မိုင္းျဖတ္တြင္ လမ္းမေဘး၌ ရပ္ထားသည့္ ေထာ္လာဂ်ီအား ၀င္တိုက္မိ၍ အမ်ဳိးသားတစ္ဦး ေသဆံုး

မိုင္းျဖတ္တြင္ လမ္းမေဘး၌ ရပ္ထားသည့္ ေထာ္လာဂ်ီအား ၀င္တိုက္မိ၍ အမ်ဳိးသားတစ္ဦး ေသဆံုး
မေ 15, 2017
By Tachileik News Agency

တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္ ယမ္းခမ္းေက်းရြာအတြင္း၊ တာခ်ီလိတ္ - က်ဳိင္းတံုသြားလမ္းေဘးတြင္ ရပ္တန္႔ထားသည့္ ေထာ္လာဂ်ီအား ဆိုင္ကယ္ျဖင့္ အရွိန္အထိန္းႏိုင္ဘဲ ၀င္တိုက္မိရာမွ ဆိုင္ကယ္ ေမာင္းလာသူ အမ်ဳိးသားတစ္ဦး ေနရာတြင္ပင္ ဒဏ္ရာျဖင့္ ေသဆံုးသြားေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္ ယမ္းခမ္းေက်းရြာအတြင္း တာခ်ီလိတ္ - က်ဳိင္းတံုသြားလမ္း ျပည္ေထာင္စု လမ္းမႀကီး ေဘးတြင္ တာခ်ီလိတ္ဘက္မွ က်ဳိင္းတံုသို႔ ဦးတည္ရပ္ထားသည့္ ေထာ္လာဂ်ီ(လူမရွိ)ယာဥ္အား တာခ်ီလိတ္ ဘက္မွ မိုင္းျဖတ္ဘက္သို႔ အသက္(၅၂)ႏွစ္ရွိ အိုက္ခိုသည္ ေမာင္းႏွင္လာစဥ္ အရွိန္မထိန္းႏိုင္ဘဲ ၀င္တိုက္မိရာမွ ၎သည္ ယာမ်က္ခံုး(၁)လက္မခန္႔ ေပါက္ၿပဲဒဏ္ရာ တစ္ခ်က္၊ ေမွးေစ့တည့္တည့္ ေပါက္ၿပဲဒဏ္ရာ တစ္ခ်က္၊ ၀ဲလက္ပြန္းပဲ့ဒဏ္ရာတစ္ခ်က္ စသည့္ ဒဏ္ရာ အသီးသီး ရရွိထားၿပီး အဆိုပါ ေနရာ၌ပင္ ေသဆံုးသြားမႈ ေမလ(၁၅)ရက္ေန႔ ေန႔လယ္(၂း၄၅)နာရီ၀န္းက်င္အခ်ိန္က ျဖစ္ပြားခဲ့ေၾကာင္း မိုင္းျဖတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ယာဥ္အား မဆင္မျခင္ ေမာင္းႏွင္ၿပီး ေသဆံုးသြားသည့္ အိုက္ခိုအား ဥပေဒအရ မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၁၃/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-ကျဖင့္ အမႈဖြင့္ထားရွိေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ယမ်းခမ်းကျေးရွာအတွင်း၊ တာချီလိတ် - ကျိုင်းတုံသွားလမ်းဘေးတွင် ရပ်တန့်ထားသည့် ထော်လာဂျီအား ဆိုင်ကယ်ဖြင့် အရှိန်အထိန်းနိုင်ဘဲ ဝင်တိုက်မိရာမှ ဆိုင်ကယ် မောင်းလာသူ အမျိုးသားတစ်ဦး နေရာတွင်ပင် ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ် ယမ်းခမ်းကျေးရွာအတွင်း တာချီလိတ် - ကျိုင်းတုံသွားလမ်း ပြည်ထောင်စု လမ်းမကြီး ဘေးတွင် တာချီလိတ်ဘက်မှ ကျိုင်းတုံသို့ ဦးတည်ရပ်ထားသည့် ထော်လာဂျီ(လူမရှိ)ယာဉ်အား တာချီလိတ် ဘက်မှ မိုင်းဖြတ်ဘက်သို့ အသက်(၅၂)နှစ်ရှိ အိုက်ခိုသည် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိရာမှ၎င်းသည် ယာမျက်ခုံး(၁)လက်မခန့် ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ မှေးစေ့တည့်တည့် ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ ဝဲလက်ပွန်းပဲ့ဒဏ်ရာတစ်ချက် စသည့် ဒဏ်ရာ အသီးသီး ရရှိထားပြီး အဆိုပါ နေရာ၌ပင် သေဆုံးသွားမှု မေလ(၁၅)ရက်နေ့ နေ့လယ်(၂း၄၅)နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း မိုင်းဖြတ်မြို့မရဲစခန်းမှ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင် မောင်းနှင်ပြီး သေဆုံးသွားသည့် အိုက်ခိုအား ဥပဒေအရ မိုင်းဖြတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၁၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်ထားရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~