မိုင္းျဖတ္ ဟိုနားရြာတြင္ ေနအိမ္အတြင္း ၀င္ေရာက္ဖ်က္ဆီးသူကို ႏွစ္ရက္အၾကာတြင္ အမႈဖြင့္

မိုင္းျဖတ္ ဟိုနားရြာတြင္ ေနအိမ္အတြင္း ၀င္ေရာက္ဖ်က္ဆီးသူကို ႏွစ္ရက္အၾကာတြင္ အမႈဖြင့္
မေ 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မုိင္းျဖတ္ၿမိဳ႕နယ္ ဟိုနားေက်းရြာတြင္ ေနအိမ္မီးဖိုအတြင္း ဝင္ေရာက္ ဖ်က္ဆီးသြားသူအား ေမလ (၂၄)ရက္ေန႔က အမႈဖြင့္တုိင္ၾကားလုိက္ေၾကာင္း သိရသည္။

ဟိုနား(လားဟူ)ရြာေန မာရိယာ၏ ေနအိမ္ မီးဖိုေခ်ာင္မွ မီးဖိုေခ်ာင္အသံုးအေဆာင္ပစၥည္းမ်ားျဖစ္သည့္ ေရပံုး၊ ေရဖလား၊ ထမင္းေပါင္းအိုး၊ ဒန္အိုး၊ ေရအိုး၊ ေရခြက္၊ ပန္းကန္ျပားႏွင့္ ေရစည္အား ေမလ (၂၂)ရက္ေန႔က တစ္ရြာထဲေန မာရိယိုဆိုသူက သစ္သားပုဆိန္ရိုးျဖင့္ ရိုက္ခ်ိဳးဖ်က္ဆီးခဲ့ျခင္းေၾကာင့္ ယေန႔ ေမလ(၂၄)ရက္ေန႔တြင္ အမူဖြင့္လိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

ယင္းသို႔ ျပဳလုပ္သည္ကို အေရးယူေပးပါရန္ ေဒၚမာရိယာက မိုင္းျဖတ္ၿမိဳ႕မရဲစခန္းသို႔ လာေရာက္တုိင္တန္းျခင္းျဖစ္သည့္အတြက္ မာရိယိုအား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၇/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၄၅၂/၄၂၇ အရ အမႈဖြင့္ထားေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ဟိုနားကျေးရွာတွင် နေအိမ်မီးဖိုအတွင်း ဝင်ရောက် ဖျက်ဆီးသွားသူအား မေလ (၂၄)ရက်နေ့က အမှုဖွင့်တိုင်ကြားလိုက်ကြောင်း သိရသည်။

ဟိုနား(လားဟူ)ရွာနေ မာရိယာ၏ နေအိမ် မီးဖိုချောင်မှ မီးဖိုချောင်အသုံးအဆောင်ပစ္စည်းများဖြစ်သည့် ရေပုံး၊ ရေဖလား၊ ထမင်းပေါင်းအိုး၊ ဒန်အိုး၊ ရေအိုး၊ ရေခွက်၊ ပန်းကန်ပြားနှင့် ရေစည်အား မေလ (၂၂)ရက်နေ့က တစ်ရွာထဲနေ မာရိယိုဆိုသူက သစ်သားပုဆိန်ရိုးဖြင့် ရိုက်ချိုးဖျက်ဆီးခဲ့ခြင်းကြောင့် ယနေ့ မေလ(၂၄)ရက်နေ့တွင် အမူဖွင့်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပြုလုပ်သည်ကို အရေးယူပေးပါရန် ဒေါ်မာရိယာက မိုင်းဖြတ်မြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခြင်းဖြစ်သည့်အတွက် မာရိယိုအား မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၅၂/၄၂၇ အရ အမှုဖွင့်ထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~