မွားယြင္းေပးမိျခင္းစသည့္ ခ်ဳိ႕ယြင္းခ်က္မ်ား တစ္စံုတစ္ရာျဖစ္ေပၚလာပါက လိုင္စင္ရ႐ွိသူမွ တာ၀န္ယူ ေျဖရွင္းေပးရန္ ၿမိဳ့နယ္စည္ပင္မွ စည္းကမ္းသတ္မွတ္ထားေၾကာင္း သိရသည္

သတင္း/ဓာတ္ပံု - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့မဈေးတွင် စက်ဘီး၊ ဆိုင်ကယ်ရပ်နားခွန်များအား စည်းကမ်းမဲ့ ကောက်ယူနေမှုများရှိနေသည့် အတွက် ဘီးခွန်ကောက်ခံသူများ သတ်မှတ်ဝတ်စုံဖြင့်သာ ဘီးခွန်ကောက်ခံခြင်းကို မေလ (၂၂)ရက်နေ့နောက်ဆုံးထား လိုက်နာဆောင်ရွက်ကြရန်
မြို့နယ် စည်ပင်သာယာရေးကော်မတီမှ သတိပေးထားကြောင်း သိရသည်။

“ကျွန်တော်တို့ စည်ပင်သာယာကော်မတီအနေနဲ့ ယာဉ်အပ်နှံခ ကောက်ခံသူတွေဟာ အခွန်ထမ်း ပြည်သူတွေကို ဆက်ဆံတဲ့အခါ ပြပြေစ်စွာ ဆက်ဆံဖို့၊ စည်းကမ်းတွေကို လိုက်နာဖို့ အမြဲတမ်း စောင့်ကြည့်ပြီး ပြောနေတာပါ။ အခုလည်း စည်းကမ်းမဲ့နေတဲ့အတွက် သတ်မှတ် နေရာအတွင်း ကောက်ခံဖို့နဲ့ ဗီနိုင်းစတွေ ကပ်ဖို့ကတော့ လိုအပ်ချက်အရ ထပ်တိုးကပ်ရန် အခွန်ထမ်းပြည်သူများက တိုင်ကြားချက် ဖြစ်ပေါ်လို့ ခေါ်ယူပြောကြားပြီး သတ်မှတ်ဝတ်စုံဝတ်ပြီး ကောက်ခံဖို့အတွက် နဲ့ ကတ်ပြားတွေ ပြုလုပ်ဖို့ကို မေလ (၂၂)ရက်နေ့နောက်ဆုံးထားလုပ်ဆောင်ဖို့မှာထားပါတယ် ” ဟု စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူး၊ မြို့နယ်အမှုဆောင်အရာရှိ ဦးတိုးဇော်ထွန်း က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

လက်ရှိတွင် စက်ဘီး၊ ဆိုင်ကယ်များ ရပ်နားခွန်ကောက်ခံနေသော်လည်း အထောက်အထား လက်မှတ်ဖြင့် ကောက်ခံခြင်း မဟုတ်သည့်အတွက် ဈေးသို့လာရောက်သူများနှင့် ဈေးအနီးရှိဆိုင်များသို့ ခေတ္တ၊ ခဏ လာရောက်သူများအတွက် အဆင်မပြေမှုများ ရှိနေရကြောင်း သိရသည်။

"ကျွန်မဈေးရှေ့ ဆိုင်ကယ်ရပ်ပြီး ဈေးဝယ်ပါတယ်။ ဆိုင်ကယ်ရပ်တဲ့အခါ လက်ခံထားကြောင်း ဘာအထောက် အထားမှ မပေးဘဲ ဈေးဝယ်ပြီးပြန်ထွက်လာတဲ့အခါ ဆိုင်ကယ်အပ်နှံခလို့ပြောပြီး ငွေနှစ်ရာကျပ် ကောက်တဲ့အတွက် ကျွန်မပေးခဲ့ပါတယ်။ ဆေးတစ်မျိုးဝယ်ဖို့ကျန်သေးလို့ ကျွန်မဆေးဝယ်နေကျ ဈေးနဲ့ခပ်လှမ်းလှမ်းဆေးဆိုင်မှာ ဆေးဝယ်ပြီး ပြန်ထွက်လာတော့ နောက်ထပ်တစ်ခါ ဆိုင်ကယ်နားလာပြီး ဆိုင်ကယ်အပ်နှံခဆိုပြီးတော့ ငွေနှစ်ရာလာတောင်းပါတယ်။ ကျွန်မကဈေးရှေ့မှာ ပေးခဲ့ပါပြီဆိုတော့ ခုနက ငွေနှစ်ရာလာကောက်တဲ့ အမျိုးသမီးက ကျွန်မကို ဆဲဆိုပြီးထွက်သွားပါတယ်" ဟု ဆိုင်ကယ်ဖြင့်ဈေးဝယ်လာသူ ဒေါ်ထီးလေက ပြောသည်။

