ေဘာလံုးအကယ္ဒမီမ်ားတြင္ ေရြးခ်ယ္ခံရသူမ်ားအနက္ တာခ်ီလိတ္မွ လူငယ္(၄)ဦးပါဝင္

ေဘာလံုးအကယ္ဒမီမ်ားတြင္ ေရြးခ်ယ္ခံရသူမ်ားအနက္ တာခ်ီလိတ္မွ လူငယ္(၄)ဦးပါဝင္
မေ 15, 2017
By Tachileik News Agency

ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္၏ ေဘာလုံးအကယ္ဒမီမ်ားတြင္ ယခုႏွစ္အတြက္ ရွမ္းျပည္နယ္မွွ ေဘာလုံးကစား သမား (၇)ဦး ပညာသင္ၾကားခြင့္ ေရြးခ်ယ္ခံရသည့္အနက္ တာခ်ီလိတ္ၿမိဳ႕မွ (၄)ဦး ပါဝင္ေၾကာင္း သိရသည္။

"ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ ့ခ်ဳပ္ကေနၿပီးေတာ့ ရွမ္း(အေရွ႕)ထဲမွာ က်ိဳင္းတံုနဲ႔ တာခ်ီလိတ္ (၂) ၿမိဳ႕မွာ လူေရြးပြဲလာလုပ္တာ တာခ်ီလိတ္္မွာ (၁၇)ဦးထဲ ကေနၿပီးေတာ့ ပဏာမ (၅)ဦး ေရြးခ်ယ္ခံခဲ့ရတယ္။ က်ိဳင္းတံုမွာေတာ႔ ပဏာမေရြးတဲ႔အထဲမွာ တစ္ေယာက္မွ အေရြးမခံခဲ႔ရဘူး။ ကြၽန္ေတာ္တို႔ဆီက (၅)ဦးထဲမွာ ရန္ကုန္မွာ (၁)ဦး သြားအေရြးခံရတယ္။ မႏၱေလးမွာ (၄)ဦး သြားအေရြးခံရတယ္။ ရန္ကုန္မွာ သြား အေရြးခံရတဲ့ တစ္ေယာက္ကေတာ့ ျပန္လာရတယ္။ မႏၱေလးမွာ သြားအေရြးခံရတဲ့ ကေလး(၄)ေယာက္လုံး ေဘာလုံးအကယ္ဒမီ တက္ခြင့္ရပါတယ္"ဟု အားကစားႏွင့္ ကာယပညာဦးစီးဌာနမွ တာခ်ီလိတ္ၿမိဳ႕နယ္ တာ၀န္ခံ ဦးသန္းလိႈင္က ေျပာသည္။

ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ ့ခ်ဳပ္မွ ဖြင့္လွစ္မည့္ ေဘာလုံးအကယ္ဒမီမ်ားတြင္ ပညာသင္ၾကားခြင့္ ရရိွသူ စာရင္းကို ေမလ (၁၅)ရက္ေန႔က ထုတ္ျပန္ေၾကညာခဲ့ရာ အမ်ိဳးသား ေဘာလုံးအကယ္ဒမီ (ရန္ကုန္)အတြက္ (၂၀၀၅)ခုႏွစ္ ဖြားျမင္သူ လူငယ္ကစားသမား(၃၀)ဦး၊ ျမန္မာ ေဘာလုံးအကယ္ဒမီ (ပုသိမ္)အတြက္ (၂၀၀၆)ႏွင့္ (၂၀၀၇) ခုႏွစ္မ်ားတြင္ ဖြားျမင္သူ လူငယ္ကစားသမား (၂၅)ဦးႏွင့္ (၂၀၀၃)ႏွင့္ (၂၀၀၄) ခုႏွစ္မ်ားတြင္ဖြားျမင္သူ လူငယ္ကစားသမား (၂၀)ဦး၊ ျမန္မာေဘာလုံး အကယ္ဒမီ (မႏၱေလး) အတြက္ (၂၀၀၆)ႏွင့္ (၂၀၀၇) ခုႏွစ္မ်ားတြင္ဖြားျမင္သူ လူငယ္ကစားသမား (၃၁)ဦး စုစုေပါင္း ေက်ာင္းသားဦးေရ (၉၆)ဦးအထိ အကယ္ဒမီေက်ာင္းသားမ်ားအျဖစ္ အတန္းပညာႏွင့္ ေဘာလုံးပညာ တက္ေရာက္ သင္ၾကားရန္ ေရြးခ်ယ္ခံခဲ့ရေၾကာင္း သိရသည္။

ေရြးခ်ယ္ခံရသူမ်ားအနက္ ရွမ္းျပည္နယ္ တာခ်ီလိတ္ၿမိဳ႕မွ (၄)ဦး၊ ေတာင္ႀကီးၿမိဳ႕မွ (၂)ဦးႏွင့္ လားရိႈးၿမိဳ႕မွ (၁)ဦးတို႔ ပါဝင္ျခင္းျဖစ္ေၾကာင္း သိရသည္။

