မိုင္းျဖတ္ၿမိဳ႕နယ္ လမ္းဦးစီးဌာနက ျပည္နယ္လႊတ္ေတာ္ဘတ္ဂ်က္ျဖင့္ ေဆာင္ရြက္မႈမ်ားအား ရွင္းလင္း

မိုင္းျဖတ္ၿမိဳ႕နယ္ လမ္းဦးစီးဌာနက ျပည္နယ္လႊတ္ေတာ္ဘတ္ဂ်က္ျဖင့္ ေဆာင္ရြက္မႈမ်ားအား ရွင္းလင္း
မေ 13, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခရိုင္ မိုင္းျဖတ္ၿမိဳ႕နယ္လမ္းဦးစီးဌာန၏ ၂၀၁၇ -၂၀၁၈ ဘ႑ာေရးႏွစ္ အတြင္း တာဝန္ယူေဆာင္ရြက္မည့္ လမ္းတံတားလုပ္ငန္းမ်ား အေၾကာင္းအား လႊတ္ေတာ္ကိုယ္စားလွယ္၊ အုပ္ခ်ဳပ္ေရးဌာနႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ားအား ေမလ (၁၃)ရက္ေန႔ နံနက္ပိုင္းကက ရွင္းလင္းတင္ျပေၾကာင္း သိရသည္။

''ကြ်န္ေတာ္တို႔ လမ္းဦးစီးဌာနအေနနဲ႔ ျပည္နယ္ရန္ပံုေငြကေန ခြဲေဝခ်ထားေပးတဲ့ မိုင္းဆတ္ - မိုင္းခုတ္ -မိုင္းျဖတ္ လမ္းနဲ႔ ပန္လီ - ဘူရွီး - တာခ်ီလိတ္ လမ္းမ်ားမွာ ကတၱရာခင္းတာတို႔ ေဘလီတံတား တည္ေဆာက္တာတို႔ သာမန္ျပဳျပင္ထိန္းသိမ္းျခင္း လုပ္ငန္းတို႔ ျပဳလုပ္သြားမွာျဖစ္ပါတယ္ '' ဟု လမ္းဦးစီးဌာန မွ ဦးစီးအရာရွိ ဦးတင္မိုး က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မိုင္းဆတ္ - မိုင္းခုတ္ - မိုင္းျဖတ္လမ္းအတြက္ ၂၀၁၇ - ၂၀၁၈ ဘ႑ာေရးႏွစ္ လ်ာထားရန္ပံုေငြ က်ပ္သန္း(၄၂၇.၅၀၀)ႏွင့္ ျပင္ဆင္ထိန္းသိမ္းျခင္းအတြက္ က်ပ္သန္းေပါင္း (၄၉၇.၇၅၀)ခြင့္ျပဳထားၿပီး ပန္လီ-ဘူရွီး-တာခ်ီလိတ္လမ္းအတြက္ ျပင္ဆင္ထိန္းသိမ္းျခင္းလ်ာထားေငြက်ပ္သန္းေပါင္း (၂၅၀.၅၀၀) ခြင့္ျပဳထားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါရွင္းလင္းပြဲသို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖစ္သည့္ ဦးစိုင္းေက်ာက္ ႏွင့္ ဦးအားကို ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးလိႈင္ႏွင့္ ေကာ္မတီဝင္မ်ား၊ ႏိုင္ငံေရးပါတီမ်ားမွ တာဝန္ရွိသူမ်ား ၿမိဳ႕မိ / ၿမိဳ႕ဖ မ်ားတက္ေရာက္ ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်လမ်းဦးစီးဌာန၏ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ် အတွင်း တာဝန်ယူဆောင်ရွက်မည့် လမ်းတံတားလုပ်ငန်းများ အကြောင်းအား လွှတ်တော်ကိုယ်စားလှယ်၊ အုပ်ချုပ်ရေးဌာနနှင့် မြို့မိမြို့ဖများအား မေလ (၁၃)ရက်နေ့ နံနက်ပိုင်းကက ရှင်းလင်းတင်ပြကြောင်း သိရသည်။

''ကျွန်တော်တို့ လမ်းဦးစီးဌာနအနေနဲ့ ပြည်နယ်ရန်ပုံငွေကနေ ခွဲဝေချထားပေးတဲ့ မိုင်းဆတ် - မိုင်းခုတ် -မိုင်းဖြတ် လမ်းနဲ့ ပန်လီ - ဘူရှီး - တာချီလိတ် လမ်းများမှာ ကတ္တရာခင်းတာတို့ ဘေလီတံတား တည်ဆောက်တာတို့ သာမန်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းတို့ ပြုလုပ်သွားမှာဖြစ်ပါတယ် '' ဟု လမ်းဦးစီးဌာန မှ ဦးစီးအရာရှိ ဦးတင်မိုး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းဆတ် - မိုင်းခုတ် - မိုင်းဖြတ်လမ်းအတွက် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် လျာထားရန်ပုံငွေ ကျပ်သန်း(၄၂၇.၅၀၀)နှင့် ပြင်ဆင်ထိန်းသိမ်းခြင်းအတွက် ကျပ်သန်းပေါင်း (၄၉၇.၇၅၀)ခွင့်ပြုထားပြီး ပန်လီ-ဘူရှီး-တာချီလိတ်လမ်းအတွက် ပြင်ဆင်ထိန်းသိမ်းခြင်းလျာထားငွေကျပ်သန်းပေါင်း (၂၅၀.၅၀၀) ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါရှင်းလင်းပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်းကျောက် နှင့် ဦးအားကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်နှင့် ကော်မတီဝင်များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ မြို့မိ / မြို့ဖ များတက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~