ဘီးခွန်ကောက်ခံခြင်းအား ဈေးဧရိယာပြင်ပနေရာများတွင်ပါ လုပ်ဆောင်နပြေီး စက်ဘီး၊ ဆိုင်ကယ် ရပ်နားခများအား လိုက်လံကောက်ခံခြင်း၊ မချေမငံ ပြောဆိုဆက်ဆံခြင်းများရှိသည့် အတွက် ဈေးသို့ လာရောက်သူများ၊ ဈေးအနီးရှိ ဆိုင်များသို့လာရောက်သူများနှင့် မကြာခဏစကားများရလေ့ရှိကြောင်း ဈေးဝယ်သူအချို့ထံမှ သိရသည်။

“ ကျွန်မအိမ်ဆိုရင် ဈေးကထွက်လာပြီး လမ်းကွေ့တစ်ခုကျော်ပါပြီ။ ကျွန်မယောင်းမက ကျွန်မအိမ်လာတော့ ဆိုင်ကယ်ကို အိမ်ခြံစည်းရိုးတံခါးဝမှာရပ်ထားခဲ့ပါတယ်။ မိသားစုတွေနဲ့စကားပြောပြီး ပြန်ထွက်တော့ ဈေးဧရိယာနဲ့ ဘာမှမဆိုင်ဘဲ ဆိုင်ကယ်ရပ်နားခွန် ငွေနှစ်ရာကျပ်ဆိုပြီး လာကောက်တော့ စကားများဖြစ်ပါသေးတယ် ” ဟု အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောသည်။

စက်ဘီး၊ ဆိုင်ကယ်ရပ်နားခကို ပြည်ထောင်စုလမ်းမတစ်လျှောက် သစ္စာလမ်းထိပ်မှ စွယ်တော်လမ်း ထိပ်အထိ ကောက်ခံရန် မိုင်းဖြတ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားပြီး စက်ဘီး တစ်စီးလျှင်(၁၀၀)ကျပ်၊ ဆိုင်ကယ်တစ်စီးလျှင်(၂၀၀)ကျပ်၊ လက်တွန်းလှည်းတစ်စီးလျှင်(၁၀၀)ကျပ်၊ မော်တော် ယာဉ်၊ ထော်လာဂျီ၊ အီတန် တစ်စီးလျှင်(၅၀၀)ကျပ် ဖြင့် နှုန်းထားသတ်မှတ်ထားကြောင်း သိရှိရသည်။

လိုင်စင်အားရရှိ ထားသူသည် ယာဉ်ရပ်နားခကောက်ခံသည့် လုပ်ငန်း လုပ်ကိုင်မည့်လုပ်သား စာရင်းကို စည်ပင်သာယာရေးကော်မတီသို့ တင်ပြရမည်ဖြစ်ပြီး သတ်မှတ်ထားသော ဝတ်စုံနှင့်ကောက်ခံ ခြင်း၊ လာရောက် အပ်နှံသော စက်ဘီး၊ ဆိုင်ကယ်များကို စနစ်တကျ လက်ခံထားပြီး အကယ်၍ ပျောက်ဆုံး သွားခြင်း၊ လဲလှယ်သွားခြင်း၊ မှားယွင်းပေးမိခြင်းစသည့် ချို့ယွင်းချက်များ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက လိုင်စင်ရရှိသူမှ တာဝန်ယူ ဖြေရှင်းပေးရန် မြို့နယ်စည်ပင်မှ စည်းကမ်းသတ်မှတ်ထားကြောင်း သိရသည်

သတင်း/ဓာတ်ပုံ - ကိုသာ  

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~