"ေရြးခံရတဲ့ ကေလးေတြက ႏိုင္ငံျခား နည္းျပဆရာေတြနဲ ့ အကယ္ဒမီေက်ာင္းတက္ခြင့္ရမယ္။ ေနာက္ၿပီး အတန္းပညာကအစ အခမဲ့ သင္ခြင့္ရမယ္။ အဂၤလိပ္စာေတြက အစ ေကာင္းေအာင္ သင္ေပးဖို ့ရိွတယ္ဗ်။ သူတို ့ရဲ ့ ပညာေရးလည္း မနိမ့္က်ေအာင္၊ အားကစား အရည္အခ်င္းလည္း မနိမ့္က်ေအာင္ သူတို ့ရဲ ့ ျမန္မာ့လက္ေရြးစင္ သက္တမ္းအလိုက္ေတြ ျဖစ္ေအာင္ဆိုတဲ့ အစီအစဥ္အတိုင္း သြားပါလိမ့္မယ္ဗ်။"ဟု အားကစားႏွင့္ ကာယပညာဦးစီးဌာနမွ တာခ်ီလိတ္ၿမိဳ႕နယ္ တာ၀န္ခံ ဦးသန္းလိႈင္က ေျပာသည္။

အေရြးခ်ယ္ ခံရသည့္ ကစားသမားမ်ားကို အသဲေရာင္အသား၀ါ A၊B၊C ပိုးမ်ား စစ္ေဆးျခင္း၊ ေသြးအား ေကာင္းမြန္ႏႈန္း စစ္ေဆးျခင္း၊ MRI အရိုးဓာတ္မွန္ရိုက္ျခင္းမ်ား ျပဳလုပ္သြားမည္ျဖစ္ၿပီး အဆိုပါ စစ္ေဆးမႈက်ရံႈးသည့္ ကစားသမားမ်ားႏွင့္ အေထာက္အထား စာရြက္စာတမ္းမ်ား အတုအပ ျပဳလုပ္ထားေၾကာင္း စစ္ေဆးေတြ ့ရိွသည့္ ကစားသမားမ်ားမွာ ေဘာလုံးအကယ္ဒမီ တက္ေရာက္ခြင့္ စြန္ ့ လႊတ္ရမည္ ျဖစ္ၿပီး ၎တို ့၏ ေနရာတြင္ အရန္ ေရြးခ်ယ္ခံထားရသည့္ ကစားသမားမ်ားကို ထည့္သြင္းသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ့ေဘာလုံးအကယ္ဒမီမ်ားအတြက္ အကယ္ဒမီ ေက်ာင္းသားအသစ္ ေရြးခ်ယ္ျခင္း အစီအစဥ္ကို တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ျမိဳ ့ေပါင္း(၅၅)ျမိဳ ့တြင္ ေရြးခ်ယ္ခဲ့ျခင္းျဖစ္ရာ လူငယ္ကစားသမား (၂၀၀၀)ေက်ာ္ လာေရာက္အေရြးခံခဲ့ရျပီး ပဏာမကစားသမား (၂၂၉)ဦးထြက္ေပၚလာခဲ့ျပီး ထိုအထဲမွ ေက်ာင္းသားအသစ္ (၉၆)ဦး ေရြးခ်ယ္ခံခဲ့ရျခင္းျဖစ္ျပီး အဆိုပါ ကစားသမားမ်ားကို (၂၀၂၃)ႏွင့္ (၂၀၃၄) ခုႏွစ္မ်ားတြင္ က်င္းပမည့္ အသက္(၁၇)နွစ္ေအာက္ ကမၻာ့ဖလားျပိဳင္ပြဲမ်ားအတြက္ ရည္မွန္းထားေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
ဓာတ္ပံု - ျမန္မာႏိုင္ငံေဘာလံုးအဖြဲ႔ခ်ဳပ္၊ Aya Bank



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဘောလုံးအကယ်ဒမီများတွင် ယခုနှစ်အတွက် ရှမ်းပြည်နယ်မှ ဘောလုံးကစား သမား (၇)ဦး ပညာသင်ကြားခွင့် ရွေးချယ်ခံရသည့်အနက် တာချီလိတ်မြို့မှ (၄)ဦး ပါဝင်ကြောင်း သိရသည်။

"မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကနပြေီးတော့ ရှမ်း(အရှေ့)ထဲမှာ ကျိုင်းတုံနဲ့ တာချီလိတ် (၂) မြို့မှာ လူရွေးပွဲလာလုပ်တာ တာချီလိတ်မှာ (၁၇)ဦးထဲ ကနပြေီးတော့ ပဏာမ (၅)ဦး ရွေးချယ်ခံခဲ့ရတယ်။ ကျိုင်းတုံမှာတော့ ပဏာမရွေးတဲ့အထဲမှာ တစ်ယောက်မှ အရွေးမခံခဲ့ရဘူး။ ကျွန်တော်တို့ဆီက (၅)ဦးထဲမှာ ရန်ကုန်မှာ (၁)ဦး သွားအရွေးခံရတယ်။ မန္တလေးမှာ (၄)ဦး သွားအရွေးခံရတယ်။ ရန်ကုန်မှာ သွား အရွေးခံရတဲ့ တစ်ယောက်ကတော့ ပြန်လာရတယ်။ မန္တလေးမှာ သွားအရွေးခံရတဲ့ ကလေး(၄)ယောက်လုံး ဘောလုံးအကယ်ဒမီ တက်ခွင့်ရပါတယ်"ဟု အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာချီလိတ်မြို့နယ် တာဝန်ခံ ဦးသန်းလှိုင်က ပြောသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဖွင့်လှစ်မည့် ဘောလုံးအကယ်ဒမီများတွင် ပညာသင်ကြားခွင့် ရရှိသူ စာရင်းကို မေလ (၁၅)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)အတွက် (၂၀၀၅)ခုနှစ် ဖွားမြင်သူ လူငယ်ကစားသမား(၃၀)ဦး၊ မြန်မာ ဘောလုံးအကယ်ဒမီ (ပုသိမ်)အတွက် (၂၀၀၆)နှင့် (၂၀၀၇) ခုနှစ်များတွင် ဖွားမြင်သူ လူငယ်ကစားသမား (၂၅)ဦးနှင့် (၂၀၀၃)နှင့် (၂၀၀၄) ခုနှစ်များတွင်ဖွားမြင်သူ လူငယ်ကစားသမား (၂၀)ဦး၊ မြန်မာဘောလုံး အကယ်ဒမီ (မန္တလေး) အတွက် (၂၀၀၆)နှင့် (၂၀၀၇) ခုနှစ်များတွင်ဖွားမြင်သူ လူငယ်ကစားသမား (၃၁)ဦး စုစုပေါင်း ကျောင်းသားဦးရေ (၉၆)ဦးအထိ အကယ်ဒမီကျောင်းသားများအဖြစ် အတန်းပညာနှင့် ဘောလုံးပညာ တက်ရောက် သင်ကြားရန် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

ရွေးချယ်ခံရသူများအနက် ရှမ်းပြည်နယ် တာချီလိတ်မြို့မှ (၄)ဦး၊ တောင်ကြီးမြို့မှ (၂)ဦးနှင့် လားရှိုးမြို့မှ (၁)ဦးတို့ ပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။

"ရွေးခံရတဲ့ ကလေးတွေက နိုင်ငံခြား နည်းပြဆရာတွေနဲ့ အကယ်ဒမီကျောင်းတက်ခွင့်ရမယ်။ နောက်ပြီး အတန်းပညာကအစ အခမဲ့ သင်ခွင့်ရမယ်။ အင်္ဂလိပ်စာတွေက အစ ကောင်းအောင် သင်ပေးဖို့ရှိတယ်ဗျ။ သူတို့ရဲ့ ပညာရေးလည်း မနိမ့်ကျအောင်၊ အားကစား အရည်အချင်းလည်း မနိမ့်ကျအောင် သူတို့ရဲ့ မြန်မာ့လက်ရွေးစင် သက်တမ်းအလိုက်တွေ ဖြစ်အောင်ဆိုတဲ့ အစီအစဉ်အတိုင်း သွားပါလိမ့်မယ်ဗျ။"ဟု အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာချီလိတ်မြို့နယ် တာဝန်ခံ ဦးသန်းလှိုင်က ပြောသည်။

အရွေးချယ် ခံရသည့် ကစားသမားများကို အသဲရောင်အသားဝါ A၊B၊C ပိုးများ စစ်ဆေးခြင်း၊ သွေးအား ကောင်းမွန်နှုန်း စစ်ဆေးခြင်း၊ MRI အရိုးဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ စစ်ဆေးမှုကျရှုံးသည့် ကစားသမားများနှင့် အထောက်အထား စာရွက်စာတမ်းများ အတုအပ ပြုလုပ်ထားကြောင်း စစ်ဆေးတွေ့ရှိသည့် ကစားသမားများမှာ ဘောလုံးအကယ်ဒမီ တက်ရောက်ခွင့် စွန့် လွှတ်ရမည် ဖြစ်ပြီး၎င်းတို့၏ နေရာတွင် အရန် ရွေးချယ်ခံထားရသည့် ကစားသမားများကို ထည့်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဘောလုံးအကယ်ဒမီများအတွက် အကယ်ဒမီ ကျောင်းသားအသစ် ရွေးချယ်ခြင်း အစီအစဉ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့ပေါင်း(၅၅)မြို့တွင် ရွေးချယ်ခဲ့ခြင်းဖြစ်ရာ လူငယ်ကစားသမား (၂၀၀၀)ကျော် လာရောက်အရွေးခံခဲ့ရပြီး ပဏာမကစားသမား (၂၂၉)ဦးထွက်ပေါ်လာခဲ့ပြီး ထိုအထဲမှ ကျောင်းသားအသစ် (၉၆)ဦး ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါ ကစားသမားများကို (၂၀၂၃)နှင့် (၂၀၃၄) ခုနှစ်များတွင် ကျင်းပမည့် အသက်(၁၇)နှစ်အောက် ကမ္ဘာ့ဖလားပြိုင်ပွဲများအတွက် ရည်မှန်းထားကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ Aya Bank

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~