ေရကန္အတြင္း ငါးခိုးဖမ္းရာမွ ေရနစ္ေသဆံုးသည္ဟု ယူဆရေသာအမ်ိဳးသားအေလာင္းတစ္ေလာင္း ေတြ႔ရိွ

ေရကန္အတြင္း ငါးခိုးဖမ္းရာမွ ေရနစ္ေသဆံုးသည္ဟု ယူဆရေသာအမ်ိဳးသားအေလာင္းတစ္ေလာင္း ေတြ႔ရိွ
မေ 16, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး မင္းလွၿမိဳ႕နယ္ ေႂကြကုတင္ ေရနံေမွာ္အနီးရိွ ေရကန္တြင္ ေမလ (၁၆) ရက္ေန႔ နံနက္ (၁၁) နာရီေက်ာ္ခန္႔က ငါးခိုးဖမ္းရာမွ ေရနစ္ေသဆံုးသည္ဟု ယူဆရေသာ အမ်ိဳးသားအေလာင္း တစ္ေလာင္း ေတြ႔ရိွေၾကာင္း ေရနံမနယ္ေျမ ရဲစခန္းမွ သိ႐ွိရသည္။

“ေရကန္အတြင္းမွာ အေလာင္းတစ္ေလာင္း ေတြ႔ရိွေၾကာင္း ေရကန္ပိုင္ရွင္ ဦးမ်ိဳးျမင္႔ရဲ႕ သတင္းေပးပို႔ခ်က္ အရ သြားေရာက္စစ္ေဆးခဲ႔ရာမွာ ေသဆံုးေနသူဟာ ေၾကြကုတင္ေရနံေမွာ္မွာေနထိုင္သူ တင္သိန္းျဖစ္ေၾကာင္း သိရၿပီး သြယ္တန္းထားတဲ႔ ငါးဖမ္းပိုက္နဲ႔အတူ ကမ္းစပ္နဲ႔ သံုးေပေလာက္အကြာ ေရကန္ထဲမွာ ေမွာက္လ်က္အေနအထားနဲ႔ ေတြ႔ရတာပါ”ဟု ေရနံမနယ္ေျမရဲစခန္းမွ စခန္းမွဴး ရဲအုပ္မ်ိဳးမင္းထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မင္းလွၿမိဳ႕နယ္ ေရနံမ (ေတာင္ဘက္ရြာ)ေန ေရကန္ပိုင္႐ွင္ ဦးမ်ိဳးျမင့္က ေႂကြကုတင္ေရနံေမွာ္ ေျမာက္ဘက္ (၄)မိုင္ခန္႔ အကြာ ၄င္းပိုင္ဆိုင္ေသာ ေရကန္အတြင္း၌ အမ်ိဳးသားအေလာင္း တစ္ေလာင္းေတြ႔ရိွေၾကာင္း ရဲစခန္းသို႔ အေၾကာင္းၾကားခဲ့ရာ ေရနံမရဲစခန္းမွ ဒုရဲအုပ္စိုးေအးႏွင့္ ေက်းရြာ အုပ္ခ်ဳပ္ေရး အဖြဲဝင္မ်ား သြားေရာက္ စစ္ေဆးခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေရကန္မွာ အလ်ား (၁၅၀)ေပခန္႔၊ အနံ (၅၀)ေပခန္႔၊ အနက္(၈)ေပခန္႔႐ွိ ေသာက္သံုး ေရကန္ျဖစ္ကာ ကမ္းစပ္တြင္ စူပါေကာ္ဖီမစ္အိတ္ခြံျဖင့္ျပဳလုပ္ထားသည့္ လြယ္အိတ္ (၁)လံုး၊ ျမင္းၾကယ္ ဖိနပ္ အျပာေရာင္(၁)ရံ၊ အဝါေရာင္ဓာတ္မီး(၁)လက္၊ အစိမ္းေရာင္ကြက္စိပ္ ပုဆိုး(၁)ထည္၊ အကၤ်ီလက္တို(၁)ထည္၊ ေရကန္အတြင္း သြယ္တန္းထားေသာ အ႐ွည္(၄၅)ေပခန္႔႐ွိ တစ္လက္မကြင္း ငါးဖမ္းပိုက္တစ္ခုတို႔ကို ေတြ႔ရိွရေၾကာင္း ရဲစခန္းမွတ္တမ္းအရ သိရသည္။

အဆိုပါ ေသဆံုးမႈႏွင့္ပတ္သက္၍ ေရနံမနယ္ေျမရဲစခန္းမွ ေသမႈေသခင္း အမွတ္စဥ္- ၅ /၂၀၁၇ ျဖင့္ အမႈဖြင္႔ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ကြွေကုတင် ရေနံမှော်အနီးရှိ ရေကန်တွင် မေလ (၁၆) ရက်နေ့ နံနက် (၁၁) နာရီကျော်ခန့်က ငါးခိုးဖမ်းရာမှ ရေနစ်သေဆုံးသည်ဟု ယူဆရသော အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိကြောင်း ရေနံမနယ်မြေ ရဲစခန်းမှ သိရှိရသည်။

“ရေကန်အတွင်းမှာ အလောင်းတစ်လောင်း တွေ့ရှိကြောင်း ရေကန်ပိုင်ရှင် ဦးမျိုးမြင့်ရဲ့ သတင်းပေးပို့ချက် အရ သွားရောက်စစ်ဆေးခဲ့ရာမှာ သေဆုံးနေသူဟာ ကြွေကုတင်ရေနံမှော်မှာနေထိုင်သူ တင်သိန်းဖြစ်ကြောင်း သိရပြီး သွယ်တန်းထားတဲ့ ငါးဖမ်းပိုက်နဲ့အတူ ကမ်းစပ်နဲ့ သုံးပေလောက်အကွာ ရေကန်ထဲမှာ မှောက်လျက်အနေအထားနဲ့ တွေ့ရတာပါ”ဟု ရေနံမနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်မျိုးမင်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မင်းလှမြို့နယ် ရေနံမ (တောင်ဘက်ရွာ)နေ ရေကန်ပိုင်ရှင် ဦးမျိုးမြင့်က ကြွေကုတင်ရေနံမှော် မြောက်ဘက် (၄)မိုင်ခန့် အကွာ ၄င်းပိုင်ဆိုင်သော ရေကန်အတွင်း၌ အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိကြောင်း ရဲစခန်းသို့ အကြောင်းကြားခဲ့ရာ ရေနံမရဲစခန်းမှ ဒုရဲအုပ်စိုးအေးနှင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲဝင်များ သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေကန်မှာ အလျား (၁၅၀)ပေခန့်၊ အနံ (၅၀)ပေခန့်၊ အနက်(၈)ပေခန့်ရှိ သောက်သုံး ရေကန်ဖြစ်ကာ ကမ်းစပ်တွင် စူပါကော်ဖီမစ်အိတ်ခွံဖြင့်ပြုလုပ်ထားသည့် လွယ်အိတ် (၁)လုံး၊ မြင်းကြယ် ဖိနပ် အပြာရောင်(၁)ရံ၊ အဝါရောင်ဓာတ်မီး(၁)လက်၊ အစိမ်းရောင်ကွက်စိပ် ပုဆိုး(၁)ထည်၊ အင်္ကျီလက်တို(၁)ထည်၊ ရေကန်အတွင်း သွယ်တန်းထားသော အရှည်(၄၅)ပေခန့်ရှိ တစ်လက်မကွင်း ငါးဖမ်းပိုက်တစ်ခုတို့ကို တွေ့ရှိရကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ရေနံမနယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်- ၅ /၂၀၁၇ ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~